သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၂၀)”

16.10.2017 ရက်နေ့ ကိုင်းကြီးရွာ မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံအပြီးမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းဆရာတော် ဦးမဏိသာရအား ပဒကားရွာသူရွာသားများအတွက် ထောက်ပံ့ငွေများ အပ်နှံခဲ့ပါတယ်။ ပဒကားရွာဆိုတာ မောင်တောမြို့မြောက်ပိုင်း လောင်းတုံရွာအနီးနားမှာရှိပါတယ်။

ပဒကားရွာသစ်ဟု သိကြပြီး အသတ်ခံရသူ ခြောက်ဦး ပြင်းထန်ဒဏ်ရာခုနစ်ဦး ရရှိခဲ့ပါတယ်။ အားလုံးမြိုတိုင်းရင်းသားတွေဖြစ်ပါတယ်။ အားလုံးတစ်သိန်းကျပ်စီ စုစုပေါင်း တစ်ဆယ့်သုံးသိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ မောင်တောမြို့ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရက ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။