နဂါးနီစုဘူးသတင်း

လက်လုပ်လက်စား အများပြည်သူများအတွက် မျှော်လင့်ချက် စုဘူးလေးများအကြောင်း(၁)

(၁)
ကျွန်တော်တို့ဟာ ရာဇဝင်ထဲက မန္တလေးအကြောင်း ပြောကြတဲ့အခါ တိုင်း ကြီးကျယ်ခမ်းနားတဲ့ သမိုင်းအ စဉ်အလာ၊ အနုပညာယဉ်ကျေးမှု အ မွေအနှစ်တွေနဲ့ တခမ်းတနားဂုဏ်ယူ ကြရပေမယ့် ယဉ်ကျေးမှုတွေ သားစပ် ခံလာရပြီဖြစ်တဲ့ ခေတ်သစ်မန္တလေးအ ကြောင်း ပြောမယ်ဆိုရင်တော့ မန္တ လေးမြို့ရဲ့ အချက်အချာကျတဲ့ အဓိ ကနေရာတွေကို အသားဖြူဖြူ ပေါက် ဖော်ကြီးတွေ အခိုင်အမာနေရာယူလာ ကြပြီဆိုတဲ့အကြောင်း စိတ်မကောင်း စွာပဲ ညည်းတွားကြရပြန်ပါတယ်။

မြို့လယ်ကောင်လို အချက်အချာကျ တဲ့နေရာမျိုးတွေကို လူမျိုးခြားတွေ ဝယ်ယူပိုင်ဆိုင်လာတာနဲ့အမျှ ကျွန် တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ကတော့ တဖြည်းဖြည်းနဲ့ မန္တလေးမြို့ ရဲ့ အစွန်အဖျားဘက်တွေကို ရွှေ့ ပြောင်းပေးနေကြရပြီလို့ ဆိုကြတာပါ။ ဒီထက်ပိုပြီး ဝမ်းနည်းဖို့ကောင်းတာက တော့ မန္တလေးရွှေ့မြို့တော်ရဲ့ တချို့ သော ဆင်းရဲသားရပ်ကွက်တွေမှာ စီး ပွားနေရေးကျပ်တည်းတဲ့ လက်လုပ် လက်စားမိသားစုဝင်များစွာဟာ သူတို့ ရဲ့ နေ့စဉ်ဘဝ ရှင်သန်ရုန်းကန်နိုင်ဖို့ အတွက် ဝိသမလောဘသား အမြတ် ကြီးစား၊ အတိုးကြီးစားတွေဆီကနေ နှစ်ဆယ်တိုး၊ သုံးဆယ်တိုး၊ နေ့ပြန်တိုး တွေ မျက်စိတ်မှိတ်ယူရင်းနဲ့ အတိုး ဝင်္ကပါထဲမှာ လုံးချာလည်လိုက်နေကြ ရတာပါပဲ။

မြို့ပြရဲ့ ဆင်ခြေဖုံးရပ်ကွက်၊ ဆင်း ရဲသားရပ်ကွက်ငယ်လေးတွေမှာ ကြား ရတတ်တဲ့ ‘နေ့ပြန်တိုး’အပြင် ‘ဆီတိုး’ ဆိုတဲ့ စကားတစ်ခွန်းကိုလည်း ကြား ဖူးကြမလား မသိပါဘူး။ ဟင်းချက်တဲ့အခါမှာ သုံးရတဲ့ ဆီ ဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ် စေ၊ ရေများများနဲ့ချက်သည်ဖြစ်စေ၊ ရေခန်းပဲချက်သည်ဖြစ်စေ အောက်မှာ မနေဘဲ အမြဲတမ်းအပေါ်ကိုပဲ ဝေ့ တက်နေသလိုပါပဲ၊ အမြတ်ကြီးစား တွေဆီကနေ ချေးယူရတဲ့ ဆီတိုးဆို တာလည်း တစ်ချိန်လုံး အတိုးယူသူ တွေအပေါ် ဝေ့တက်နေတတ်ပါ တယ်။ ဒါကြောင့် ရပ်ကွက်တွေထဲမှာ ဘယ်လိုမှ အဆင်မပြေလို့ မတန်မရာ နေ့ပြန်တိုးတွေ ယူနေရတာကိုပဲ ‘ဆီ တိုး’လို့ နာမည်တစ်ခု ပြောစမှတ်ပြုခဲ့ ကြတာပါ။

