Daily Archives: September 30, 2017

သတင်း

မုဒိတာရပ်ဝန်း(လောကအလင်း ပညာရေးအလှူ)

  ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၁၈၀၀၀၀ိ (တစ်သိန်းရှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (၂၈.၉.၂ဝ၁၇) အခုအကြိမ်သည် (၁၄)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က (၁၇၀၀၀၀ိ။) ...
သတင်း

့မြန်မာ့ဥဒါန်းဂျာနယ်

  မာင်သွေးချွန် ဦးဆောင်စီစဉ်သည့် မြန်မာ့ဥဒါန်းဂျာနယ် အောင်ဇေယျတုဂျာနယ်ဝိုင်းတော်သားများမှ စီစဉ်တင်ဆက်သည်။ မြန်မာ့ဥဒါန်းဂျာနယ်အမှတ်(၁)တွင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သြဝါဒကထာ၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဆရာတော်ကြီးများ၏ သဝဏ်လွှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအကြောင်း၊ အမျိုးသားရေးစကားဝိုင်း ကိုဖီအာနန်ကော်မရှင်သို့ ဝေဖန်ချက်များ၊ အလောင်းဘုရား၏ မြန်မာ့ဥဒါန်း မဘသ အမျိုးသားရေးလှုပ်ရှားမှုသတင်းများ၊ ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး နိုင်ငံတကာနှင့် ပြည်တွင်းသတင်းရက်စွဲများ၊ အမျိုးသားနိုင်ငံရေးဆောင်းပါး စသည့် စာကောင်းစာသန့်များနှင့်အတူ ၁၃၇၉ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ထွက်ပါပြီ။ မဟာဗောဓိမြိုင်ဆရာတော်၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီး၊ အရှင်ကုမာရ(မြတောင်)၊ ရှင်မတောင်ဆရာတော်၊ ဒေါက်တာအရှင်သောပါက၊ အရှင်ခေမိန္ဒ(တိပိဋကနိကာယ)၊ မောင်သွေးချွန်၊ မြင့်ရွှေ၊ ရွှေမြင့်မောင်၊ ...
သတင်း

ဝီရသူ သဝဏ်လွှာ ဖတ်ကြားသည့်အစီအစဉ်ကြောင့် ထောင်တစ်လချမည်ဟု မိတ္ထီလာရဲစခန်းက ဆို

  28.9.2017 ရက်နေ့က ကျင်းပခဲ့သည့် မိတ္ထီလာမြို့ အကြမ်းဖက်မှု ရှုတ်ချပွဲမှာ စာရေးသူပေးပို့သော သဝဏ်လွှာ ဖတ်ကြားသောကြောင့် မိတ္ထီလာရဲစခန်းက ပွဲစီစဉ်သူများကို ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးမေးမြန်းပါတယ်။ တစ်မနက်လုံးနီးပါး စစ်ဆေးမေးမြန်းပြီးတဲ့နောက် သဝဏ်လွှာဖတ်ကြားသည့်အစီအစဉ်သည် မူလတင်ပြစဉ်က မပါဝင်သောကြောင့် တာဝန်ခံလျှောက်ထားသူကို တရားစွဲမှာဖြစ်ကြောင်း ထောင်တစ်လ ကျနိုင်ကြောင်း ပြောကြားလိုက်တာပါ။ (သဝဏ်လွှာကို ပူးတွဲတင်ပြထားပါသည်) စုံစမ်းရန် ကိုခိုင်ထူး 0933525253 ———————————————————————- “မိတ္ထီလာ သဝဏ်လွှာ” =============== မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဘင်္ဂလီအကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲသို့ ကြွရောက်လာကြကုန်သော မျိုးချစ်ပြည်သူအပေါင်းတို့ ...
သတင်း

