သတင်း

သိက္ခာထပ် ကံထပ် ကုသိုလ်တော်

သိက္ခာထပ် ကံထပ် ကုသိုလ်တော်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ သိက္ခာထပ်(ကံထပ်)ပွဲဖြစ်ပါတယ်။ 

၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်၁ရက်(2.8.2023) နေ့မှာ ကျင်းပပါတယ်။

မနက် 7း00 နာရီ သိမ်ဝင်ပြီး၊ 8း00 နာရီမှာ ပရိတ်တရားနာယူကြပါတယ်။

သံဃာတော်များ 103း0 နာရီမှာ နေ့ဆွမ်းကပ်ပြီးနောက် ဧည့်ပရိသတ်မျာအား ဆက်လက်ဧည့်ခံကျွေးမွေးပါတယ်။

သက်တော်ရှည် ဝါခင်းကုန်းဆရာတော်ကြီးနဲ့ ကျောက်ဆည်မြို့၊ ရွှေကူညီဆရာတော်ကြီးတို့ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ ဥပသမ္ပဒကံဆောင် ကြွရောက်တော်မူကြပါတယ်။

ကျောက်ဆည်မြို့၊ ရွှေကူညီဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသဟာ ဆရာတော်အရှင်ဝီရသူရဲ့ ငယ်ဆရာဖြစ်ပါတယ်။

မဟာနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ မထေရ်ကြီးက အနုမောဒနာ တရားဟောကြားပါတယ်။
ရဟန်းဒကာ ဒကာမများကတော့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ် စတိုးနှင့် အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး၊ ဦးတင်မောင်ဝင်း+ဒေါ်ဌေး မိသားစုတို့ပဲ ဖြစ်ပါတယ်။

ရွှေအိမ်မိသားစုဟာ ဆရာတော်ဦးဝီရသူ တည်ထောင်ထားတဲ့

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ပညာရေးပဒေသာပင်အဖြစ် လစဉ် အလှူငွေ ၁၅သိန်းကျပ် လှူဒါန်းနေသူများဖြစ်သလို အခုရဟန်းခံပွဲမှာလည်း မဟာနာယကဆရာတော်ကြီးအား ဓမ္မပူဇာအလှူငွေ ၁၀သိန်းကျပ်၊
အရှင်ဝီရသူအား သိန်း၁၀၀ ကျပ်၊ နာယက ဆရာတော် ၂၆ ပါးနှင့် ပင့်သံဃာ ၂၄ပါးအား သင်္ကန်းတစ်စုံစီနှင့်၊ ဝတ္ထုငွေ ငါးသောင်းစီ၊ စာချဆရာတော် ၂၉ပါးနှင့် စာသင်တန်းအောင်သံဃာ ၂၁ပါးအား နိသီဒိုင်တစ်ထည်စီနှင့် ဝတ္ထုငွေ သုံးသောင်းကျပ်စီ၊ မစိုးရိမ်တိုက်သစ် ဝါဆိုသံဃာ ၂၃၂၅ ပါးအား နဝကမ္မ(လိုရာသုံး) ဝတ္ထုငွေ ၅ထောင်ကျပ်စီ လှူဒါန်းကြပါတယ်။

သိမ်ဆင်းလောင်းလှူသူများကတော့ အရောင်အသွေးစုံလင်သော ပြည်သူများနှင့် ရဟန်းဒကာ ဒကာမများ ပရိသတ်များ ဖြစ်ပါတယ်။

ရဟန်းဒကာ ဒကာမများ၊ အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။