သတင်း

ဥပုသ်နေ့တရားတော် (၁)” “မစင်လူးသူရဲကောင်းကြီးBBC

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းအိုကြီးတစ်ပါးကို အကြောင်းပြုပြီး ဟောကြားခဲ့တဲ့ တရားတော်လေးပါ။
ရဟန်းအိုကြီးက ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို အန်တုပြီး ပရိသတ်ထဲမှာ မေးချင်ရာမေး ငါဖြေနိုင်တယ်ဟု ကြွားလုံးထုတ်သည့်အခါ ရှင်မောဂ္ဂလာန်နှင့် ရှင်သာရိပုတ္တရာတို့က ရှက်သဖြင့် အသာတကြည် ထပြန်သွားကြပါတယ်။
မထေရ်နှစ်ပါးထပြန်သွားသည့်အခါ ပရိသတ်က မေးခွန်းတွေ မေးကြပါတယ်။ ရဟန်းအိုကြီး မဖြေနိုင်ဘဲ ထွက်ပြေးတဲ့အခါ မစင်တွင်းထဲ လိမ့်ကျသွားပါတယ်။
မစင်တွင်းထဲလိမ့်ကျသွားသော ရဟန်းအိုကြီးကိုအကြောင်းပြုပြီး အတိတ်ဆောင်ဟောကြားတော်မူတာပါ။