မရှိဆင်းရဲသားတစ်ယောက်ဟာ ရင်းနှီးစရာ ပိုက်ဆံမရှိလို့ အမြတ်ကြီး စားဆီကနေ ငွေတစ်သောင်းယူတယ် ဆိုရင် အဲဒီငွေအတွက် တစ်နေ့ကို ငွေ တစ်ထောင် ပုံမှန်ဆပ်ရပါတယ်။ ခြောက်လကြာသည်ဖြစ်စေ၊ တစ်နှစ် ကြာသည်ဖြစ်စေ ကိုယ်ယူထားတဲ့ အ ရင်းတစ်သောင်းလုံး အကျေမဆပ်နိုင် သေးသမျှ နေ့စဉ်နေ့တိုင်း တစ်ထောင် ပေးနေရပါတယ်။ တကယ်လို့ လုပ် ငန်းကိုင်ငန်း အဆင်မပြေလို့၊ ကျန်းမာ ရေးမကောင်းလို့ လေး၊ ငါးရက် လောက် အတိုးမသတ်နိုင်ဘူးဆိုရင် တော့ အဲဒီ အတိုးငွေကိုပါ အရင်းတစ် သောင်းထဲ ပေါင်းပြီး အတိုးပေါ်အတိုး တွေ ထပ်ဆင့်တော့တာပါပဲ။

တချို့နေရာတွေမှာကျလည်း ငွေ တစ်သောင်းချေးထားရင် နေ့စဉ် ၅ဝဝ ကျပ် ပြန်ဆပ်ရပြီး မူလချေးငွေ အ ကျေပြန်မဆပ်နိုင်သမျှ တစ်သက်လုံး တစ်ရက် ၅ဝဝ ဆပ်ကြရတယ်လို့ ဆို ပါတယ်။ ဒီလိုနဲ့ မန္တလေးမြို့ရဲ့ တချို့ ကျူး ကျော်နေရာတွေနဲ့ ဆင်းရဲသားရပ် ကွက်တွေမှာ ဆီတိုးတွေယူ၊ ပြန်မဆပ် နိုင်လို့ ရုံးရောက် ဂါတ်ရောက်ဖြစ်၊ ထိပ် ပေါက်ခေါင်းကွဲ၊ တရားစွဲခံရတဲ့အဖြစ် တွေလည်း ရှိခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ တချို့ရပ်ကွက် တွေထဲထိ လိုက်ပါပြီး နွမ်းပါးတဲ့ အိမ် ထောင်သည် အမျိုးသမီး၊ အမျိုးသား တချို့နဲ့ တွေ့ဆုံ၊ သူတို့တွေ ရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေနဲ့ အ တိုးဝင်္ကပါတွေအကြောင်း မေးမြန်းစုံ စမ်းဖြစ်ခဲ့တာကတော့ ‘နဂါးနီစုဘူး’ လို့အမည်ပေးထားတဲ့ ဆင်းရဲနွမ်းပါး သူများ ကူညီထောက်ပံ့ရေး ငွေစုငွေ ချေးအသင်းငယ်လေးကြောင့်ပဲ ဖြစ်ပါ တယ်။

‘ဆင်းရဲခြင်း လွတ်ကင်းအောင်၊ လမ်းပြဆောင်ပါမည်’အစချီတဲ့ နဂါးနီ သီချင်းထဲက ‘နဂါးနီ’ဆိုတဲ့ ခေါင်းစဉ် ကို သုံးထားတဲ့ မန္တလေးမြို့က ‘နဂါးနီ စုဘူး’အသင်းအကြောင်းကို စေ့စေ့စပ် စပ် လေ့လာမိတာနဲ့ ဆင်းရဲသားရပ် ကွက်လေးတွေထဲက နွမ်းပါးတဲ့ မိသား စုဝင်တွေကို ဒီအသင်းကနေ ဘယ်လို မျိုးအရေးပါတဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်နိုင်နေလဲဆိုတာ သဘောပေါက် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

