သတင္း

ဝါဆိုသကၤန္းကပ္အလွဴ

ဒုတိယဝါဆိုလဆန္း ၃ ရက္၊ 15.7.2018 ရက္ေန႔၊ မနက္ ၆း၀၀ နာရီ၊ မႏၲေလး ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္၊ ၅၈ လမ္း၊ ညည ၂၁၊ အိမ္အမွတ္ ၉/၁၀(ခ) ဦးစုိးဝင္း+ေဒၚတင္ပပ မိသားစုရဲ႕ ဝါဆိုသကၤန္းကပ္အလွဴပြဲေလးပါ။

အရုဏ္ဆြမ္းကပ္ၿပီး အႏုေမာဒနာတရား နာယူၾကပါတယ္။ စာေရးသူရဲ႕ ဆြမ္းဒကာ ဆြမ္းဒကာမမ်ားရဲ႕ မိတ္ေဆြမိသားစုျဖစ္ပါတယ္။ ဆြမ္းဒကာ ဒကာမမ်ားလည္း လာေရာက္ကုသုိလ္ယူၾကပါတယ္။

စီးပြားေရးေတြၾကပ္တည္းၾကတယ္ၾကားရလုိ႔ စီးပြားေရးမေျပလည္သူေတြၾကားမွာ ေျပလည္သူေတြျဖစ္ေစဖုိ႔ ဘုရားတရား အားထားတတ္ေအာင္ နေမာတႆေဆာင္ထားၾကဖုိ႔ ေဟာၾကားခဲ့ပါတယ္။

နေမာတႆဘုရားရွိခုိးဂါထာေတာ္ႀကီးကို ကေလးေတြေတာင္ရတယ္ဆိုၿပီး အထင္မေသးဖုိ႔ တေလးတစားနဲ႔ အခ်ိန္သတ္သတ္မွတ္မွတ္ေပးၿပီး ကမၼ႒ာန္းတစ္ခုလို ပြားမ်ားၾကဖုိ႔ တုိက္တြန္းခဲ့တာပါ။

အရဟံဂုဏ္ေတာ္ပြား လာဘ္မ်ား၍ တုိးသေရ

သမၺဳေဒၶ ပြားေလက ဉာဏ္သြား

ဘဂဝါက ဘုန္းကံထူသည္ မုန္းရန္သူ ရွိဘူးတဲ့ေလး…။

ဝီရသူ (မစုိးရိမ္)

16.7.2018

 

“ဝါဆိုသင်္ကန်းကပ်အလှူ”

ဒုတိယဝါဆိုလဆန်း ၃ ရက်၊ 15.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်း၊ ညည ၂၁၊ အိမ်အမှတ် ၉/၁၀(ခ) ဦးစိုးဝင်း+ဒေါ်တင်ပပ မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူပွဲလေးပါ။

အရုဏ်ဆွမ်းကပ်ပြီး အနုမောဒနာတရား နာယူကြပါတယ်။ စာရေးသူရဲ့ ဆွမ်းဒကာ ဆွမ်းဒကာမများရဲ့ မိတ်ဆွေမိသားစုဖြစ်ပါတယ်။ ဆွမ်းဒကာ ဒကာမများလည်း လာရောက်ကုသိုလ်ယူကြပါတယ်။

စီးပွားရေးတွေကြပ်တည်းကြတယ်ကြားရလို့ စီးပွားရေးမပြေလည်သူတွေကြားမှာ ပြေလည်သူတွေဖြစ်စေဖို့ ဘုရားတရား အားထားတတ်အောင် နမောတဿဆောင်ထားကြဖို့ ဟောကြားခဲ့ပါတယ်။

နမောတဿဘုရားရှိခိုးဂါထာတော်ကြီးကို ကလေးတွေတောင်ရတယ်ဆိုပြီး အထင်မသေးဖို့ တလေးတစားနဲ့ အချိန်သတ်သတ်မှတ်မှတ်ပေးပြီး ကမ္မဋ္ဌာန်းတစ်ခုလို ပွားများကြဖို့ တိုက်တွန်းခဲ့တာပါ။

အရဟံဂုဏ်တော်ပွား လာဘ်များ၍ တိုးသရေ
သမ္ဗုဒ္ဓေ ပွားလေက ဉာဏ်သွား
ဘဂဝါက ဘုန်းကံထူသည် မုန်းရန်သူ ရှိဘူးတဲ့လေး…။

ဝီရသူ (မစိုးရိမ်)
16.7.2018