Daily Archives: July 16, 2018
သတင်း
ဝါဆိုသင်္ကန်းကပ်အလှူ
ဒုတိယဝါဆိုလဆန်း ၃ ရက်၊ 15.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်း၊ ညည ၂၁၊ အိမ်အမှတ် ၉/၁၀(ခ) ဦးစိုးဝင်း+ဒေါ်တင်ပပ မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ်အလှူပွဲလေးပါ။ အရုဏ်ဆွမ်းကပ်ပြီး အနုမောဒနာတရား နာယူကြပါတယ်။ စာရေးသူရဲ့ ဆွမ်းဒကာ ဆွမ်းဒကာမများရဲ့ မိတ်ဆွေမိသားစုဖြစ်ပါတယ်။ ဆွမ်းဒကာ ဒကာမများလည်း လာရောက်ကုသိုလ်ယူကြပါတယ်။ စီးပွားရေးတွေကြပ်တည်းကြတယ်ကြားရလို့ စီးပွားရေးမပြေလည်သူတွေကြားမှာ ပြေလည်သူတွေဖြစ်စေဖို့ ဘုရားတရား အားထားတတ်အောင် နမောတဿဆောင်ထားကြဖို့ ဟောကြားခဲ့ပါတယ်။ နမောတဿဘုရားရှိခိုးဂါထာတော်ကြီးကို ကလေးတွေတောင်ရတယ်ဆိုပြီး အထင်မသေးဖို့ တလေးတစားနဲ့ အချိန်သတ်သတ်မှတ်မှတ်ပေးပြီး ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပထမဝါဆိုလဆုတ် ၁၅ ရက်၊ 12.7.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ခန်းနေဆရာတော်၊ ကျောင်းအုပ်ဆရာတော်၊ လက်ထောက်ဆရာတော်လေးများနှင့်အတူ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားလေးများ ကျောင်းတက်နေကြတာကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။ ကိုရင်လေးများ သီလရှင်လေးများ ကျောင်းသားလေးများ ကျောင်းသူလေးများ ဆရာ ဆရာမများ စုံစုံလင်လင်ပါပဲ။ ၅ တန်းမှ ၁၀ တန်းအထိ အင်အား ၁၅၀ ခန့်ရှိပြီး ဆရာ ဆရာမများ ၂၀ ကျော်ရှိပါတယ်။ နေ့ရော ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၃၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ညောင်ဦးမြို့၊ မဟာစည်သာသနရိပ်သာ ဒေါ်ဝိမလစာရီမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (15.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၃၀
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်၊ ဦးစိုးဝင်+ဒေါ်တင်ပပ မိသားစုမှ အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းစဉ်။ (15.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...