(၂)
နဂါးနီစုဘူးအသင်းကို တည်ထောင် ပေးခဲ့သူဟာ စီပွားရေးလုပ်ငန်းပေါင်း များစွာ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင် ကြီးတစ်ယောက်မဟုတ်သလို အိမ် ရာတည်ထောင် လူတို့ဘောင်မှာ စီးပွား ဖြစ်ထွန်းရမယ်ဆိုပြီး မျှော်လင့်ကြိုးစား နေသူလည်းမဟုတ်ပါဘူး။ ‘နဂါးနီ’ရဲ့ ပဲ့ကိုင်ရှင်အဖြစ်နဲ့ မတည်ပေးခဲ့သူဟာ တစ်ကမ္ဘာလုံးက လူသားတွေ သတိ ထားစောင့်ကြည့်နေကြရတဲ့ မြန်မာ ပြည်ထဲက အဝါရောင် သတင်းလူ သား အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)ပဲဖြစ်ပါတယ်။

ဆရာတော်ဟာ မန္တလေးမြို့မှာ ဆင်းရဲနွမ်းပါးပြီး ကျောင်းစရိတ်အခက် အခဲရှိတဲ့ ကျောင်းသားလူငယ်လေး တွေအတွက် ‘လောကအလင်း ပညာ ဒါနကျူရှင်ကျောင်း’ကိုလည်း ၂ဝ၁၂ ခု၊ သြဂုတ်လကတည်းက ဖွင့်လှစ် တည်ထောင်ပေးခဲ့တဲ့ ပရဟိတနှလုံး သားပိုင်ရှင်ပါ။ ခု မန္တလေးမြို့၊ ရပ် ကွက်တချို့မှာ နာမည်ပေါက်နေတဲ့ န ဂါးနီစုဘူးအသင်းကိုလည်း ဆရာတော် တည်ထောင်ပေးထားတာလို့ သိရတဲ့ အတွက် ၂ဝ၁၇ ခု၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ မန္တလေးမြို့ကို အရောက် သွားပြီး နဂါးနီအသင်းနဲ့ပတ်သက်လို့ ဆရာတော်ဦးဝီရသူကို သိလိုသမျှ မေး မြန်း လျှောက်ထားဖြစ်ခဲ့တာပဲဖြစ်ပါ တယ်။

အရင်ဆုံး နဂါးနီစုဘူးအသင်းအ ကြောင်း မပြောခင်မှာပဲ ဒီအသင်း ပေါ်ပေါက်မလာခင်တုန်းက ဆင်းရဲ သားရပ်ကွက်မှာဖြစ်ပျက်ခဲ့တဲ့ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးငယ်အချို့ရဲ့ ဖြစ် ရပ်မှန် အတိုးဒုက္ခအကြောင်းကို ဆရာ တော်က စိတ်လိုလက်ရ မိန့်ကြားပြပါ တယ်။

‘၂ဝ၁၂ ခု၊ သြဂုတ်လတုန်းက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မာ လကာခြံရပ်ကွက်မှာ ဘာသာခြားမွတ် ဆလင်ဆီက ဆီတိုးယူပြီး ပြန်မဆပ် နိုင်လို့ အဆဲဆိုခံရ၊ ဆံပင်ဆောင့်ဆွဲ ခံရ၊ ခေါင်းရိုက်ခွဲခံရနဲ့ ဆေးရုံထိ ရောက်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်။

ဗုဒ္ဓဘာသာသားအမိ (သမီးနဲ့အ မေ)က ငွေခုနစ်သောင်း ချေးပြီး ဆီ တိုးအနေနဲ့ ဘာသာခြားကို တစ်နေ့ ၃၅ဝဝ အတိုးပေးရတယ်။ တစ်နေ့ ၃၅ဝဝ နဲ့ သူတို့ပေးလာတာ ၇ လ လောက်တောင် ရှိပြီ။ တစ်လဆပ်ရင် တောင် ဆီတိုးချည်းပဲ တစ်သိန်းနဲ့ငါး ထောင်ဆိုတော့၊ ၇ လဆို စဉ်းစား ကြည့်ပေါ့။ ဘယ်လောက် များနေပြီလဲ ဆိုတာ။ အဲလိုနဲ့ အဆင်မပြေတဲ့အချိန် ကျတော့ အမေလုပ်သူက ဆီတိုးမ ပေးနိုင်တာ ခြောက်ရက်ကြာသွား တယ်။ အဲဒါအချိန်မှာ အတိုးချေးစား တဲ့ ဘာသာခြားကုလားမက လာကြမ်း ပြီး သမီးနဲ့ရန်ဖြစ်ရင်းနဲ့ ဆံပင်ဆွဲ၊ ပါး ရိုက်ခံရတာပဲ။ မိန်းမချင်း ရန်ဖြစ်တာ ကို ယောက်ျားလုပ်တဲ့သူကလည်း အုတ်ခဲကျိုးနဲ့ ခေါင်းရိုက်ခွဲတယ်။ အဲ လိုနဲ့ ရုံးရောက်၊ ဂါတ်ရောက်၊ ဆေးရုံ ရောက်ပေါ့။ ဘာသာခြားဆီက ငွေ ခုနစ်သောင်းချေးမိလို့ ခံလိုက်ရတဲ့ ဒုက္ခသုက္ခတွေပေါ့။

