Daily Archives: November 27, 2017

သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၂၀)”

16.10.2017 ရက်နေ့ ကိုင်းကြီးရွာ မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံအပြီးမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းဆရာတော် ဦးမဏိသာရအား ပဒကားရွာသူရွာသားများအတွက် ထောက်ပံ့ငွေများ အပ်နှံခဲ့ပါတယ်။ ပဒကားရွာဆိုတာ မောင်တောမြို့မြောက်ပိုင်း လောင်းတုံရွာအနီးနားမှာရှိပါတယ်။ ပဒကားရွာသစ်ဟု သိကြပြီး အသတ်ခံရသူ ခြောက်ဦး ပြင်းထန်ဒဏ်ရာခုနစ်ဦး ရရှိခဲ့ပါတယ်။ အားလုံးမြိုတိုင်းရင်းသားတွေဖြစ်ပါတယ်။ အားလုံးတစ်သိန်းကျပ်စီ စုစုပေါင်း တစ်ဆယ့်သုံးသိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ မောင်တောမြို့ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရက ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။
သတင်း

ဝံသာနုရက္ခိတ ရွှေမျက်မှန် ဦးဝိဇယ(၅)

(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။ ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။ အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – ...
သတင်း

မျှော်လင့်ချက်

လက်ပံစည်လျှက် ညောင်ဖျက်သည့်သွင် မြန်မာနွယ်မျိုး မညှိုးစေချင် မျိုးနွယ်ကွယ်ပျောက် နှောနှောက်မှာပင် သတိပေး မျှော်တွေးကြောင့်ကြဝင်။ မြန်မာ့ရေးထုံး စံနှုန်းမီမီ ရှက်ကြောက်ရှေ့ထား ဝတ်စားတည်ကြည် တမျိုးစီကွဲ ရိုးနွဲ့ဟန်ချီ ဘာသာကွဲ တွဲဖက်မသင့်ပြီ။ ဘိုးဘွားနှင်းအပ် မြတ်သည့်အမွေ သာသနာတော်ကြီး ခိုင်ဖြီးစည်ဝေ လက်ချင်းဆက်လို့ ဦးထက်တင်လေ ဒို့လေးစား ကျိုးများနိုင်ကြစေ။ တိလင်ဆရာတော် ဦးလင်္ကာစာရာဘိဝံသ
သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၅)

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေစောင်းမှာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ ကံပေါက်ကျေးရွာ ရွှေစေတီဆရာတော်ဘုရားကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့ပွဲသို့ အရောက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ စာရေးသူ ကံပေါက်မရောက်ခင်မှာပဲ သတင်းတစ်ခုကြားရပါတယ်။ စာရေးသူကို ရွာသူရွာသားအချို့က ဆန္ဒပြဖို့ စီစဉ်နေကြောင်းပါ။ စာရေးသူလည်း ဒါမျိုး တစ်ခါမှ မကြုံဖူးတော့ ပြစေချင်တာပေါ့နော်။ သူတို့နှင့် တွေ့တဲ့အခါကျမှ ဘာကိုမကြိုက်တာလဲ ဘာကြောင့် မကြိုက်တာလဲ စသဖြင့် သူတို့ရဲ့ ရင်တွင်းစကားကို သိရအောင်မေးမယ်။ ပြီးမှ စိတ်ရှည်ရှည်ထားပြီး ...
သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၉)

16.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ မောင်တောမြို့မှ ထွက်ခွါလာခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ အရေးအခင်းကြီးမတိုင်ခင် အသတ်ခံရတဲ့ မြို၈ဦး သတင်း ကမ္ဘာကျော်ခဲ့ပါတယ်။ ၄င်းမြို၈ဦးရဲ့ မိသားစုတွေက ဘူးသီးတောင်မြို့မှာ ခိုလှုံနေတယ်ဆိုလို့ မန်း မဘသ ဝိုင်းတော်သားများ ဘူးသီးတောင်ထိ သွားကြဖို့ပါပဲ။ ဒါပေမဲ့ သူတို့တတွေက နေရပ်ကိုပြန်လာကြလို့ မောင်တောမြို့နယ် ကိုင်းကြီးရွာမှာပဲ တွေ့ဆုံဖြစ်ကြပါတယ်။ အသတ်ခံရသူ ၈ဦးရှိပေမဲ့ အိမ်ထောင်စုကတော့ ၇စုထဲပါ။ လူ၇ဦးအလောင်းပြန်ရပြီး အမျိုးသမီးတစ်ဦးကတော့ အခုအချိန်ထိ အလောင်းပြန်မရတော့ပါ။ ဒါပေမဲ့ ရေထဲမျောပါသွားတဲ့ ထမီတစ်ထည်က ပျောက်နေတဲ့အမျိုးသမီးရဲ့ ထမီဖြစ်နေပြီး ၄င်းထမီကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ၄င်းအိမ်ထောင်စု ၇စုကို ...
သတင်း

