သတင်း

လူတွေကြားထားတာနဲ့ ဆန့်ကျင်ဘက်ကြီးဟာ တကယ့်ဦးဝီရသူရဲ့ ပကတိပုံရိပ်ပဲ(၂)” (ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- နောက်တစ်ခုကတော့ ဒီလထဲမှာလာမယ့် ပုပ်ရဟန်းမင်းကြီး ကိစ္စပေါ့ဘုရား။ လာမယ်ဆိုတဲ့ သတင်းတွေထွက်တုန်းကလည်းပဲ အရှင်ဘုရားကို
တပည့်တော် မေးဖူးပါတယ်ဘုရား။ အခုက ပုပ်ရဟန်းမင်းလာရင် ရိုဟင်ဂျာမသုံးဖို့ ခရစ်ယာန်အသိုင်းအ၀ိုင်းတောင်းဆိုတာတွေ ရှိတယ်၊နောက် ကိုဖီအာနန်ကလည်းပဲ
ရိုဟင်ဂျာ မသုံးဖို့ အကြံပေးတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ တစ်ဖက်မှာလည်း လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးဖို့တောင်းဆိုတာတွေရှိတယ်ပေါ့ဘုရား။
ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်လဲဘုရား။

ဖြေ – ဟိုအရင်တုန်းက ရိုဟင်ဂျာလို့သုံးခဲတဲ့ အမေရိကန်အစိုးရအပေါ်မှာသာ ပြည်သူတွေက မကျေမနပ်ဖြစ်တာပေါ့နော်။ အခုတော့ ပုပ်ရဟန်းမင်းကြီးကိုပါ မကျေမနပ်ဖြစ်တာတွေပါ တိုးလာနိုင်တာပေါ့။
ပုပ်ရဟန်းမင်းကြီးကို အကြောင်းပြုပြီးတော့ ပြည်တွင်း၊ ပြည်ပ ခရစ်ယာန်အသိုင်းအ၀ိုင်းတွေကိုပါစိတ်ထဲကနေ ညိုညင်သွားနိုင်တာပေါ့။ ဒါက စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပြောတာပေါ့။
ပုပ်ရဟန်းမင်းကြီးက ဒီမှာလာပြီး မွှေသွားသလိုမျိုး ပြောလာပြီဆိုရင်တော့ နိုင်ငံမတည်ငြိမ်မှုတွေတောင် ဖြစ်နိုင်တာပေါ့နော်။

မေး -မိထ္တီလာ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းကိုပို့တဲ့ အရှင်ဘုရားရဲ့ သ၀ဏ်လွှာမှာ မဘသအဖွဲ့လိုအပ်တယ်လို့ အရှင်ဘုရားက ရေးထားတယ်။
နောက်တစ်ခုက မဘသက ဥပဒေကြောင်းအရ တရားဝင်တယ်ဆိုတဲ့ အချက်ကိုလည်းပဲ ခုထိ ဆွဲကိုင်ထားတယ်။
ဆိုတော့ ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းမဟုတ်တဲ့ မဘသအနေနဲ့ အဖွဲ့ပြန်ဖွဲ့တာတွေ တစ်ချိန်မှာ အရှင်ဘုရားဦးဆောင်ပြီး လုပ်လာနိုင်မလား၊ လုပ်ဖို့ ရှိမလား။

ဖြေ – အဲဒါကတော့ မဘသဗဟို တစ်ဖြစ်လဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီးအပေါ်မှာ မူတည်တာပေါ့နော်။
ဒီအဖွဲ့ကြီးက အမျိုးသားရေးကို တစိုက်မတ်မတ်သွားမယ်၊ အားကိုးအားထားပြုလို့ရတယ်ဆိုရင်တော့ မဘသဟာလည်း ဖောင်ဒေးရှင်းပဲလေ။
ဒါပေမယ့် ဒီဖောင်ဒေးရှင်းကြီးက ပရဟိတသက်သက်ပဲသွားတော့မယ်။ အမျိုး ဘာသာ သာသနာအတွက် အားထားလို့ မရနိုင်တော့ဘူးဆိုရင်တော့
ဦးဇင်းတို့က တခြားနည်းလမ်းတွေ ရှာကြံလို့ သိပ်မရနိုင်တော့ဘူးပေါ့နော့။ အရင်လိုအားထားနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခုပေါ်ပေါက်လာနိုင်အောင်တော့
အားထုတ်ရမှာပေါ့။