နောက်တစ်ယောက်က ပြည်ကြီး တံခွန်မြို့နယ်၊ ဓဓ/၂၄(ဆ)ရပ်ကွက် မှာဖြစ်တာ။ အဲဒီ ဗမာမိန်းကလေး လည်း ဒီအတိုင်းပဲ။ ဆီတိုးယူမိလို့ ဘာသာခြားရဲ့ အနိုင်ကျင့်ခံခဲ့ရတာ။ ပြဿနာတက်ပြီး အရိုက်အနှက်ခံရလို့ ရုံးသွားတိုင်မယ်လုပ်တာကို ဘာသာ ခြားမိန်းမက ဆိုင်ကယ်နဲ့နောက်က လိုက်ပြီး သူစီးတဲ့ဖိနပ်နဲ့ ပါးရိုက်တယ်။ အဲဒီလို မခံမရပ်နိုင်တွေဖြစ်ပြီး အနိုင် ကျင့်ခံရ၊ မတရားလုပ်တာခံရတော့ ၂ဝ၁၃ ခု၊ သြဂုတ်လထဲမှာ ရပ်ကွက် သူ ရပ်ကွက်သားတွေစုပြီး ဝီရသူဆီ ရောက်လာကြတာပေါ့ဗျာ။ အဲဒီတုန်း က အမှုရင်ဆိုင်နေရချိန်မှာလည်း သူ တို့ရဲ့ စားဝတ်နေရေး၊ လမ်းစရိတ်စ တာတွေကို ဦးဇင်းပဲ ကူညီဖြေရှင်းခဲ့ တာပါ’လို့ မိသားစုတချို့ရဲ့ ဆီတိုးယူရ တဲ့ဒုက္ခကို ချပြပြီးမှ နဂါးနီစုဘူးအသင်း တည်ထောင်ဖြစ်ခဲ့ပုံကို ဆရာတော် က ဆက်မိန့်တာပါ။

‘အရင်ကတည်းက ဒီရပ်ကွက်ထဲ က ဆင်းရဲသူဆင်းရဲသားတွေအတွက် ငွေစုငွေချေးစနစ်တစ်ခု လုပ်ပေးနိုင် ရင် ကောင်းမှာပဲလို့ တွေးမိပေမဲ့ အ ထမမြောက်ခဲ့ဘူး။ ဒါပေမဲ့ ပြည်ကြီး တံခွန်မှာ ဆီတိုးကြောင့် အနိုင်ကျင့်ခံ ရပြီး ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ဒုက္ခ ရောက်တဲ့အချိန်မှာတော့ မလုပ်လို့ကို မဖြစ်တော့ဘူးဆိုပြီး နဂါးနီစုဘူးအသင်း ကို တည်ထောင်လိုက်တာပဲ။

အဲဒီတုန်းက ရပ်ကွက်ထဲက မွတ် ဆလင်ကို မှီခိုနေရတဲ့သူတွေက အသံ ထွက်လာတာပေါ့။ ဟုတ်ပြီ။ အခု သူ မရှိတော့ဘူး။ အဲဒီတော့ သူ့ဆီက ချေးလို့ရတဲ့ ငွေတွေကို ဘယ်သူက ဆက်ပြီး ချေးပေးမလဲ..ပေါ့။

