မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း

ပထမဝါဆုိလဆုတ္ ၁၅ ရက္၊ 12.7.2018 ရက္ေန႔၊ မြန္းလြဲပိုင္းမွာ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထိုိးေတာ္ႀကီးအနီး ဓမၼေစတီေက်ာင္းတုိက္အတြင္းမွာ ဖြင့္လွစ္ထားတဲ့ ပညာေရးအကယ္ဒမီေက်ာင္းသို႔ ေရာက္ရွိခဲ့ပါတယ္။

ခန္းေနဆရာေတာ္၊ ေက်ာင္းအုပ္ဆရာေတာ္၊ လက္ေထာက္ဆရာေတာ္ေလးမ်ားႏွင့္အတူ အလယ္တန္း အထက္တန္း ေက်ာင္းသူေက်ာင္းသားေလးမ်ား ေက်ာင္းတက္ေနၾကတာကို လုိက္လံၾကည့္ရႈခဲ့ၾကပါတယ္။

ကိုရင္ေလးမ်ား သီလရွင္ေလးမ်ား ေက်ာင္းသားေလးမ်ား ေက်ာင္းသူေလးမ်ား ဆရာ ဆရာမမ်ား စံုစံုလင္လင္ပါပဲ။ ၅ တန္းမွ ၁၀ တန္းအထိ္ အင္အား ၁၅၀ ခန္႔ရွိၿပီး ဆရာ ဆရာမမ်ား ၂၀ ေက်ာ္ရွိပါတယ္။ ေန႔ေရာ ညပါ အနီးကပ္သင္ၾကားေပးေနၾကတာပါ။

၉ တန္းႏွင့္ ၁၀ တန္းမွာ အတန္းခြဲမ်ားရွိၿပီး ၁၀ တန္းမွာ Repeater တန္း Fresher တန္း ႏွစ္မ်ဳိးလံုးရွိပါတယ္။ Repeater တန္းက အင္အားပိုမ်ားပါတယ္။

ထမင္းစားေဆာင္တက္တဲ့အခါ စားပြဲခံုေတြ မျပည့္စံုပါဘူး။ အခ်ဳိ႕က အျမင့္ခုံ အခ်ဳိ႕က အနိမ့္ခံုျဖစ္ေနလို႔ တေျပးညီျဖစ္သြားေအာင္ အျမင့္ခံုေတြ လုပ္ေပးေနပါတယ္။

အင္မတန္ေဝးလွတဲ့ ေက်းရြာမ်ားမွ လာေရာက္သင္ယူေနၾကတဲ့ ကေလးငယ္ေတြဟာ လိမၼာေရးျခားရွိပါတယ္။ စာလည္းႀကဳိးစားၾကပါတယ္။

ဝီရသူ (မစိုးရိမ္)

16.7.2018

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း”

ပထမဝါဆိုလဆုတ် ၁၅ ရက်၊ 12.7.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။

ခန်းနေဆရာတော်၊ ကျောင်းအုပ်ဆရာတော်၊ လက်ထောက်ဆရာတော်လေးများနှင့်အတူ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားလေးများ ကျောင်းတက်နေကြတာကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။
ကိုရင်လေးများ သီလရှင်လေးများ ကျောင်းသားလေးများ ကျောင်းသူလေးများ ဆရာ ဆရာမများ စုံစုံလင်လင်ပါပဲ။ ၅ တန်းမှ ၁၀ တန်းအထိ အင်အား ၁၅၀ ခန့်ရှိပြီး ဆရာ ဆရာမများ ၂၀ ကျော်ရှိပါတယ်။ နေ့ရော ညပါ အနီးကပ်သင်ကြားပေးနေကြတာပါ။

၉ တန်းနှင့် ၁၀ တန်းမှာ အတန်းခွဲများရှိပြီး ၁၀ တန်းမှာ Repeater တန်း Fresher တန်း နှစ်မျိုးလုံးရှိပါတယ်။ Repeater တန်းက အင်အားပိုများပါတယ်။
ထမင်းစားဆောင်တက်တဲ့အခါ စားပွဲခုံတွေ မပြည့်စုံပါဘူး။ အချို့က အမြင့်ခုံ အချို့က အနိမ့်ခုံဖြစ်နေလို့ တပြေးညီဖြစ်သွားအောင် အမြင့်ခုံတွေ လုပ်ပေးနေပါတယ်။

အင်မတန်ဝေးလှတဲ့ ကျေးရွာများမှ လာရောက်သင်ယူနေကြတဲ့ ကလေးငယ်တွေဟာ လိမ္မာရေးခြားရှိပါတယ်။ စာလည်းကြိုးစားကြပါတယ်။

ဝီရသူ (မစိုးရိမ်)
16.7.2018