မေး- တပည့်တော်နဲ့လုပ်တဲ့ အင်တာဗျူး တစ်ခုမှာပဲ အရှင်ဘုရားပြောခဲ့ဖူးတယ်။ ၀ီရသူကို လူကြမ်းကြီးအဖြစ် လူဆိုးကြီးအဖြစ် ကမ္ဘာ့မီဒီယာတွေကပုံဖော်ကြတယ်၊
မီဒီယာတွေရဲ့ ပုံဖော်မှုမပါတဲ့ တကယ့် ဆရာတော်ဦးဝီရသူက ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ – လူတွေကြားထားတာနဲ့ ဆန့်ကျင်ဘက်ကြီးဟာ တကယ့်ဦးဝီရသူရဲ့ ပကတိပုံရိပ်ပဲလေ။ လူတွေက ယန်ဟီးလီကို ဆဲတယ် ဒါပဲကြားတာလေ။
တကယ်တမ်းကျတော့ ၀ီရသူက ကိုယ့်ရှေ့မှာ ဦးဇင်းတွေဘာတွေ ဆဲစကားဆိုစကားပြောရင်တောင် ဆုံးမနေတဲ့သူ။
လူတွေက ဟိုဟာတောင်းဆို ဒီဟာတောင်းဆို မိန့်ခွန်းတွေဘာတွေမှာ ခပ်ကြမ်းကြမ်းတွေကြားတယ်၊ တကယ်တမ်းကျတော့ ၀ီရသူက အင်မတန်နူးညံ့သိမ်မွေ့တဲ့ပုဂ္ဂိလ်၊
စကားပြောရင်တောင် ကျယ်ကျယ်လောင်လောင်မပြောတတ်တဲ့ ပုဂ္ဂိုလ်ပေါ့နော့။ စရိုက်ကြမ်းတယ်ဆိုတာ ကြက်မကြီးက ကြက်ကလေးတွေရဲ့
အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့သာကြမ်းရတာ၊ တကယ်တမ်းကျတော့ ကြက်မကြီးရဲ့ ပင်ကိုယ်သဘောတရားက ကြက်ကလေးတွေကို နွေးထွေးစွာ
အတောင်ပံထဲမှာ ၀ပ်ပြီးတော့ မေတ္တာတွေ ဖြန့်ဝေပေးတဲ့အဆင့်ပဲရှိတာပေါ့နော်။ ဒီသဘောတရားကို နားမလည်တဲ့အခါကျတော့ ထင်ယောင်ထင်မှားဖြစ်ကြတာပေါ့။
ပြောလိုက်ပါ။
ဗိုလ်အောင်ဒင်ကြမ်းတာ ရမ်းတာ မကြောက်ပါနဲ့ မိန်းကလေးရယ်ဆိုတဲ့ တေးသွားလိုပါပဲလို့။

မေး- အရှင်ဘုရားလုပ်တဲ့ လူမှုရေးပရဟိတလုပ်ငန်းတွေပေါ့ဘုရား၊ စက်ချုပ်သင်တန်းဖွင့်တာ၊ လောကအလင်းပညာဒါနကျောင်း၊ ပါရမီရှင်သွေးလှူအသင်း၊
နဂါးနီစုဘူး၊ ယဉ်ကျေးလိမ္မာသင်တန်း၊ စာကြည့်တိုက်သင်တန်း၊ မဃဒေ၀သင်တန်း အစရှိသဖြင့်ပေါ့ဘုရား၊ အဲဒီထဲမှာ ဘယ်အလုပ်ကို လုပ်ရတာ အားရကျေနပ်မှုအရှိဆုံးဖြစ်မလဲဘုရား။

