သတင်း

ပဋ္ဌာန်းစာအုပ် အလှူတော်

ပဋ္ဌာန်းစာအုပ် အလှူတော်

—————————

ပထမကြီးတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း အလှူတော် ဖြစ်ပါတယ်။

စာရေးသူ – အင်းစိန်မှာ နေရတုန်းက ရေးသားပြုစုခဲ့တဲ့ စာအုပ်ပါ။

ပဋ္ဌာန်းပို့ချတဲ့အခါ ဝှိုက်ဘုတ်တွေ ဘလက်ဘုတ်တွေနဲ့ ရေးပြရင် နောက်ဆုံးတန်း သံဃာများ မမြင်ရလို့ စာအုပ်နဲ့လုပ်ပေးဖြစ်သွားတာပါ။

ပြီးခဲ့တဲ့ နှစ်တုန်းက စာအုပ်အကြမ်းနဲ့ ပို့ချခဲ့တာ အဆင်ပြေပါတယ်။

ခါတိုင်းလို အကြာကြီး ပို့ချစရာမလိုတော့သလို ဇယားတွေ ဝီထိတွေလည်း ရေးဆွဲပြစရာ မလိုတော့လို့ လွယ်ကူမြန်ဆန်ခဲ့တာပါ။

ဒီနှစ်တော့ စာအုပ်အချော ထုပ်ဝေနိုင်ခဲ့ပါပြီ။

အလှူရှင်တွေကတော့ ရန်ကုန်မြို့မှ ဒေါက်တာစိန်ရွှေ+ဒေါ်မြင့်ရီ မိသားစုဖြစ်ပါတယ်။

မစိုးရိမ်တိုက်သစမှာ အကြီးတန်း သံဃာ ၂၀၈ ပါးရှိပါတယ်။ အကြီးတန်း သံဃာအားလုံးကို တစ်အုပ်စီ လှူဒါန်းတာပါ။

စာမျက်နာ လေးရာကျော်ရှိတဲ့ ပဋ္ဌာန်းကျမ်းကြီးပါ။ မစိုးရိမ်ဆရာတော်ကြီးရဲ့ ပဋ္ဌာန်းနှစ်ချက်စုနည်းနဲ့ ပြုစုထားတာပါ။

ဒီစာအုပ်ကို ဒုတိယဝါဆိုလပြည့်(1.8.2023) ရက်နေ့မှာ သံဃာတော်များအား လောင်းလှူပါတယ်။

နတ်လူသာဓုခေါ်စေသော်…………..ဝ်။