ဟိမဝန္တာတောထဲ၌ ရေအိုင်ကြီးတစ်ခုရှိသည်။ ထိုရေအိုင်သို့ တိရစ္ဆာန်အားလုံး လာရောက်ရေသောက်ကြသည်။
တစ်နေ့သောအခါ တောဝက်တစ်ကောင် ရေသောက်နေသည်ကို ခြင်္သေ့တစ်ကောင်က မြင်လေသည်။
ထိုခြင်္သေ့သည် ဗိုက်ပြည့်နေသဖြင့် တောဝက်ကို အလိုမရှိပေ။ ခြင်္သေ့ကိုမြင်သွားလျင် နောက်နောင် ဤရေကန်သို့ တောဝက်တွေ မလာမည်ကို မလိုလားသဖြင့် အသံမပေးဘဲ တိတ်တဆိတ် ရေသောက်ပါသည်။
ရေသောက်ပြီးသည့်အခါ အသံမပေးဘဲ တိတ်တဆိတ် ပြန်သွားပါသည်။
ဤသည်ကို ရေသောက်နေသည့်တောဝက်မြင်သွားသည့်အခါ မာန်တက်သွားပြီး ခြင်္သေ့ကို စိန်ခေါ်ပါသည်။
စတုပ္ပဒေါ အဟံ သမ္မ၊ တွမ္ပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိန္နု ဘီတော ပလာယသိ။
ခြင်္သေ့ကြီး- ငါလည်း ခြေလေးချောင်းသတ္တဝါ၊ သင်လည်း ခြေလေးချောင်းသတ္တဝါ ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် ငါ့ကို ကြောက်၍ ပြေးဘိသနည်း၊ ပြန်လာလှည့်ပါခြင်္သေ့ကြီး။
တောဝက်၏ စကားကို ကြားသည့်အခါ ခြင်္သေ့ကပြန်ပြောလေသည်။
ယနေ့တော့ စစ်မထိုးလိုသေး၊ ယနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ ဤနေရာကိုသာ လာခဲ့ပါဟူ၏။
တောဝက်သည် ခြင်္သေ့ကို စိန်ခေါ်လိုက်ရသည်ကို ဝမ်းသာအားရဖြင့် တောဝက်အပေါင်းအား ပြန်ပြောလေသည်။
ထိုအခါ တောဝက်တို့သည် ကြောက်လန့်ကုန်ကြကာ သင့်ကြောင့် ငါတို့ဝက်မျိုး ပျက်သုဉ်းတော့မှာပဲ ခြင်္သေ့ကိုမှ သွားပြီးစိန်ခေါ်ရဲတယ်ဟုပြောကာ ပြစ်တင်ရှုတ်ချကြလေသည်။
ထိုအခါကျမှ ဝက်သည် ခြင်္သေ့ကို ကြောက်ရမှန်းသိသွားလေသည်။
စိန်ခေါ်ပွဲသို့သွားလျင် အသတ်ခံရမည်ကိုလည်း ကြောက်သွားသည်။
မသွားလျင် သူ့ကိုအကြောင်းပြုပြီး တောဝက်အပေါင်း သေကြေပျက်စီးမှာကိုလည်း စိုးရိမ်သွားသည်။
ထိုအခါ ဝက်များက အကြံပြုလေသည်။
ယနေ့မှစ၍ ရသေ့ကျောင်းသင်္ခန်းသို့သွားကာ မစင်တွင်းထဲမှာ နေလေပါ၊ မစင်များဖြင့် ခန္ဓာကိုယ်ကို သုတ်လိမ်း၍ အခြောက်ခံထားပါ၊ စိန်ခေါ်ပွဲရောက်သည့်နေ့၌ မစင်များကို ရေနှူးကာ လေညာအရပ်မှ စောင့်မျှော်နေပါ။ ထိုအခါ ခြင်္သေ့ကြီး လှည့်ပြန်သွားပါလိမ့်မည်ဟူ၍ ဖြစ်လေသည်။
ခုနစ်ရက်မြောက်သောနေ့၌ စိန်ခေါ်ပွဲကြီး ဆိုက်ရောက်လာလေပြီ။ စိန်ခေါ်သူ တောဝက်ကြီးလည်း မစင်များလိမ်းကျံထားကာ လေညာအရပ်မှ စောင့်နေလေသည်။ ခြင်္သေ့မင်းရောက်လာသည့်အခါ တောဝက်၏ အပြုအမူကိုကြည့်၍ သင်သာ မစင်လူးမထားလျင် ဤနေရာမှာပင် သေမှာသေချာပေသည်။ ယခုမူကား သင့်၏ကိုယ်ကို နှုတ်သီးဖြင့် ကိုက်သတ်ဖို့ဝေးစွ၊ ခြေထောက်ဖြင့်ပင် မထိချင်ဟု ရယ်သွမ်း သွေးလိုက်လေတော့၏။
အသုစိ ပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါယိ သူကရ။
သစေ ယုဇ္ဈိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။
အချင်းဝက် သင်သည် မစင်လူးထားသဖြင့် ပုပ်နှံ့လှိုင်နေ၏။ ဤပုံစံဖြင့် ငါ့ကို စစ်ထိုးလိုက ငါသည် အရှုံးပေးပါ၏။ သင်သည် ငါ့ကို အနိုင်ယူပါလေ။
(ဒုကနိပါတ်၊ ဒဠှဝဂ်၊ သူကရဇာတ်၊)
တောဝက်သည် ဆွေးတော်မျိုးတော်များထံသို့သွား၍ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံလေသည်။
တောဝက်အပေါင်းတို့သည် စိန်ခေါ်သူ တောဝက်ကို အကြောင်းပြု၍ ဝက်တစ်မျိုးသားလုံး မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သဖြင့် ဘေးလွတ်ရာသို့ အသိုက်ပြောင်းသွားကြလေတော့၏။
ဤသည်ကို ရည်ရွယ်၍ မာန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာကြမ်းကြီးမှာ ဤသို့ စပ်ဆိုထားလေသည်။
ရှေးသောခါက၊ တေဇာပြင်းရှင်၊ မိဂိန္ဒြ၊ သားများဘုရင်၊ မစားချင်၍၊ လမ်းတွင်တွေ့ငြား၊ ရှောင်ကာသွားသော်၊ ငါ့အားမဖောက်၊ ခြင်္သေ့ကြောက်ဟု၊ မလောက်မလေး၊ မာန်ထောင်သွေးလျက်၊ သေဘေးမသိ၊ မိုက်မိမိုက်မဲ၊ အတင့်ရဲသည်၊ ဝက်မွဲ၏နှယ်၊ ရန်စရှယ်ရှင့်။(မဃဒေဝ။ ၁၉၀။)

တောသားညစ်စွန်း၊ မစင်တုံးဖြင့်၊ ကိုယ်လုံးမံလျက်၊ ဘင်လူးဝက်ကို၊ မဖက်ဝေးအောင်၊ ခြင်္သေ့ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်းခွာလော့။ (မဃဒေဝ။ ၂၀၅)

