သတင်း

သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲ

သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲ မန္တလေး ခုနစ်မြို့နယ်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြသော သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယနေ့ သီတင်းကျွတ်လ်ဆုတ် ၃ရက်(12.10.2022)ရက်နေ့ မနက် ၈:၀၀နာရီမှာ ကျင်းပခဲ့ပါတယ်။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး သက်တော် ၈၀ပြည့်ပြီး သိက္ခာတော် ဝါခြောက်ဆယ် ရရှိပြီးသား ဆရာတော်ကြီးများအား ပင့်ဆောင်ပူဇော်ခြင်း ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ်၊ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ အလှူရှင်များကတော့ ဓမ္မသဟာယနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ၏ ဒါယကာ၊ ဒါယိကာမများ ဖြစ်ပါတယ်။ အခမ်းအနားမှာ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော တပည့် ဒါယကာ၊ ဒါယကာမများက သက်တော်ရှည်ဆရာတော်ကြီးများအား သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးဦးချကြပြီး ဆရာတော်ကြီးများကိုယ်စား ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက ဆုပေးကာ အခြားဆရာတော်ကြီး တစ်ပါးက သြ၀ါဒပေးတော်မူပါတယ်။ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသက ရေစက်ချတရားဟောကြားတော်မူခဲ့ပါတယ်။ မန္တလေး ခုနစ်မြို့နယ်ရှိ သက်တော်ရှည် ဆရာတော်ကြီးများမှာ အမရပူရမြို့နယ်မှ ၉ပါး၊ ပြည်ကြီးတံခွန် မြို့နယ်မှ ၁ပါး၊ အောင်မြေသာစံမြို့နယ်မှ ၂၆ပါး၊ ချမ်းမြသာစည်မြို့နယ်မှ ၂၉ပါး၊ ချမ်းအေးသာစံမြို့နယ်မှ ၅၁ပါး၊ မဟာအောင်မြေမြို့နယ်မှ ၄၄ပါး၊ ပုသိမ်ကြီးမြို့နယ်မှ ၁၁ပါး စုစုပေါင်း ၁၇၁ပါး ဖြစ်ပါတယ်။ ယနေ့ အခမ်းအနားကြွရောက်ချီးမြှောက်ကြသော ဆရာတော်ကြီးများကတော့ အပါးငါးဆယ် ဖြစ်ပါတယ်။ သက်တော်ရှည်ဆရာတော်ကြီးများအား မနက်အစော ဓာတ်စာနှင့်သစ်သီးများ ဆက်ကပ်ခြင်း၊ အခမ်းအနားကျင်းပခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း၊ နဝကမ္မတစ်သိန်းကျပ်စီနှင့် သင်္ကန်းဒွိစုံ လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။ မျက်စဉ်း၊ ရှုဆေးနှင့် အမှတ်တရ ယပ်တောင်များလည်း လှူဒါန်းကြပါတယ်။ အလှူရှင်များကတော့ – ဒေါ်အေးအေးသိန်း၊ ယွန်းဝတီရွှေဆိုင် မိသားစု မော်လမြိုင်၊ – ဦးတင်မောင်ဝင်း+ဒေါ်ဌေး ရွှေအိမ် မိသားစု နေပြည်တော်၊ – ဦးသန့်ဇင်+ဒေါ်ခင်ညိုညို အေဝမ်း သင်္ကန်းတိုက်၊ နေပြည်တော်၊ – ဦးကျော်နိုင်+ဒေါ်သန်းသန်းဌေး သင်္ဂီပေါ်ဆန်း မိသားစု၊ နေပြည်တော်၊ – ဦးတင်လင်းထိုက်+ဒေါ်ပွင့်ဝါစိုး မိသားစု သာကေတမြို့နယ်၊ ရန်ကုန်။ – ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော်(မော်မော်ရွှေဆိုင်)မိသားစု၊ ရွှေပြည်သာမြို့နယ်၊ရန်ကုန်။ ဦးစိုးသိန်း မိသားစု မန္တလေးနှင့် အလှူရှင်အများအပြား ပါဝင်ပါတယ်။ ပူဇော်ပွဲရဲ့ အမာခံ အလှူရှင်ကတော့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်) မိသားစု မော်လမြိုင်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျင်းပခြင်းဟာ ပထမအကြိမ်ဖြစ်ပြီး နှစ်စဉ်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ကြီးများလည်း ကျန်းမာစွာ သက်တော်ရှည်ကြပါစေ။ အလှူရှင်များလည်း ကျန်းမာ ချမ်းသာစွာ သာသနာတော်ကို ထောက်ပံ့လှူဒါန်းနိုင် ပါစေသော်ဝ်။