သတင္း

ေစတိယဂၤဏ ရာျပည့္ပြဲအႀကဳိ ဆုေပးပြဲ

17.2.2018 ရက္ေန႔ မနက္ပုိင္းမွာ ေစတီေတာ္ရင္ျပင္ ရာဟုေထာင့္ ဓမၼာရုံမွာ က်င္းပပါတယ္။ နံပါတ္သတ္မွတ္ထားသည့္အတုိင္း သံဃာေတာ္မ်ား ေနရာယူၾကပါတယ္။ ေစတိယဂၤဏဝဋံသကာဘြဲ႕ရ ဆရာေတာ္မ်ားႏွင့္ က်မ္းၿပီးဘြဲ႕ရ ဆရာေတာ္မ်ားက သက္သက္၊ စာသင္တန္းေအာင္ ဘိဝံသဘြဲ႕ရ ဆရာေတာ္မ်ားကသက္သက္ သီးျခားစီ ေနရာေပးထားပါတယ္။

ယခုႏွစ္ စာေအာင္သံဃာ ၇ ပါးကုိ ဘြဲ႕တံဆိပ္ႏွင့္ စာေအာင္ဆုမ်ား ဆက္ကပ္ၾကပါတယ္။ စာခ်တန္းက်မ္းၿပီးဘြဲ႕ရ ဆရာေတာ္ ၃ ပါး၊ စာသင္တန္း အဘိဝံသဘြဲ႕ရ ဆရာေတာ္ ၄ ပါးတုိ႔ ျဖစ္ပါတယ္။ အင္မတန္ကံေကာင္းတဲ့ ကံထူးရွင္ဆရာေတာ္ေလးမ်ားပါ။

ပထမဆုရရွိသူကုိ ဆုေငြ သိန္း ၃၀ အထိ ဆက္ကပ္တာ ေတြ႕ရပါတယ္။ ဒုတိယ ၂၈ သိန္း၊ တတိယ ၂၇ သိန္း ဆက္ကပ္ပါတယ္။ စာသင္တန္းေအာင္ ဆရာေတာ္ေလးမ်ားလည္း ထုိက္ထုိက္တန္တန္ ရရွိၾကတာပါ။ စာေရးသူတုိ႔ေခတ္တုန္းကလုိ ေမးေတာ့အခက္ႀကီး ေကၽြးေတာ့ စပ်စ္သီး ေပးေတာ့ တံျမက္စည္း မဟုတ္ေတာ့ပါ။ စာေအာင္ဆုရ ဆရာေတာ္ေလးမ်ားကုိၾကည့္ၿပီး ဝမ္းသာပီတိ ျဖစ္ခဲ့ရပါတယ္။

 

“စေတိယင်္ဂဏ ရာပြည့်ပွဲအကြို ဆုပေးပွဲ”

17.2.2018 ရက်နေ့ မနက်ပိုင်းမှာ စေတီတော်ရင်ပြင် ရာဟုထောင့် ဓမ္မာရုံမှာ ကျင်းပပါတယ်။ နံပါတ်သတ်မှတ်ထားသည့်အတိုင်း သံဃာတော်များ နေရာယူကြပါတယ်။ စေတိယင်္ဂဏဝဋံသကာဘွဲ့ရ ဆရာတော်များနှင့် ကျမ်းပြီးဘွဲ့ရ ဆရာတော်များက သက်သက်၊ စာသင်တန်းအောင် ဘိဝံသဘွဲ့ရ ဆရာတော်များကသက်သက် သီးခြားစီ နေရာပေးထားပါတယ်။

ယခုနှစ် စာအောင်သံဃာ ၇ ပါးကို ဘွဲ့တံဆိပ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပါတယ်။ စာချတန်းကျမ်းပြီးဘွဲ့ရ ဆရာတော် ၃ ပါး၊ စာသင်တန်း အဘိဝံသဘွဲ့ရ ဆရာတော် ၄ ပါးတို့ ဖြစ်ပါတယ်။ အင်မတန်ကံကောင်းတဲ့ ကံထူးရှင်ဆရာတော်လေးများပါ။
ပထမဆုရရှိသူကို ဆုငွေ သိန်း ၃၀ အထိ ဆက်ကပ်တာ တွေ့ရပါတယ်။

ဒုတိယ ၂၈ သိန်း၊ တတိယ ၂၇ သိန်း ဆက်ကပ်ပါတယ်။ စာသင်တန်းအောင် ဆရာတော်လေးများလည်း ထိုက်ထိုက်တန်တန် ရရှိကြတာပါ။ စာရေးသူတို့ခေတ်တုန်းကလို မေးတော့အခက်ကြီး ကျွေးတော့ စပျစ်သီး ပေးတော့ တံမြက်စည်း မဟုတ်တော့ပါ။
စာအောင်ဆုရ ဆရာတော်လေးများကိုကြည့်ပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။