သတင်း

နှစ်ကူးမေတ္တာ

ဖေးဘုတ်ပရိသတ်ကြီးမင်္ဂလာပါ။ ၂၀၁၇ ခုနှစ် နှစ်ဟောင်းကုန်ဆုံးခဲ့ပါပြီ။
၂၀၁၈ခုနှစ် နှစ်သစ်သို့ရောက်ရှိခဲ့ပါပြီ။

အင်္ဂလိပ်နှစ်ဆန်တစ်ရက်နေ့ဟာ မြန်မာကျွန်ဖြစ်တဲ့နေ့ပါပဲ။
ဝိတိုရိယဘုရင်မကြီးအား မြန်မာပြည်ကို နှစ်ကူးလက်ဆောင်အဖြစ် ဆက်သနိုင်ခဲ့ကြောင်း ဗြိတိသျှအစိုးရက အိန္ဒိယဘုရင်ခံမှတစ်ဆင့် ကြေညာခဲ့တာပါ။

ဒါကြောင့် အင်္ဂလိပ်နှစ်ဆန်းတစ်ရက်နေ့ဟာ အင်္ဂလိပ်တွေအတွက် ဂုဏ်ယူဝင့်ကြွားစရာ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်လို့ရပေမဲ့ မြန်မာတွေအတွက်တော့ ကျက်သရေမရှိ မင်္ဂလာမရှိတဲ့ နေ့ရက်ကြီးတစ်ခုပါ။

နှစ်ကူးလို့ ရူးမိတာမဟုတ်တောင် သူများတွေလို ဝမ်းမြောက်ပျော်ရွှင်စွာ နှုတ်ဆက်လိုတာကတော့ အမှန်ပါပဲ။

ဖေးဘုတ်ပရိသတ်ကြီး မင်္ဂလာပါနော်။

၂၀၁၈မှာ ၆၆(ဃ)နှင့် မငြိအောင် ရှောင်ကွင်းနိုင်ပါစေ။

၅၀၅(ခ)နှင့် မငြိအောင် ကျော်လွှားနိုင်ပါစေ။

မိမိလုပ်ငန်းအပေါ်မှာ အမြဲသစ္စာရှိပါစေ။

မိမိအဖွဲ့အစည်းအပေါ်မှာ အမြဲသစ္စာရှိပါစေ။

မိမိလုပ်ဖော်ကိုင်ဘက်အပေါ်မှာ အမြဲသစ္စာရှိပါစေ။

အမိမြန်မာပြည်ကြီးအပေါ် အမြဲသစ္စာရှိပါစေ။

အမျိုး ဘာသာ သာသနာအပေါ် အမြဲသစ္စာရှိပါစေ။

မြန်မာပြည်ကြီးနှင့် အမျိုးဘာသာ သာသနာကို မမြတ်နိုးကြသူများ သစ္စာမဲ့ကြသူများ သစ္စာဖောက်ကြသူများကို တစ်မျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ကာ အမြစ်ပြတ်ချေမှုန်းနိုင်ကြပါစေ။
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရာ၌ ခလုပ်မထိ ဆူးမငြိဘဲ မိမိလည်းအန္တရာယ်ကင်း အမျိုးဘာသာ သာသနာလည်း လုံခြုံနိုင်မည့် နည်းလမ်းများကို ရှာကြံကျင့်သုံးနိုင်ကြပါစေ။

အကောင့်အတုများ၊ သတင်းအတုများ၊ ကောလာဟလများ၊ ဓာတ်ပုံဖျက်ဆီးမှုများဖြင့် လုပ်ကြံခံရခြင်းမှ ကင်းဝေးကြပါစေ။
သာသနာဖျက် မိစ္ဆာရန်စွယ် အန္တရာယ်ဟူသမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တွန်းလှန် တော်လှန်နိုင်စွမ်းသော မျိုးချစ်ဇာနည် သူတော်ကောင်း သူမြတ်လောင်းလေးများ ဖြစ်နိုင်ကြပါစေ။
၂၀၁၈ကို အမျိုးသားရေးယုံကြည်ချက်ဖြင့် သက်စွန့်ကြိုးပမ်း ဖြတ်သန်းသွားပါမည်။

ဝီရသူ(မစိုးရိမ်)
31.12.2017
PM 11:49