သတင်း

မျှော်လင့်ချက်

လက်ပံစည်လျှက် ညောင်ဖျက်သည့်သွင်
မြန်မာနွယ်မျိုး မညှိုးစေချင်
မျိုးနွယ်ကွယ်ပျောက် နှောနှောက်မှာပင်
သတိပေး မျှော်တွေးကြောင့်ကြဝင်။

မြန်မာ့ရေးထုံး စံနှုန်းမီမီ
ရှက်ကြောက်ရှေ့ထား ဝတ်စားတည်ကြည်
တမျိုးစီကွဲ ရိုးနွဲ့ဟန်ချီ
ဘာသာကွဲ တွဲဖက်မသင့်ပြီ။

ဘိုးဘွားနှင်းအပ် မြတ်သည့်အမွေ
သာသနာတော်ကြီး ခိုင်ဖြီးစည်ဝေ
လက်ချင်းဆက်လို့ ဦးထက်တင်လေ
ဒို့လေးစား ကျိုးများနိုင်ကြစေ။

တိလင်ဆရာတော် ဦးလင်္ကာစာရာဘိဝံသ