ကဲ…အဲဒါနဲ့ ခင်ဗျားတို့ ရပ် ကွက်ထဲမှာ သူက ဘယ်လောက်ချေး လဲ မေးတယ်။ တစ်သောင်းချေးတယ်၊ တစ်ရက်ကို ငါးရာ ပေးရတယ်။ တစ် လုံးတည်း တစ်ခဲတည်း အကျေပြန် မဆပ်နိုင်မချင်း တစ်သက်လုံး အတိုး ပေးရတယ်။ အဲဒါဆိုရင် ကျုပ်က ငါး သောင်းချေးမယ်။ ခင်ဗျားတို့က တစ် ရက်တစ်ထောင်နှုန်းနဲ့ ၅၅ ရက်၊ ငါး သောင်းခွဲ ပြန်ဆပ်နိုင်လား။ ကျုပ်က ၅ဝဝဝ အတိုးယူမယ်။ အဲဒီ ၅ဝဝဝ ထဲက ၂ဝဝဝ ကို ခင်ဗျားတို့ရဲ့ ကျန်း မာရေးရန်ပုံငွေအတွက် ပြန်လှူမယ်။ ကျန်တဲ့ သုံးထောင်ကတော့ ခင်ဗျားတို့ ရပ်ကွက်ထဲက ခင်ဗျားတို့လို ဘဝတူ တွေကို ပြန်ပြီးချေးဖို့အတွက် ပဒေသာ ပင်စိုက်မယ်။ အဲလိုနဲ့ သူတို့ကလည်း သဘောတူပြီး လူ ၅ဝ ဦး စုလိုက် တယ်။ ၂၅ သိန်း ထုတ်ပေးလိုက် တယ်။ ဒီလိုနဲ့ ဆင်းရဲသားတွေရဲ့ လို အပ်ချက်အရ နဂါးနီစုဘူးအသင်းကို တည်ထောင်ဖြစ်ခဲ့တာပါ’လို့ ဦးဝီရသူ က ရှင်းပြပါတယ်။

နဂါးနီစုဘူးအသင်းကို စတင်တည် ထောင်ခဲ့တာဟာ ၂ဝ၁၃ ခု၊ စက်တင် ဘာလ ၁ ရက်နေ့ကဖြစ်ပြီး လေးနှစ် တာကာလထဲရောက်လာတဲ့အချိန်မှာ စုဘူးလည်း ၈ ဘူးထိ ရှိခဲ့ပြီလို့ သိရပါ တယ်။

(၃)
နဂါးနီစုဘူးအသင်း လည်ပတ်နေ တဲ့ ငွေစုငွေချေးပုံစံက သိပ်အခက်အ ခဲကြီးတော့ မဟုတ်ပါဘူး။
ဆရာတော်ဦးဝီရသူက တည် ထောင်ပေးပြီး ဆရာတော်ရဲ့တာဝန် ပေးချက်အရ ဆရာတော် ဦးဇဝန(ဦး ဇကြီး)က နာယကအဖြစ်ဆောင်ရွက် တယ်။ ဆရာတော်ဦးဇဝနရဲ့အောက် မှာ ဥက္ကဋ္ဌ၊ နာယက၊ စာရင်းစစ်အစ ရှိတဲ့ ဗဟိုဦးဆောင်အီးစီအဖွဲ့နဲ့ သက် ဆိုင်ရာရပ်ကွက်အလိုက် ရပ်ကွက်အီး စီအဖွဲ့ထားရှိတယ်။

ဆင်းရဲသားများတဲ့ ရပ်ကွက်တွေ မှာ နေ့ပြန်တိုးတွေ၊ ဆီတိုးတွေကို ကြောက်ပြီး နဂါးနီစုဘူးအသင်းကနေ ငွေချေးချင်တယ်ဆိုရင် တစ်အုပ်စုကို လူငါးယောက်နဲ့ အယောက် ၅ဝ ပြည့် အောင် လုပ်ရတယ်။ အဲဒီ မိသားစု အယောက် ၅ဝ ကို သက်ဆိုင်ရာရပ် ကွက်အီးစီအဖွဲ့က အာမခံပေးတာနဲ့ တစ်ယောက်ကို ငွေ ငါးသောင်းစီ စ တင်ထုတ်ပေးတယ်။ သူတို့ဘက်က နေ တစ်ရက်ကို တစ်ထောင်နှုန်းနဲ့ ၅၅ ရက်၊ စုစုပေါင်း ၅၅ဝဝဝ ဆပ်ရ တယ်။ ငွေပြန်ဆပ်တာတစ်ကြိမ်(၅၅ ရက်) ပြည့်တာနဲ့ အိမ်ထောင်ရှင်တစ် ယောက်ဆီက အမြတ်ငွေ ၅ဝဝဝ၊ အ ယောက် ၅ဝ ဆီက ၂၅,ဝဝဝဝ အသင်း အနေနဲ့ ပြန်ဝင်တယ်။ အဲဒီ ၅ဝဝဝ ကိုမှ ငါးပုံပုံပြီး နှစ်ပုံ(နှစ်ထောင်)ကို စု ဘူးအသင်းဝင် မိသားစုတွေရဲ့ ကျန်းမာ ရေး၊ နာရေးစရိတ်တွေမှာ သုံးပြီး၊ ကျန်တဲ့ သုံးပုံ(သုံးထောင်)ကိုတော့ နောက်ထပ် စုဘူးအသစ်ထပ်ဖွင့်နိုင်ဖို့အ တွက် ရံပုံငွေထူထောင်ထားတာပဲဖြစ် ပါတယ်။