စာရေးသူသည် ၂၀၁၂ မှစ၍ ပြည်တွင်းပြည်ပ မီဒီယာများကို တလေးတစား ဆက်ဆံခဲ့ပါသည်။
ပြည်တွင်းမီဒီယာများဆိုလျှင် အကူအညီများစွာပင် ပေးခဲ့ဖူးပါသည်။
ပြည်ပမီဒီယာများဆိုလျှင်လည်း နိုင်ငံကြီးသားများဖြစ်သည်၊ လူကြီးလူကောင်းများဖြစ်သည်၊ ကမ္ဘာနှင့်ချီ၍ အလုပ်လုပ်နေကြသည် စသည်သဘောထား၍ အချိန်ပေးဖြေဆိုခဲ့ပါသည်။
အချို့မီဒီယာများကား နှစ်နာရီကြာမေးဖြေသွားသည်များကို နှစ်မိနစ်စာသာ ထုတ်လွှင့်ကြပေသည်။
ပြည်ပမီဒီယာအများစုသည် မွတ်ဆလင်ကမ္ဘာအတွက် စုံစမ်းထောက်လှမ်းကြသည့် အယောင်ဆောင် သတင်းသမားများဖြစ်ကြလေသည်။
အောက်မှပင့်၍ ရိုက်သည့်ပုံများ သူတို့ပြန်သွားလျှင် ပုံဆိုးပန်းဆိုး ထွက်လာလေသည်။
ရုပ်/သံဖိုင်များသည်လည်း ပြည်တွင်းမူဆလင်များလက်ထဲသို့ ချက်ချင်းရောက်သွားလေသည်။
အဆိုးဆုံးမှာ BBC သတင်းဌာနဖြစ်၏။
စာရေးသူက ကျွေးသောလက်သောကိုက်သည့်ခွေး ဥပမာပေး၍ ဖြေကြားသည်ကို မွတ်ဆလင်တွေကို ခွေးဟု ပြောသည်ဟုဆိုကာ ထထိုးမည့်ပုံစံမျိုးလုပ်လေသည်။
၎င်းသတင်းထောက်သည်ပင် ရန်ကုန်ဆိပ်ကမ်း၌ NO ROHINGYA ဆိုင်းဘုတ်ကိုင်၍ မလေးရှားသင်္ဘောကို ဆန္ဒပြနေသည့် အရှင်သုစိတ္တ(မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ-ရန်ကုန်)ကို ခါးထောက်၍ ရန်တွေ့မေးမြန်းနေသည်ကို တွေ့ရပေသည်။
ထို့အတူ BBC သည် ကုလားသတင်းသက်သက်သာ အကောင်းလွှင့်ပြီး မြန်မာသတင်းဆိုလျှင် မသဒ္ဓါရေစာသဘောမျိုးသာ ထုတ်လွှင့်ပေသည်။
BBC ဝီရသူကို ဘာကြောင့်မုန်းနေသနည်း၊ အဖြေရှာကြည့်သည့်အခါ NLD ကိုဝေဖန်သဖြင့်၊ အစိုးရကိုဝေဖန်သဖြင့် မုန်းတီးနေသည်ဟု ထင်မိလေသည်။ အမှန်တကယ်မှာမူ အမျိုးသားရေး လုပ်သောကြောင့် မုန်းနေခြင်းဖြစ်လေတော့၏။
အကြောင်းမှာ ယခုအခါ NLD အစိုးရမကောင်းကြောင်းကိုလည်း ပယ်ပယ်နယ်နယ် ထုတ်လွှင့်နေသောကြောင့်တည်း။
ယခင်က သူတို့ သူကောင်းပြုခဲ့သော ဒီမိုကရေစီသူရဲကောင်းဒေါ်အောင်ဆန်းစုကြည်ကို မောင်တောအရေးနှင့်ပတ်သက်သည့်အခါ ရစရာမရှိအောင် တိုက်ခိုက်ရေးသားနေသည်ကို တွေ့ရသောကြောင့်တည်း။

စာရေးသူသည် မည်သည့်မီဒီယာကိုမျှ မကြောက်ပါ။
မည်သည့်နိုင်ငံ့ခေါင်းဆောင်ကိုမျှလည်း မကြောက်ပါ။
မည်သည့်အဖွဲ့အစည်းကိုမျှလည်း မကြောက်ပါ။
အမျိုးသားရေးနှင့်ပတ်သက်လာလျှင် အများနှင့်တစ်ယောက်ပင်ဖြစ်ပါစေ ယှဉ်ပြောဝံ့ပါသည်။
ရင်ဆိုင်ဝံ့ပါသည်။
နည်းနည်းလေးမျှ တုန်လှုပ်တတ်သူမဟုတ်ပါ။
သို့သော် မစင်းလူးထားသောတောဝက်ကို ခြင်္သေ့ရှောင်သကဲ့သို့ ချီးလူးထားသော သတင်းသမားများကိုလည်း စာရေးသူရှောင်ပါသည်။
ထိုသို့ရှောင်သည်ကို ကြောက်သည်ဟု သင်ယူဆလျှင် ထိုအကြောက်တရားကို ဘုရားသာဓုခေါ်မည်သာတည်း။
တောသားညစ်စွန်း၊ မစင်တုံးဖြင့်၊ ကိုယ်လုံးမံလျက်၊ ဘင်လူးဝက်ကို၊ မဖက်ဝေးအောင်၊ ခြင်္သေ့ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်းခွာလော့။ (မဃဒေဝ။ ၂၀၅)

ဝီရသူ(မစိုးရိမ်)
28.9.2017
PM 6:17