သတင္း

အင္န္ဗီြစီကတ္ကိစၥ ၿပီးစလြယ္ဆံုးျဖတ္၍မရ၊ ႏိုင္ငံသားတစ္ေယာက္၏တန္ဖိုးသည္ သစၥာေစာင့္သိမႈဟု ဦးကိုကိုႀကီးေျပာ

မင္းႏိုင္စိုး(မုိးမိတ္)၊ ရန္ကုန္၊ ဧၿပီ ၃၀

ရခုိင္ျပည္နယ္အတြင္းမွ ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ NVC ကတ္ထုတ္ေပးျခင္း၊ ငါးလအတြင္းစိစစ္ျခင္း၊ လြတ္လပ္စြာခရီးသြားလာခြင့္ျပဳျခင္း စသည့္ကိစၥမ်ားသည္ ၿပီးစလြယ္ဆံုးျဖတ္၍မရေၾကာင္း၊ ႏိုင္ငံသားတစ္ေယာက္၏တန္ဖုိးသည္ သစၥာေစာင့္သိမႈပင္ျဖစ္ေၾကာင္း ၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးကိုကိုႀကီးက ေျပာဆိုသည္။

ဧၿပီ ၂၉ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ၿမဳိ႕ ေတာင္ဥကၠလာပၿမဳိ႕နယ္ရွိ ႏိုင္ငံေရးပါတီျဖစ္ေျမာက္ေရးဗဟိုေကာ္မတီရံုးခန္း၌ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲအၿပီး၌ ဦးကိုကိုႀကီးက ထုိသုိ႔ေျပာခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံသားတစ္ဦး၏တာဝန္မွာ ႏိုင္ငံအတြင္းျပ႒ာန္းထားေသာဥပေဒမ်ားကို ေလးစားလုိက္နာျခင္းပင္ျဖစ္ေၾကာင္းလည္း ၎ကေျပာဆိုသည္။

‘ႏိုင္ငံသားအခြင့္အေရးရဖုိ္႔ဆိုရင္ အဲဒီႏိုင္ငံသားျဖစ္သြားတဲ့သူေတြက ဒီႏိုင္ငံေတာ္အေပၚမွာ ဘယ္ေလာက္ေက်းဇူးသစၥာေစာင့္သိသလဲ။ ႏိုင္ငံသားတစ္ေယာက္ရဲ႕တန္ဖုိးက သစၥာေစာင့္သိမႈပဲ။ ေနာက္တစ္ခုက ႏိုင္ငံအတြင္းမွာျပ႒ာန္းထားတဲ့ဥပေဒေတြကို ေလးစားမႈမရွိဘူးဆုိရင္ ဒါဟာလည္း ေမးခြန္းထုတ္ရမယ့္ကိစၥပဲလိ္ု႔ ကၽြန္ေတာ္ျမင္တယ္’ဟု ဦးကိုကိုႀကီးက ေျပာဆိုသည္။

ထုိ႔ျပင္ ရခုိင္ျပည္နယ္၏ျပႆနာသည္ ရခုိင္တစ္ခုတည္း၏ျပႆနာမဟုတ္ဘဲ အမ်ဳိးသားေရးျပႆနာျဖစ္ၿပီး အမ်ဳိးသားေရးျပႆနာကို ခ်ဥ္းကပ္သည့္အခါ သူတစ္လူ ငါတစ္မင္း ခ်ဥ္းကပ္၍မရေၾကာင္းႏွင့္ ထိုသို႔ခ်ဥ္းကပ္မႈမ်ဳိးသည္ အႏၲရာယ္ရွိေၾကာင္းလည္း ၎က သတိေပးေျပာဆုိ္သည္။

‘ႏိုင္ငံေတာ္မွာ တကယ္အေရးႀကီးတဲ့ အေျခခံျပႆနာေတြကို အစိုးရတစ္ရပ္ရဲ႕ျပႆနာလုိ႔မျမင္ဘဲနဲ႔ ႏိုင္ငံေတာ္ရဲ႕ျပႆနာ၊ ႏိုင္ငံေတာ္ရဲ႕ျဖစ္စဥ္အျဖစ္နဲ႔ ခ်ဥ္းကပ္ဖို႔လိုတယ္။ တပ္မေတာ္ကစဥ္းစားတဲ့ပံုစံကတစ္မ်ဳိး၊ အစုိးရအဖြဲ႔က စဥ္းစားတဲ့ပံုစံကတစ္မ်ဳိး၊ ေနာက္အစုိးရေျပာင္းသြားရင္ ေနာက္အစိုးရက ပံုစံတစ္မ်ဳိးနဲ႔လုပ္ျပန္ေရာ။ အဲဒါသိပ္အႏၲရာယ္ႀကီးတယ္။ အစုိးရတစ္ရပ္ေျပာင္းတုိင္းသာ တစ္မ်ဳိးျဖစ္ေနရင္ တကယ့္အေရးႀကီးတဲ့ အေျခခံျပႆနာေတြကို ကၽြန္ေတာ္တုိ႔ဘယ္လိုေျဖရွင္းမလဲ’ဟု ၎က ေျပာဆိုသည္။