ဒီမိုကရေစီအရစ်က ပိုကြီးတယ်

နဝတခေတ်တုန်းကတော့ အော်လိုက်ကြတာ ဘုန်းကြီးရောလူရော အရက်ဆိုင်တွေကျ အလျှိုအလျှိုနဲ့ ရောအနံ့ အလျင်အမြန် ဖွင့်ခွင့်ပေးပြီးတော့ တရားပွဲကျ ဟိုတင်ရဒီတင်ရနဲ့ ဒါဟာမတရားဘူးဆိုတဲ့ အသံတွေပါ။ အခုကျတော့ ပဋ္ဌာန်းပွဲ ဆွမ်းလောင်းပွဲလေးကိုတောင် ကြည်ပါဦးဗျာ (က)ကနေ (၁)အထိ အဆင့်ဆင့် တင်ခိုင်းနေတာ။အာဏာရှင်အရစ်က သိပ်မကြီးဘူး ဒီမိုကရေစီအရစ်က ပိုကြီးတယ်။ ဒီအရစ်ကြီးတဲ့မူလီတွေနဲ့ ဟိုလိုက်ကြပ် ဒီလိုက်ကြပ် ကြပ်နေသမျှကာလပတ်လုံး မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် ဒီမိုကရေစီမပီပြင်နိုင်တော့ပါဘူး။ ဝီရသူ(မစိုးရိမ်) 26.11.2017 PM 12:17 ======================================================== အသိပေးအကြောင်းကြား လျှောက်ထားလွှာ =========================== ယခင်စီစဉ်ထားသည့်ရက်မှာ မပြုလုပ်ဖြစ်တော့ပါ ပြုလုပ်ကျင်းပမည့်ရက်ကို ...
သတင်း

လူတွေကြားထားတာနဲ့ ဆန့်ကျင်ဘက်ကြီးဟာ တကယ့်ဦးဝီရသူရဲ့ ပကတိပုံရိပ်ပဲ(၂)” (ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- နောက်တစ်ခုကတော့ ဒီလထဲမှာလာမယ့် ပုပ်ရဟန်းမင်းကြီး ကိစ္စပေါ့ဘုရား။ လာမယ်ဆိုတဲ့ သတင်းတွေထွက်တုန်းကလည်းပဲ အရှင်ဘုရားကို တပည့်တော် မေးဖူးပါတယ်ဘုရား။ အခုက ပုပ်ရဟန်းမင်းလာရင် ရိုဟင်ဂျာမသုံးဖို့ ခရစ်ယာန်အသိုင်းအ၀ိုင်းတောင်းဆိုတာတွေ ရှိတယ်၊နောက် ကိုဖီအာနန်ကလည်းပဲ ရိုဟင်ဂျာ မသုံးဖို့ အကြံပေးတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ တစ်ဖက်မှာလည်း လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးဖို့တောင်းဆိုတာတွေရှိတယ်ပေါ့ဘုရား။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်လဲဘုရား။ ဖြေ – ဟိုအရင်တုန်းက ရိုဟင်ဂျာလို့သုံးခဲတဲ့ အမေရိကန်အစိုးရအပေါ်မှာသာ ပြည်သူတွေက မကျေမနပ်ဖြစ်တာပေါ့နော်။ အခုတော့ ပုပ်ရဟန်းမင်းကြီးကိုပါ မကျေမနပ်ဖြစ်တာတွေပါ ...
သတင်း

မဟာပရိတ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါန ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး အဆုံးအဖြတ်မရသေး

နေပြည်တော်တွင် 27.11.2017 ရက်နေ့ မနက် ၉း၀၀ နာရီမှ စတင်ကျင်းပမည့် မဟာပရိတ်တော်၊ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကြီးနှင့် နတ်တော်လပြည့် 3.12.2017 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီမှာ မဟာပရိတ် ပဋ္ဌာန်းအောင်ပွဲအဖြစ် ကျင်းပမည့် မဟာသံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူ ပွဲကြီးတို့ ဖြစ်မြောက်သည် မဖြစ်မြောက်သည်ကို တိကျသေချာသော အခိုင်အမာဆုံးဖြတ်မှု မရရှိသေးပါ။ နေပြည်တော်တွင် အစည်းအဝေးကျင်းပပြီး သံဃာအချိုးအစား ခွဲဝေမှု ပြုပြီးသည့်နောက်ပိုင်း အထက်မြန်မာပြည် မဘသအဖွဲ့များနှင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များသည် ထပ်ဆင့်အစည်းအဝေး ခေါ်ယူနိုင်ရေး စိတ်အားတက်ကြွစွာ ဖုန်းများဆက်၍ အစဉ်မပျက် ...