Daily Archives: August 5, 2023

သတင်း

သိက္ခာထပ် ကံထပ် ကုသိုလ်တော်

သိက္ခာထပ် ကံထပ် ကုသိုလ်တော် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ပညာရေးပဒေသာပင်အဖြစ် လစဉ် အလှူငွေ ၁၅သိန်းကျပ် လှူဒါန်းနေသူများဖြစ်သလို အခုရဟန်းခံပွဲမှာလည်း မဟာနာယကဆရာတော်ကြီးအား ဓမ္မပူဇာအလှူငွေ ၁၀သိန်းကျပ်၊အရှင်ဝီရသူအား သိန်း၁၀၀ ကျပ်၊ နာယက ဆရာတော် ၂၆ ပါးနှင့် ပင့်သံဃာ ၂၄ပါးအား သင်္ကန်းတစ်စုံစီနှင့်၊ ဝတ္ထုငွေ ငါးသောင်းစီ၊ စာချဆရာတော် ၂၉ပါးနှင့် စာသင်တန်းအောင်သံဃာ ၂၁ပါးအား နိသီဒိုင်တစ်ထည်စီနှင့် ဝတ္ထုငွေ သုံးသောင်းကျပ်စီ၊ မစိုးရိမ်တိုက်သစ် ဝါဆိုသံဃာ ၂၃၂၅ ပါးအား နဝကမ္မ(လိုရာသုံး) ဝတ္ထုငွေ ၅ထောင်ကျပ်စီ လှူဒါန်းကြပါတယ်။
သတင်း

မစိုးရိမ်တိုက်သစ် ဝါဆိုပွဲ

မစိုးရိမ်တိုက်သစ် ဝါဆိုပွဲ —————————         မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ သံဃာတော်များ ဝါဆိုပွဲကို 2.8.2023 ရက်နေ့ ညနေ 4း00 နာရီမှာ ကျင်းပခဲ့ပါတယ်။         ညနေ 33း0 နာရီမှာ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသက အလှူရှင်များအား ရေစက်ချအနုမောဒနာတရား ဟောကြားတော်မူပါတယ်။         ညနေ 4း00 နာရီမှာ မဟာနာယကဆရာတော် ၃ ပါးနှင့် နာယကဆရာတော် ၂၃ပါးတို့က တစ်ပါးချင်းစီ ဝါဆိုတော်မူကြပြီး၊ ၎င်းနောက် စာသင်သံဃာတော်များ ဝါစဉ်အလိုက် ဝါဆိုတော်မူကြပါတယ်။ ...
သတင်း

ပဋ္ဌာန်းစာအုပ် အလှူတော်

ပဋ္ဌာန်းစာအုပ် အလှူတော် ————————— ပထမကြီးတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း အလှူတော် ဖြစ်ပါတယ်။ စာရေးသူ – အင်းစိန်မှာ နေရတုန်းက ရေးသားပြုစုခဲ့တဲ့ စာအုပ်ပါ။ ပဋ္ဌာန်းပို့ချတဲ့အခါ ဝှိုက်ဘုတ်တွေ ဘလက်ဘုတ်တွေနဲ့ ရေးပြရင် နောက်ဆုံးတန်း သံဃာများ မမြင်ရလို့ စာအုပ်နဲ့လုပ်ပေးဖြစ်သွားတာပါ။ ပြီးခဲ့တဲ့ နှစ်တုန်းက စာအုပ်အကြမ်းနဲ့ ပို့ချခဲ့တာ အဆင်ပြေပါတယ်။ ခါတိုင်းလို အကြာကြီး ပို့ချစရာမလိုတော့သလို ဇယားတွေ ဝီထိတွေလည်း ရေးဆွဲပြစရာ မလိုတော့လို့ လွယ်ကူမြန်ဆန်ခဲ့တာပါ။ ဒီနှစ်တော့ စာအုပ်အချော ထုပ်ဝေနိုင်ခဲ့ပါပြီ။ အလှူရှင်တွေကတော့ ရန်ကုန်မြို့မှ ဒေါက်တာစိန်ရွှေ+ဒေါ်မြင့်ရီ ...