သတင္း

သဟာယ ဝါဆိုသကၤန္းကပ္အလွဴ

ဒုတိယဝါဆိုလျပည္ေက်ာ္ ၁ ရက္၊ 28.7.2018 ရက္ေန႔၊ မနက္ ၁၀း၃၀ နာရီ၊ မႏၲေလး၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာေက်ာင္းမွာ ကပ္လွဴပါတယ္။

ညီေတာ္ေမာင္ နာယကဆရာေတာ္ေလးမ်ား၊ ေလာကအလင္း၊ မန္း မေဟာ္သဓာ ေက်ာင္းေတာ္တို႔မွ စာခ်ဆရာေတာ္ေလးမ်ားႏွင့္ မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလတို႔ ၾကြေရာက္ခ်ီးေျမႇာက္ၾကပါတယ္။

အလွဴရွင္ေတြကေတာ့ ဦးမုိးကို+ေဒၚခုိင္မာဝင္း၊ သမီး မခင္ဇာျခည္ဝင္း (MK ေက်ာက္မ်က္ရတနာ)မိသားစုႏွင့္ ေရာဟိနီ သံဃေဝယ်ာဝစၥအဖြဲ႔ ျဖစ္ပါတယ္။

ပင့္သံဃာမ်ားအား ဝါဆိုသကၤန္းႏွင့္ နဝကမၼအလွဴေငြ ဆက္ကပ္လွဴဒါန္းၿပီး စာသင္သားသံဃာမ်ားအား နဝကမၼတစ္ေသာင္းက်ပ္စီ လွဴဒါန္းပါတယ္။

စာေရးသူက ေရစက္ခ်အႏုေမာဒနာတရား ေဟာၾကားပါတယ္။

၁။ အတၱဟိတပဲလုပ္ၿပီး ပရဟိတ မလုပ္သူ၊

၂။ ပရဟိတပဲလုပ္ၿပီး အတၱဟိတ မလုပ္သူ၊

၃။ အတၱဟိတေရာ ပရဟိတေရာ လုပ္တဲ့သူ၊

၄။ အတၱဟိတလည္းမလုပ္၊ ပရဟိတလည္းမလုပ္တဲ့သူ၊

၁.၂.၃ ကိုေဆာင္ၿပီး နံပါတ္ဖိုးကို ေရွာင္ၾကဖုိ႔၊ နံပါတ္ဖိုးဟာ အႏၲရာယ္ျပဳတတ္လုိ႔ ေဝးေဝးေနၾကဖို႔၊ နံပါတ္ ၃ လိုျဖစ္ေအာင္ ႀကဳိးစားအားထုတ္ၾကဖုိ႔ တုိက္တြန္းေဟာၾကားခဲ့ပါတယ္။

 

 

“သဟာယ ဝါဆိုသင်္ကန်းကပ်အလှူ”

ဒုတိယဝါဆိုလပြည်ကျော် ၁ ရက်၊ 28.7.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာကျောင်းမှာ ကပ်လှူပါတယ်။

ညီတော်မောင် နာယကဆရာတော်လေးများ၊ လောကအလင်း၊ မန်း မဟော်သဓာ ကျောင်းတော်တို့မှ စာချဆရာတော်လေးများနှင့် မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။

အလှူရှင်တွေကတော့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာ)မိသားစုနှင့် ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ ဖြစ်ပါတယ်။

ပင့်သံဃာများအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး စာသင်သားသံဃာများအား နဝကမ္မတစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။

စာရေးသူက ရေစက်ချအနုမောဒနာတရား ဟောကြားပါတယ်။

၁။ အတ္တဟိတပဲလုပ်ပြီး ပရဟိတ မလုပ်သူ၊
၂။ ပရဟိတပဲလုပ်ပြီး အတ္တဟိတ မလုပ်သူ၊
၃။ အတ္တဟိတရော ပရဟိတရော လုပ်တဲ့သူ၊
၄။ အတ္တဟိတလည်းမလုပ်၊ ပရဟိတလည်းမလုပ်တဲ့သူ၊
၁.၂.၃ ကိုဆောင်ပြီး နံပါတ်ဖိုးကို ရှောင်ကြဖို့၊ နံပါတ်ဖိုးဟာ အန္တရာယ်ပြုတတ်လို့ ဝေးဝေးနေကြဖို့၊ နံပါတ် ၃ လိုဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။