စုေပါင္းေျဖရွင္းသင့္

ရခုိင္ျပႆနာအေပၚ မူတည္၍ ႏိုင္ငံေရးအားၿပဳိင္မႈမ်ဳိး အသံုးမခ်သင့္ေၾကာင္းလည္း ၎ကသံုးသပ္ခဲ့ၿပီး ယခုကိစၥသည္ ႏိုင္ငံေတာ္၏ျပႆနာ၊ အမ်ဳိးသားေရးျပႆနာျဖစ္သည့္အတြက္ ဘံုရပ္တည္ခ်က္တစ္ခုအေပၚ အေျခခံကာ စုေပါင္းေျဖရွင္းသင့္ေၾကာင္း ဦးကိုကိုႀကီးက သံုးသပ္ခဲ့သည္။

1.5.2018 စံေတာ္ခ်ိန္ ေန႔စဥ္သတင္းစာ

 

“အင်န်ဗွီစီကတ်ကိစ္စ ပြီးစလွယ်ဆုံးဖြတ်၍မရ၊ နိုင်ငံသားတစ်ယောက်၏တန်ဖိုးသည် သစ္စာစောင့်သိမှုဟု ဦးကိုကိုကြီးပြော”

မင်းနိုင်စိုး(မိုးမိတ်)၊ ရန်ကုန်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NVC ကတ်ထုတ်ပေးခြင်း၊ ငါးလအတွင်းစိစစ်ခြင်း၊ လွတ်လပ်စွာခရီးသွားလာခွင့်ပြုခြင်း စသည့်ကိစ္စများသည် ပြီးစလွယ်ဆုံးဖြတ်၍မရကြောင်း၊ နိုင်ငံသားတစ်ယောက်၏တန်ဖိုးသည် သစ္စာစောင့်သိမှုပင်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။

ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေးဗဟိုကော်မတီရုံးခန်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး၌ ဦးကိုကိုကြီးက ထိုသို့ပြောခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားတစ်ဦး၏တာဝန်မှာ နိုင်ငံအတွင်းပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုသည်။

‘နိုင်ငံသားအခွင့်အရေးရဖို့်ဆိုရင် အဲဒီနိုင်ငံသားဖြစ်သွားတဲ့သူတွေက ဒီနိုင်ငံတော်အပေါ်မှာ ဘယ်လောက်ကျေးဇူးသစ္စာစောင့်သိသလဲ။ နိုင်ငံသားတစ်ယောက်ရဲ့တန်ဖိုးက သစ္စာစောင့်သိမှုပဲ။ နောက်တစ်ခုက နိုင်ငံအတွင်းမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို လေးစားမှုမရှိဘူးဆိုရင် ဒါဟာလည်း မေးခွန်းထုတ်ရမယ့်ကိစ္စပဲလို့ ကျွန်တော်မြင်တယ်’ဟု ဦးကိုကိုကြီးက ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်၏ပြဿနာသည် ရခိုင်တစ်ခုတည်း၏ပြဿနာမဟုတ်ဘဲ အမျိုးသားရေးပြဿနာဖြစ်ပြီး အမျိုးသားရေးပြဿနာကို ချဉ်းကပ်သည့်အခါ သူတစ်လူ ငါတစ်မင်း ချဉ်းကပ်၍မရကြောင်းနှင့် ထိုသို့ချဉ်းကပ်မှုမျိုးသည် အန္တရာယ်ရှိကြောင်းလည်း ၎င်းက သတိပေးပြောဆိုသည်။

‘နိုင်ငံတော်မှာ တကယ်အရေးကြီးတဲ့ အခြေခံပြဿနာတွေကို အစိုးရတစ်ရပ်ရဲ့ပြဿနာလို့မမြင်ဘဲနဲ့ နိုင်ငံတော်ရဲ့ပြဿနာ၊ နိုင်ငံတော်ရဲ့ဖြစ်စဉ်အဖြစ်နဲ့ ချဉ်းကပ်ဖို့လိုတယ်။ တပ်မတော်ကစဉ်းစားတဲ့ပုံစံကတစ်မျိုး၊ အစိုးရအဖွဲ့က စဉ်းစားတဲ့ပုံစံကတစ်မျိုး၊ နောက်အစိုးရပြောင်းသွားရင် နောက်အစိုးရက ပုံစံတစ်မျိုးနဲ့လုပ်ပြန်ရော။ အဲဒါသိပ်အန္တရာယ်ကြီးတယ်။ အစိုးရတစ်ရပ်ပြောင်းတိုင်းသာ တစ်မျိုးဖြစ်နေရင် တကယ့်အရေးကြီးတဲ့ အခြေခံပြဿနာတွေကို ကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲ’ဟု ၎င်းက ပြောဆိုသည်။

စုပေါင်းဖြေရှင်းသင့်
ရခိုင်ပြဿနာအပေါ် မူတည်၍ နိုင်ငံရေးအားပြိုင်မှုမျိုး အသုံးမချသင့်ကြောင်းလည်း ၎င်းကသုံးသပ်ခဲ့ပြီး ယခုကိစ္စသည် နိုင်ငံတော်၏ပြဿနာ၊ အမျိုးသားရေးပြဿနာဖြစ်သည့်အတွက် ဘုံရပ်တည်ချက်တစ်ခုအပေါ် အခြေခံကာ စုပေါင်းဖြေရှင်းသင့်ကြောင်း ဦးကိုကိုကြီးက သုံးသပ်ခဲ့သည်။
1.5.2018 စံတော်ချိန် နေ့စဉ်သတင်းစာ