မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီကေလးငယ္မ်ား ဗုဒၶေဝယ်ာဝစၥကုသုိလ္ေတာ္

15.7.2018 ရက္ေန႔ ေက်ာင္းပိတ္ရက္ တနဂၤေႏြမွာ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွ မင္းကြန္းရြာ ျမသိန္းတန္ဘုရားသို႔ ဗုဒၶေဝယ်ာဝစၥကုသုိလ္ သြားေရာက္ဆည္းပူးေနၾကတာျဖစ္ပါတယ္။

တနဂၤေႏြေန႔တုိင္း ေဝယ်ာဝစၥကုသုိလ္ယူၾကပါတယ္။ ပုထုိးေတာ္ႀကီးတလည့္ ျမသိန္းတန္ဘုရားတလွည့္ ကုသုိလ္ယူၾကတာပါ။

ဘုရားလည္းဖူးကုသုိလ္လည္းရ ေဝယ်ာဝစၥကုသုိလ္လည္းရ က်န္းမာေရးအတြက္လည္းေကာင္း စိတ္လည္းအပန္းေျပေစဖုိ႔ ဆရာေတာ္မ်ား ဆရာ ဆရာမမ်ား စနစ္တက်စီစဥ္ေပးေနၾကတာပါ။

ရြာသူရြာသားမ်ားက မုန္႔ေကၽြးျခင္း အေအးတုိက္ျခင္းျဖင့္ ကေလးမ်ားကို အားေပးၾကပါတယ္။

“ပညာရေးအကယ်ဒမီကလေးငယ်များ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်တော်”

15.7.2018 ရက်နေ့ ကျောင်းပိတ်ရက် တနင်္ဂနွေမှာ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ မင်းကွန်းရွာ မြသိန်းတန်ဘုရားသို့ ဗုဒ္ဓဝေယျာဝစ္စကုသိုလ် သွားရောက်ဆည်းပူးနေကြတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့တိုင်း ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ပုထိုးတော်ကြီးတလည့် မြသိန်းတန်ဘုရားတလှည့် ကုသိုလ်ယူကြတာပါ။
ဘုရားလည်းဖူးကုသိုလ်လည်းရ ဝေယျာဝစ္စကုသိုလ်လည်းရ ကျန်းမာရေးအတွက်လည်းကောင်း စိတ်လည်းအပန်းပြေစေဖို့ ဆရာတော်များ ဆရာ ဆရာမများ စနစ်တကျစီစဉ်ပေးနေကြတာပါ။
ရွာသူရွာသားများက မုန့်ကျွေးခြင်း အအေးတိုက်ခြင်းဖြင့် ကလေးများကို အားပေးကြပါတယ်။