သတင်း

သဝဏ်လွှာဖတ်ကြားသူ ငွေဒဏ်အရိုက်ခံရ

28.9.2017 ရက်နေ့ ဘင်္ဂလီအကြမ်းဖက်မှုရှုတ်ချပွဲ ကျင်းပတဲ့ မိတ္ထီလာအခမ်းအနားမှာ မူလတင်ပြထားတဲ့ အစီအစဉ်ထဲမပါဘဲ ဦးဝီရသူပေးပို့သော သဝဏ်လွှာကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဣန္ဒက(မန်း)မှ ဖတ်ကြားတဲ့အတွက်ကြောင့် အထက်ဖိအားအရ တရားစွဲဆိုရတာလို့ ဆိုပါတယ်။
ပွဲစီစဉ်သူ ဦးမောင်ထွန်းကို ဒီကနေ့မနက်ပိုင်းမှာ ရဲစခန်းက ခေါ်ယူစစ်ဆေးပြီး အချုပ်ထဲ ထည့်ထားလိုက်ပါတယ်။
မွန်းလွဲ ၁း၀၀ နာရီမှ ၃း၃၀ နာရီအထိ အချုပ်ထဲမှာ နေခဲ့ရပြီး ၃း၃၀ မှာ တရားရုံးသို့ထုတ်ကာ မိတ္ထီလာတရားရုံးက ငွေဒဏ်တစ်သောင်း ချမှတ်လိုက်တာပါ။
ဦးမောင်ထွန်းဆိုတာ ပြီးခဲ့တဲ့မတ်လတုန်းက ဦးဝီရသူကို ပင့်ပြီး တရားပွဲကျင်းပတုန်းက တရားပွဲကုသိုလ်ရှင်လည်းဖြစ်၊ အလှူဒါယကာလည်း ဖြစ်ပါတယ်။
တရားပွဲ ကုသိုလ်ရှင် အလှူဒါယကာ ဦးမောင်ထွန်းရဲ့ အမျိုးသမီးကတော့ ဟိုအရင်တုန်းက အစ္စလာမ်ဘာသာဝင်ပါ။
အခုတော့ ဗုဒ္ဓဘာသာဝင်အဖြစ် တရားဝင်ကူးပြောင်းထားသူပါ။
ဦးဝီရသူရဲ့ အကြမ်းမဖက် ဥပဒေဘောင်အတွင်းမှ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ထောက်ပံ့အားပေးလိုတဲ့အနေနှင့် တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇ အကူအညီပေးလို့ တရားပွဲပင့်နိုင်ခဲ့တာပါ။
အခုတော့ အလှူဒါယကာ ဒါယိကာမ မိသားစုလည်း တောင်သာလေးဆရာတော်ရုံးချိန်းလာရ၊ ကိုယ်တိုင်လည်း အချုပ်ထဲ နှစ်နာရီခွဲကြာကြာနေရနဲ့ NLD အစိုးရလက်ထပ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ သူတော်ကောင်းတွေ ထောင်နဲ့အင်မတန်နီးနေကြောင်း သက်သေပြလိုက်တာပဲဖြစ်ပါတယ်။
ဝီရသူ(မစိုးရိမ်)
29.9.2017
PM 6:05