သတင်း

လောကအလင်း ကျောင်းသားကျောင်းသူများ လာရောက်ဖူးမြော်

ဒီနေ့ ပြာသိုလဆန်း(၁၁)ရက် 28.12.2017 ညနေ ၅း၃၀နာရီမှာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။
အင်္ဂလိပ်စာနှင့် မြန်မာစာ ဆရာတော်နှစ်ပါး ဦးဆောင်ပြီး သြဝါဒခံယူကြတာပါ။ ဒီနေ့ အစမ်းစာမေးပွဲ နောက်ဆုံးနေ့ဖြေပြီးချိန်ဖြစ်လို့ မနက်ဖြန်ဆို ဘုရားဖူးထွက်ကြမှာပါ။

ဘုရားဖူးမသွားခင် လာရောက် ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများအားလုံး ဦးရေ ၆၀ ဘုရားဖူးထွက်ကြပါမယ်။ ဘုရားဖူးထွက်တဲ့အခါ ကုသိုလ်ရအောင်ယူဖို့ သြဝါဒပေးပါတယ်။ စာမေးပွဲ ရက် ၆၀ပဲလိုတော့တာမို့ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ သြဝါဒပေးပါတယ်။

ဓမ္မစေတိယကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှ လောကနာထစေတီတော်ကြီးကို သွားရောက်ဖူးမြော်ပြီးမှ ပြန်ကြပါတယ်။
လောကအလင်း တည်ထောင်ခဲ့တာ ၆နှစ်ရှိပါပြီ။ ကျောင်းသူကျောင်းသားများ မစိုးရိမ်ထိလာပြီးကန်တော့တာ ဒီတစ်ကြိမ်ပါပဲ။ သူတို့လေးတွေပညာရေးအတွက် ငွေကြေးအကုန်အကျခံပြီး ထောက်ပံ့ပေးနေလို့ ဘော့စိဘုန်းကြီး ထင်နေကြပါတယ်၊ ကျောင်းရောက်တဲ့အခါမှ ရှိစုမဲ့စုချွေးနည်းစာလေးတွေနှင့် ထောက်ပံ့နေကြောင်း သိသွားကြတာပါ။ လောကအလင်း သားသားမီးမီးလေးများ လောကအလင်းဆောင်နိုင်ပါစေ။