သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၉)

16.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ မောင်တောမြို့မှ ထွက်ခွါလာခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ အရေးအခင်းကြီးမတိုင်ခင် အသတ်ခံရတဲ့ မြို၈ဦး သတင်း ကမ္ဘာကျော်ခဲ့ပါတယ်။ ၄င်းမြို၈ဦးရဲ့ မိသားစုတွေက ဘူးသီးတောင်မြို့မှာ ခိုလှုံနေတယ်ဆိုလို့ မန်း မဘသ ဝိုင်းတော်သားများ ဘူးသီးတောင်ထိ သွားကြဖို့ပါပဲ။

ဒါပေမဲ့ သူတို့တတွေက နေရပ်ကိုပြန်လာကြလို့ မောင်တောမြို့နယ် ကိုင်းကြီးရွာမှာပဲ တွေ့ဆုံဖြစ်ကြပါတယ်။ အသတ်ခံရသူ ၈ဦးရှိပေမဲ့ အိမ်ထောင်စုကတော့ ၇စုထဲပါ။ လူ၇ဦးအလောင်းပြန်ရပြီး အမျိုးသမီးတစ်ဦးကတော့ အခုအချိန်ထိ အလောင်းပြန်မရတော့ပါ။ ဒါပေမဲ့ ရေထဲမျောပါသွားတဲ့ ထမီတစ်ထည်က ပျောက်နေတဲ့အမျိုးသမီးရဲ့ ထမီဖြစ်နေပြီး ၄င်းထမီကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

၎င်းအိမ်ထောင်စု ၇စုကို တစ်သိန်းကျပ်စီ စုစုပေါင်း ခုနစ်သိန်းကျပ် ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါတယ်။ အပြန်ခရီးဖြစ်လို့ ကြာကြာစကားပြောခွင့် မရခဲ့ပါဘူး။ အရေးကြီးတဲ့ အချက်အလက်လေးတွေပဲ မေးမြန်းဖြစ်ခဲ့တာပါ။ မန်း မဘသ ဝိုင်းတော်သားများရဲ့ ရခိုင်ပြည်သူများအလှူကတော့ ဒီမှာတင် ပြီးဆုံးခဲ့ပါပြီ။

မန်း မဘသ ဝိုင်းတော်သားများနှင့်အတူ အမျိုးသားရေး အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။