ဒီနေရာမှာ ဆရာတော်ဦးဝီရသူ တည်ထောင်ပေးထားတဲ့ နဂါးနီစုဘူးအ သင်းအနေနဲ့ ထူးခြားမှုရှိတာကတော့ အပြင်မှာ စီးပွားဖြစ်လုပ်နေတဲ့ ငွေချေး လုပ်ငန်းတွေက သူတို့အတွက် သေ ချာမှုရှိမှ ငွေထုတ်ချေးတာဖြစ်ပေမဲ့ န ဂါးနီစုဘူးကတော့ အမှန်တကယ် ငွေ ကြေးကျပ်တည်းတဲ့ မိသားစုနဲ့ ကျူး ကျော်တွေကို ဦးစားပေးပြီး ငွေထုတ် ချေးတာပဲဖြစ်ပါတယ်။

‘ဦးဇင်းက စလုပ်ကတည်းက ကျူးကျော်တွေကို ဦးစားပေးပြီး ချေးတာ။ မရှိတဲ့သူတွေကို ဦးစားပေးကူ ညီတယ်။

တချို့ဆို အိမ်ဆိုတာက ကွမ်း ယာဆိုင်လောက် ရှိတာ။ အကာက ဗီနိုင်း၊ အမိုးက တာလပတ်။ တိုင်ကျ တော့ ဝါးလုံး။ တော်တော့်ကိုဆင်းရဲ ကြတာ။ ဦးဇင်းတို့က သူတို့အိမ်တွေ ထိ လိုက်ပြီး ကွင်းဆင်းလေ့လာပါ တယ်။ ရပ်ကွက်ထဲမှာ ငါးသောင်းချေး လို့ရတယ်ဆိုရင် ပွဲစားက ငါးထောင် နုတ်သေးတာ။ အတိုးကျတော့ ငါး သောင်းဖိုးလုံး ဆပ်ရတာလေ။ ပြောရ ရင် နဂါးနီဟာ ဘဏ်မဟုတ်ပါဘူး။ ဆင်းရဲသားတွေအတွက် စုဘူးသာလျှင် ဖြစ်ပါတယ်’ဆိုတဲ့ မိန့်ကြားချက်တွေ က ဆင်းရဲနွမ်းပါးသူတွေကို စွမ်းနိုင်သ မျှ ကူညီထောက်ပံ့ချင်တဲ့ ဆရာတော်ရဲ့ ပရဟိတစိတ်ဓာတ်ကို အတိုင်းသားမြင် စေပါတယ်။

ပထမဆုံးအနေနဲ့ နဂါးနီစုဘူး အ မှတ်(၁)ကို ၂ဝ၁၃ ခု၊ စက်တင်ဘာ လ ၁ ရက်နေ့က ပြည်ကြီးတံခွန်မြို့ နယ်၊ ဆ/ရပ်ကွက်မှာ ၂၅ သိန်းနဲ့ စ တည်မတည်ပေးခဲ့ရာကနေ နောက် ပိုင်း စုဘူးလေးဘူး(ငွေကျပ်သိန်း ၁ဝဝ) ထိ ထပ်မံမတည် ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မဟာအောင်မြေ မြို့နယ်၊ မာလကာခြံရပ်ကွက်၊ ချမ်းမြ သာစည်မြို့နယ်၊ ဘုရားကြီးမြောက်ရွာ သစ်၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာ ယာ(ဇဇ ၃+၄)ရပ်ကွက်၊ ပြည်ကြီးတံ ခွန်မြို့နယ်၊ သင်ပန်းကန်းရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာ ယာရပ်ကွက်တွေမှာ စုဘူးအသင်း ၈ သင်းအထိ တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိအ ချိန်မှာ လည်ပတ်ငွေစုစုပေါင်း သိန်း ၇၅ဝ ကျော်ခဲ့ပြီလို့လည်း သိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

မိုးအောင်လင်းနိုင်