ဖြေ – အားရကျေနပ်မှုအရှိဆုံးကတော့ ပညာရေးဖောင်ဒေးရှင်းလေးပေါ့နော်။ သူကတော့ ပြောရမယ်ဆိုရင် ပစ္စုပ္ပန်ရော သံသရာရော အားလုံးအတွက် အကျိုးရှိတဲ့အရာလေး.။
သူတို့ကိုအကြောင်းပြုပြီးတော့ သူတို့ရဲ့မိသားစုပါ ကြီးပွားစေနိုင်တဲ့ လက္ခဏာတွေ ရှိတာပေါ့နော်။ ဒုတိယ အားအရဆုံးကတော့ သွေးလှူအသင်းပေါ့။
ဦးဇင်းတို့က တစ်ကြိမ်သွေးလှူရင် သွေးပုလင်း သုံးရာပဲထား၊ အသက်ပေါင်း သုံးရာကို ကယ်တင်နိုင်တာပေါ့။ တတိယကတော့ နဂါးနီစုဗူးပေါ့။
ဆင်းရဲသူဆင်းရဲသားတွေရဲ့ဘ၀ကို သက်သာချောင်ချိအောင် လုပ်ပေးနိုင်တယ်။ ဘုရားတရားမြဲအောင်လုပ်ပေးနိုင်တယ်။ သူတို့ကိုယ်သူတို့
လူတစ်လုံး သူတစ်လုံးဖြစ်အောင် တည်ထောင်ပေးနိုင်တယ်ပေါ့။ အဲဒီအတွက်လည်း ဦးဇင်းတို့က ဂုဏ်ယူနိုင်တာပေါ့။

မေး – ပရဟိတအကြောင်းတွေမေးရင်း တစ်ဆက်တည်း အရှင်ဘုရားတို့ ဖွင့်လှစ်ဖို့ ကြိုးစားနေတဲ့ မန်းမဟော်သဓာအခြေအနေကရော
ဘယ်လိုအခြေအနေရှိပါသလဲဘုရား၊ အလှူငွေတွေ လှူချင်ရင်ရော ဘယ်လို လှူဒါန်းလို့ရနိုင်မလဲဘုရား။

ဖြေ- မန်းမဟော်သဓာကတော့ ရန်ကုန်တို့လို ကျောင်းဒကာ သီးသန့်မရှိဘူးပေါ့။ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ သီးသန့်လုပ်နေရတာကိုး။
ဟိုက တစ်သိန်းလှူ၊ ဒီက တစ်သိန်းလှူနဲ့ လှူဒါန်းကြတာတော့ နေ့စဉ်နီးပါးရှိတာပေါ့။ ဒါပေမယ့် အဲဒါတွေ အကုန်ပေါင်းမှ
ကျောင်းတစ်လွှာစာ မရှိဘူးပေါ့။ လှူမယ်တန်းမယ်ဆိုရင်တော့ အဆင့်ဆင့်လှူဒါန်းလို့ရပါတယ်နော်။
ဥပမာ မန်းမဘသအဖွဲ့ထံလှူဒါန်းလို့လည်းရတယ်။ နောက် ဦးဇင်းကျောင်းကို လာပြီးတော့ လှူဒါန်းလို့လည်းရတယ်။
ဗြဟ္မစိုရ်ဆရာတော်ကြီးဆီမှာလည်း လှူဒါန်းလို့ရနိုင်ပါတယ်။

မေး – ဒီတစ်ပတ်အတွက် အမျိုးသားရေးသမားတွေကို ဆုံးမသြ၀ါဒလေး မိန့်ပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးသမားတွေကို ပြောချင်တာက ဥပဒေဘောင်ထဲကနေ ဘယ်လိုထိထိရောက်ရောက် ရေးသားရမယ်ဆိုတာကို
လေ့လာဖို့ပါပဲနော့။ ဘာကြောင့်လဲဆိုရင် ၆၆ ဃ သို့မဟုတ် ဆက်သွယ်ရေးဥပဒေက မိမိရဲ့ လက်တွေခြေတွေကို
ကြိုးချည်ထားသလိုဖြစ်နေတာကို။ ကိုယ်က ထိန်းထိန်းသိမ်းသိမ်းရေးနိုင်မှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်မှပေါ့နော့။
အဲဒီတော့ ကိုယ်လည်း အန္တရာယ်ကင်းတယ်၊ ကိုယ့်အမျိုးဘာသာ သာသနာလည်း လုံခြုံမယ် ဒီနည်းလမ်းကို
ရှာကြံရမှာပေါ့။ အဲဒါကြောင့်မို့ ဒီနည်းလမ်းကို ရှာကြံပြီးတော့ ဥပဒေဘောင်ထဲကနေပဲ ထိထိရောက်ရောက်
အွန်လိုင်းမှာ ရေးသားကြဖို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။