သတင်း

ဒိုင်းမွန်းရွှေကြည် နှစ်သစ်ကူးအလှူ

ဒီကနေ့ ဒီဇင်ဘာလ 31 ရက်နေ့ မွန်းလွဲပိုင်းမှာ မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်က စာရေးသူထံ ဖုန်းဆက်လာပါတယ်။ ထုံးစံအတိုင်း မင်္ဂလာပါဦးဇင်း Good Luck ပါလို့ နှုတ်ဆက်ရင်း ဆုတောင်းမေတ္တာစကားတွေ ပြောကြားလာတာပါ။ ထူးခြားတာကတော့ Video Call ခေါ်ချင်လို့ လိုင်းဖွင့်ပေးဖို့ ပြောလာတာပါပဲ။

စာရေးသူက ပြင်ဦးလွင်မှအပြန် ကားပေါ်မှာဖြစ်လို့ လိုင်းမမိတစ်ချက် မိတစ်ချက် ဖြစ်နေတာကြောင့် Video Call ဖွင့်လို့မရပါဘူး။ ဘာကြောင့်များ Video Call ခေါ်ချင်တာပါလိမ့် မေးလိုက်တော့ တာမွေမြို့နယ် NLD စည်းရုံးရေးမှူး မူဆလင်ကိုညီညီနှင့် စကားပြောခိုင်းမလို့လို့ ဆိုပါတယ်။ စာရေးသူလည်း ကိုညီညီကို ဖြေကြားလိုက်ပါတယ်။ ဦးဇင်းနဲ့ပတ်သက်တာတွေ သိချင်လို့ရှိရင် ပွင့်ပွင့်လင်းလင်းမေးပါ။

အားလည်းမနာပါနဲ့။ ကြောက်လည်းမကြောက်ပါနဲ့။ စိုးလည်းမစိုးရိမ်ပါနဲ့။ သံသယရှိတာတွေ၊ သိလိုတာတွေ အမြင်မရှင်းတာတွေ အကုန်မေးလို့ရပါတယ်လို့ ဖိတ်ကြားလိုက်ပါတယ်။ သူကလည်း ကျေးဇူးတင်ကြောင်း ပြန်ပြောပါတယ်။ ကိုညီညီတို့အဖွဲ့ဟာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အောင်နိုင်ရေးကာတုန်းက ပုခုံးထမ်းပြီး စင်ပေါ်တင်ပေးခဲ့တဲ့သူတွေပါ။ အခုတော့ Mother Land လို ခရိုနီတွေရဲ့ စပွန်ဆာနဲ့ အကူအညီတွေကြောင့် မနက်ဖြန် ကျင်းပမည့် ဆွမ်းလောင်းပွဲကြီးမှာ ကိုညီညီတို့ကို ချောင်ထိုးထားခဲ့ပြီး ခရိုနီတွေကို ပွဲထုတ်လိုက်တဲ့အတွက်ကြောင့် ခံစားနေရကြောင်း မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်က ရှင်းပြပါတယ်။

နိုင်ငံရေးသမားဆိုတာ ဒီလိုပဲဗျ ခင်ဗျားတို့လည်း ဘုရားပြီးလို့ အဖျက်ခံရတဲ့ငြမ်းတွေဖြစ်သလို ကျုပ်တို့သံဃာတွေလည်း ဘုရားပြီးလို့ အဖျက်ခံရတဲ့ငြမ်းတွေလိုပါပဲ။ အတိုက်အခံကာလတုန်းက ဘုန်းကြီးကျောင်းတွေကို အမှီပြုပြီး ပြည်သူလူထုနှင့် ထိတွေ့ခွင့်တွေရခဲ့တယ်။ မိန့်ခွန်းပြောခွင့်တွေရခဲ့တယ်။ အခုတော့ အဲဒီကျောင်းတိုက်တွေကို ရှိတယ်လို့တောင် မထင်တော့ပါဘူး။ စာရေးသူကတော့ အမုန်းတရားဖြန့်ဖြူးသူအဖြစ် နာမည်ကြီးနေခဲ့သူပါ။ ဒါပေမဲ့ စာရေးသူကို အခုလို ကြည်ကြည်ဖြူဖြူ မိတ်ဆက်ရင်း စကားတွေပြောလာတဲ့ မူဆလင်တွေအပေါ်မှာတော့ မိတ်ဆွေရင်းပမာပါပဲ။ ဆရာကြီးဦးရာဇတ်လို မူဆလင်မျိုးဆိုရင် ဝီရသူလည်း ထောင်ကျစရာအကြောင်းမရှိသလို အမုန်းခံစရာလည်း မလိုပါဘူး။ 

မူဆလင်တွေအားလုံး နိုင်ငံရေးသမားများရဲ့ အသုံးချခံရခြင်းဘေးမှ လွတ်မြောက်ကြပါစေ။ မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်နှင့် တာမွေ NLD စည်းရုံးရေးမှူး ကိုညီညီတို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မြန်မာပြည်ကြီးငြိမ်းချမ်းအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီဆောင်ရွက်နိုင်သည့် မွတ်စလင့်သားကောင်းများ နိုင်ငံ့သားကောင်းများ ဖြစ်နိုင်ကြပါစေသတည်း။ (မိတ်ဆွေကြီး ဒိုင်မွန်းရွှေကြည် ဒီကနေ့ ဒီဇင်ဘာလ 31ရက်နေ့ နှစ်သစ်ကူးအကြို တာမွေမြို့နယ် သုံးထပ်ကျောင်းဆရာတော်ကြီးအား သင်္ကန်းခြင်း ဆက်ကပ်နေပုံဖြစ်ပါတယ်။)