သတင်း

လောကအလင်း မိသားစု ဘုရားဖူးခရီးစဉ်ပြီးဆုံး

ဒုတိယအကြိမ် အစမ်းစာမေးပွဲများ ဖြေဆိုပြီးတဲ့ လောကအလင်း ကျောင်းသားကျောင်းသူများ ဘုရားဖူးခရီးစဉ်ကို ဒီဇင်ဘာလ 29 ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူ ၅၄ယောက် ဆရာတော်သုံးပါး ဆရာ ဆရာမများနှင့် ကြီးကြပ်သူများ ပါဝင်ကြပါတယ်။

ပုဂံညောင်ဦး ပုပ္ပါးမှာ ဘုရားဖူးကုသိုလ်ယူခဲ့တြာပါ။ တူရင်းတောင်၊ ငှက်ပစ်တောင်၊ ရွှေစည်းခုံ၊ လောကနန္ဒာ၊ အလိုတော်ပြည့်ဘုရားများကို ဖူးမြော်ခဲ့ကြပါတယ်။ ဒီနေ့ 31ရက်နေ့ ဘုရားဖူးအဖွဲ့အားလုံး လောကအလင်းကျူရှင်ကျောင်းမှာ လုပ်အားဒါန ဝေယျာဝစ္စကုသိုလ်ယူရင်း ကျောင်းသန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။

အဖွဲ့အစည်းအလိုက် ဘုရားဖူး အဖွဲ့အစည်းအလိုက် လုပ်အားပေး အဖွဲ့အစည်းအလိုက် ခရီးသွားဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖွဲ့အစည်းနှင့် အလုပ်လုပ်တတ်အောင် အလေ့အကျင့်ကောင်းတွေ ရရှိသွားကြမှာပါ။ စာလည်းကြိုးစားကြပါတယ်၊ ဘုန်းဘုန်းတွေစကားလည်း နားထောင်ကြပါတယ်။ ဆရာ ဆရာမ ချမှတ်ပေးထားတဲ့ စည်းကမ်းတွေလည်း လိုက်နာကြပါတယ်။

ယဉ်ကျေးလိမ္မာတဲ့ ရင်သွေးမြန်မာလေးများပါ။ မနက်ဖြန်ဆိုရင် လောကအလင်းကျူရှင်ကျောင်း ပြန်လည်ဖွင့်လှစ်ပါပြီ။ ဒီအထဲမှာ စာရေးသူရဲ့ ဆွေးမျိုးတွေ မိတ်ဆွေတွေရဲ့ သားသမီးတွေ တစ်ဦးတစ်ယောက်မှမပါဝင်ပေမဲ့ သူတို့လေးတွေကတော့ စာရေးသူရဲ့ သားသမီးတွေလိုပါပဲဗျာ။ အားလုံးအောင်မြင်ကြပါစေ။