သဝဏ်လွှာဖတ်ကြားသူ ငွေဒဏ်အရိုက်ခံရ

28.9.2017 ရက်နေ့ ဘင်္ဂလီအကြမ်းဖက်မှုရှုတ်ချပွဲ ကျင်းပတဲ့ မိတ္ထီလာအခမ်းအနားမှာ မူလတင်ပြထားတဲ့ အစီအစဉ်ထဲမပါဘဲ ဦးဝီရသူပေးပို့သော သဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဣန္ဒက(မန်း)မှ ဖတ်ကြားတဲ့အတွက်ကြောင့် အထက်ဖိအားအရ တရားစွဲဆိုရတာလို့ ဆိုပါတယ်။ ပွဲစီစဉ်သူ ဦးမောင်ထွန်းကို ဒီကနေ့မနက်ပိုင်းမှာ ရဲစခန်းက ခေါ်ယူစစ်ဆေးပြီး အချုပ်ထဲ ထည့်ထားလိုက်ပါတယ်။ မွန်းလွဲ ၁း၀၀ နာရီမှ ၃း၃၀ နာရီအထိ အချုပ်ထဲမှာ နေခဲ့ရပြီး ၃း၃၀ မှာ တရားရုံးသို့ထုတ်ကာ မိတ္ထီလာတရားရုံးက ငွေဒဏ်တစ်သောင်း ချမှတ်လိုက်တာပါ။ ဦးမောင်ထွန်းဆိုတာ ပြီးခဲ့တဲ့မတ်လတုန်းက ဦးဝီရသူကို ပင့်ပြီး ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၈)

  အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် သူငယ်ချင်းတစ်ခုမှ အလှူငွေ ၅၆၀၀၀၀(ငါးသိန်းခြောက်သောင်း)ကျပ် အရှင်သုခိန္ဒြိယ(သုခိန်-ဗုဒ္ဓတက္ကသိုလ်)မှ လာရောက်ဆက်ကပ်စဉ်။ (29.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။  
ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားတိုးတက်ရေးပါတီ သဘောထားကြေညာချက်

  မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အစီရင်ခံစာအား လမ်းပြမြေပုံ (Road Map)အဖြစ် သတ်မှတ်ခြင်းအပေါ် ကန့်ကွက်ကြောင်း သဘောထားကြေညာချက် (၂/၂၀၁၇) ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြောင်းရှာဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်းကို ၂၆.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၃/၂၀၁၆)ဖြင့်လည်းကောင်း၊ အဆိုပါကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအား ၂၅.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၁/၂၀၁၇)ဖြင့်လည်းကောင်း မိမိတို့ပါတီမှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ ...
သတင်း

ဥပုသ်နေ့တရားတော် (၁)” “မစင်လူးသူရဲကောင်းကြီးBBC

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန်းအိုကြီးတစ်ပါးကို အကြောင်းပြုပြီး ဟောကြားခဲ့တဲ့ တရားတော်လေးပါ။ ရဟန်းအိုကြီးက ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို အန်တုပြီး ပရိသတ်ထဲမှာ မေးချင်ရာမေး ငါဖြေနိုင်တယ်ဟု ကြွားလုံးထုတ်သည့်အခါ ရှင်မောဂ္ဂလာန်နှင့် ရှင်သာရိပုတ္တရာတို့က ရှက်သဖြင့် အသာတကြည် ထပြန်သွားကြပါတယ်။ မထေရ်နှစ်ပါးထပြန်သွားသည့်အခါ ပရိသတ်က မေးခွန်းတွေ မေးကြပါတယ်။ ရဟန်းအိုကြီး မဖြေနိုင်ဘဲ ထွက်ပြေးတဲ့အခါ မစင်တွင်းထဲ လိမ့်ကျသွားပါတယ်။ မစင်တွင်းထဲလိမ့်ကျသွားသော ရဟန်းအိုကြီးကိုအကြောင်းပြုပြီး အတိတ်ဆောင်ဟောကြားတော်မူတာပါ။ ဟိမဝန္တာတောထဲ၌ ရေအိုင်ကြီးတစ်ခုရှိသည်။ ထိုရေအိုင်သို့ တိရစ္ဆာန်အားလုံး လာရောက်ရေသောက်ကြသည်။ တစ်နေ့သောအခါ တောဝက်တစ်ကောင် ရေသောက်နေသည်ကို ...
သတင်း

နိုင်ငံရေးနိယာမ

နိုင်ငံရေးလောကဓံဆိုတာ ဒီလိုပဲ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုးပါ။ စတာလင် ၊ လီနင် တို့လည်း ရုပ်တုပုံတွေ ဖြုတ်ချခံရတာပဲ။ ဆဒမ်ဟူစိန်ဆိုတာကတော့ ပြောစရာမလိုဘူးပေါ့။ ဒါကြောင့် နိုင်ငံရေးသရဖူက တဒင်္ဂ အမျိုးသားရေးသရဖူက ထာဝရ။ ကြိုက်တာရွေးပေါ့နော်။ ——————————————————————————— အောက်စဖို့တက္ကသိုလ်ခန်းမ၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖြုတ်ချ By Coconuts Yangon Sep. 29, 2017 [ဓာတ်ပုံ – အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟယုကောလိပ်၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား] ၁၉၆၇ ကျောင်းသူဟောင်းဖြစ်ပြီး လက်ရှိတွင် ...