သတင်း

ဝီရသူ သဝဏ်လွှာ ဖတ်ကြားသည့်အစီအစဉ်ကြောင့် ထောင်တစ်လချမည်ဟု မိတ္ထီလာရဲစခန်းက ဆို

 

28.9.2017 ရက်နေ့က ကျင်းပခဲ့သည့် မိတ္ထီလာမြို့ အကြမ်းဖက်မှု ရှုတ်ချပွဲမှာ စာရေးသူပေးပို့သော သဝဏ်လွှာ ဖတ်ကြားသောကြောင့် မိတ္ထီလာရဲစခန်းက ပွဲစီစဉ်သူများကို ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးမေးမြန်းပါတယ်။
တစ်မနက်လုံးနီးပါး စစ်ဆေးမေးမြန်းပြီးတဲ့နောက် သဝဏ်လွှာဖတ်ကြားသည့်အစီအစဉ်သည် မူလတင်ပြစဉ်က မပါဝင်သောကြောင့် တာဝန်ခံလျှောက်ထားသူကို တရားစွဲမှာဖြစ်ကြောင်း ထောင်တစ်လ ကျနိုင်ကြောင်း ပြောကြားလိုက်တာပါ။
(သဝဏ်လွှာကို ပူးတွဲတင်ပြထားပါသည်)

စုံစမ်းရန်
ကိုခိုင်ထူး
0933525253
———————————————————————-

“မိတ္ထီလာ သဝဏ်လွှာ”
===============

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ဘင်္ဂလီအကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲသို့ ကြွရောက်လာကြကုန်သော မျိုးချစ်ပြည်သူအပေါင်းတို့ ယနေ့အချိန်သည် မြန်မာတစ်မျိုးသားလုံးအပေါ် အန္တရာယ်ဆိုးကြီး ကျရောက်လာသော အချိန်ကာလပင် ဖြစ်ပါသည်။

အရေးကြီးလျှင် သွေးနီးကြသည့် မြန်မာတို့၏ထုံးစံအတိုင်း ယခုလို နိုင်ငံတော်အစိုးရနှင့် တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြသသောအားဖြင့် သွေးစည်းညီညွတ်စွာ အကြမ်းဖက်မှု ရှုတ်ချပွဲကြီးကို ကျင်းပနိုင်သည့်အတွက် အင်မတန်ပင် နှစ်ထောင်းအားရ ဖြစ်မိပါသည်။

ရခိုင်အရေးသည် ရခိုင်ပြည်နယ်တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့်အရေးမဟုတ်ပါ။ ပြည်ထောင်စုတစ်ဝှမ်းလုံးနှင့် သက်ဆိုင်သောအရေး ဖြစ်ပါသည်။ ရခိုင်အရေးသည် လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်း လုံးဝ မဟုတ်ပါ။ မောင်တောနှင့် ဘူးသီးတောင်ကို ခြေကုတ်ယူကာ ရခိုင်ပြည်ကို အစ္စလာမ္မစ်နိုင်ငံထူထောင်လိုသော ဂျီဟဒ်ဝါဒီ မူဆလင်အကြမ်းဖက်သမားတို့၏ ဂျီဟဒ်စစ်ပွဲတစ်ခုသာ ဖြစ်ပါသည်။ နိုင်ငံရေးဝိသမလောဘသားတို့၏ ရခိုင်ပြည်ကို မြန်မာ့မြေပုံထဲမှ ခွဲထုတ်ရန် အကြမ်းဖက်ခြင်းသာ ဖြစ်ပါသည်။

အစွန်းရောက်ဂျီဟဒ်ဝါဒီများသည် အစ္စလာမ်ဘာသာဝင်မဟုတ်သော ဘာသာခြားမှန်သမျှကို ရန်သူလိုသဘောထားတတ်ကြပါသည်။ ထိုသူတို့ကို ကာဖိရ် ဟု သတ်မှတ်ထားကာ ထိုသူတို့ကို လုပ်ကြံသတ်ဖြတ်ရေးအတွက် နေ့စဉ် ၂၄ နာရီ အချိန်ပြည့် ကြံစည်နေသူများ ဖြစ်ပါသည်။ အထူးသဖြင့် မူဆလင်လူဦးရေးများပြားသည့် မြို့ရွာများရှိ အခြားဘာသာဝင်ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါသည်။

ရခိုင်ပြည်မြောက်ပိုင်းမှ ပြည်သူများသည် အစ္စလာမ်ဘာသာကို မကိုးကွယ်သည့်အတွက် ရန်သူအဖြစ် သတ်မှတ်ခံရကာ ဂျီဟဒ်ဝါဒီ ဘင်္ဂလီတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကို မရှုမလှ ခံခဲ့ရခြင်း ဖြစ်ပါသည်။

ယခင်က တိုင်းရင်းသားများကိုသာ ရည်ရွယ်သတ်ဖြတ်ခဲ့ကြသော်လည်း ယခုမူ အချုပ်အခြာအာဏာကို ပိုင်စိုးသူများမဟုတ်သည့် လူနည်းစု ဟိန္ဒူလူမျိုးများကိုပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်လာသည်ကို တွေ့ရပါသည်။

ဤသည်မှာ မောင်တောနေ လူနည်းစုမှန်သမျှအတွက် ကြီးမားသော အန္တရာယ်ပင် ဖြစ်ပါသည်။
မောင်တောမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူမှန်သမျှ လုံးဝ မနေနိုင်ရေးက အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။
ဤသည်ကို ကမ္ဘာကြီးသိရှိအောင် ထုတ်ဖော်ပြသဖို့ လိုပါသည်။

ယခုအချိန်သည် မင်း-သူ-ငါ ခွဲခြားနေရမည့်အချိန်မဟုတ်ပါ။ မင်း-သူ-ငါ ပေါင်းစည်းရမည့်အချိန် ဖြစ်ပါသည်။

ယခုအချိန်သည် မည်သူကောင်းသည် မည်သူဆိုးသည် ဝေဖန်နေရမည့်အချိန် မဟုတ်ပါ။ အားလုံး စုစည်းရမည့်အချိန် ဖြစ်ပါသည်။

ယခုအချိန်သည် မည်သူမှန်သည် မည်သူမှားသည် ငြင်းခုံရမည့်အချိန် မဟုတ်ပါ။ ရင်ချင်းအပ် ကျောချင်းကပ်ရမည့်အချိန် ဖြစ်ပါသည်။

မျိုးချစ်ပြည်သူအပေါင်းတို့…
အကြမ်းဖက်သမား လူရမ်းကားတို့၏ ရိုဟင်ဂျာ လုပ်ကြံဇာတ်တည်းဟူသော မုသားအလိမ်အညာ အရှုပ်ထုပ်ကြီးကို ကမ္ဘာကြီး အမှန်အတိုင်းသိမြင်သွားအောင် ဆက်လက်အင်းအားပြကြပါစို့…။

ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)
28.9.2017

Video: Sai Min Khant