ကဆုန္လျပည့္ေက်ာ္(၉)ရက္၊ 10.5.2018 ရက္ေန႔၊ ညေနပုိင္းမွာ မင္းကြန္းပုထိုးေတာ္ႀကီးဘကေက်ာင္းသုိ႔ ေရာက္ရွိခဲ့ပါတယ္။
မန္း မဘသ အတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ႀကီး ဘဒၵႏၲကုသလ(သာသနဓဇဓမၼာစရိယ၊ ပါဠိပါရဂူ)ႏွင့္အတူ သြားေရာက္ကုသုိလ္ျပဳၾကတာပါ။
မင္းကြန္းပုထိုးေတာ္ႀကီး ဘကေက်ာင္းက ပုထိုးေတာ္ႀကီးအေနာက္ဘက္ကပ္လ်က္ တည္ရွိေသာ ဓမၼေစတီေက်ာင္းတုိက္ႀကီးအတြင္းမွာ ဖြင့္လွစ္ထားတာပါ။ ယခုႏွစ္မွ စတင္ဖြင့္လွစ္ျခင္းျဖစ္ၿပီး (၅)တန္းမွ (၁၀)တန္းအထိ ေက်ာင္းသားေက်ာင္းသူ (၁၀၀)နီးပါးရွိပါတယ္။
ဆရာ ဆရာမ (၂၀)ေက်ာ္ရွိပါတယ္။ ကိုရင္ေလးမ်ား ေက်ာင္းသားေလးမ်ား ေက်ာင္းသူေလးမ်ား ကိုယ့္အေဆာင္ႏွင့္ကိုယ္ ဆရာ ဆရာမမ်ားက အေဆာင္မွဴးမ်ားအျဖစ္ အနီးကပ္ထိန္းေက်ာင္းၾကသလို ဘကေက်ာင္းအုပ္ဆရာေတာ္ ဦးဥကၠ႒ႏွင့္ လက္ေထာက္ဆရာေတာ္ ဦးေသာဘိတတို႔က အုပ္ခ်ဳပ္စီမံၾကပါတယ္။
ဓမၼေစတီဆရာေတာ္ ဦးနာဂိႏၵာလကၤာရႏွင့္ ၎၏ညီ ခန္းေနဆရာေတာ္ ဦးသုမနာလကၤာရတုိ႔က ရိကၡာမ်ား၊ ေနစရာမ်ားႏွင့္ အျခားလုိအပ္ခ်က္မ်ား ေထာက္ပံ့အားေပးၾကပါတယ္။ ဘကေက်ာင္းအုပ္ဆရာေတာ္ ဦးဥကၠ႒က စာေရးသူျမစ္ႀကီးနားေထာင္မွာေနရစဥ္ ေထာင္တြင္းအၿမဲတန္း တရားလာေဟာရင္း ဥပုသ္သီလလာေပးရင္း စာေရးသူကို လုိေလေသးမရွိေအာင္ ေထာက္ပံ့ကူညီခဲ့တဲ့ေနာင္ေတာ္ႀကီးပါ။
လက္ေထာက္ဆရာေတာ္ ဦးေသာဘိတကေတာ့ ေက်ာက္ဆည္ၿမဳိ႕၊ ေသာၾကာၾကယ္ဘကေက်ာင္းရဲ႕ လက္ေထာက္ဆရာေတာ္ျဖစ္ပါတယ္။ ဒီ ညီေတာ္ေနာင္ေတာ္ႏွစ္ပါး စီမံအုပ္ခ်ဳပ္လ်က္ရွိေသာ မင္းကြန္းပုထိုးေတာ္ႀကီး ဘကေက်ာင္းမွာ စာေရးသူက ဗလာစာအုပ္၊ ပံုႏွိပ္စာအုပ္၊ ကြန္ပါဘူး၊ ေဘာပင္၊ ခဲတံ၊ အထူးထုတ္စာအုပ္မ်ား သြားေရာက္လွဴဒါန္းတာပါ။
ဆရာေတာ္ႀကီး ဦးကုသလက ၾသဝါဒေပးၿပီး စာေရးသူက မိတ္ဆက္စကားေျပာၾကားကာ စာအုပ္စာတန္းမ်ား လွဴဒါန္းပါတယ္။
မင္းကြန္းပုထိုးေတာ္ႀကီး ဘကေက်ာင္းမွာ (၅)တန္းမွ (၁၀)တန္းအထိ ေက်ာင္းသားေက်ာင္းသူမ်ား (၁၅၀)မွ (၂၀၀)အထိ လက္ခံသင္ၾကားေပးသြားမယ္လို႔ သိရပါတယ္။
အေျခအရပ္ရပ္ေၾကာင့္ မိမိေက်းရြာမွာ ေက်ာင္းဆက္လက္တက္ဖို႔ရန္ အခက္အခဲရွိေနေသာ အလယ္တန္း အထက္တန္း ေက်ာင္းသူေက်ာင္းသားမ်ား အပ္ႏွံလုိပါက ဆက္သြယ္ႏိုင္သလုိ ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ စားဝတ္ေနေရး ပညာေရးအတြက္ လွဴဒါန္းေထာက္ပံ့လိုသူမ်ားလည္း ဆက္သြယ္ႏိုင္ပါတယ္။
 
ဦးေသာဘိတ(ေသာၾကာၾကယ္) – 09454611969
ဦးသုမနာလကၤာရ – 09797107964 / 09422212933
ဦးဥကၠ႒ – 09781513980 / 0947234939
 
 
ဝီရသူ ဝက္ဘ္ဆိုဒ္ (အဂၤလိပ္) https://eng.wirathu.com/
၀ီရသူ ဝက္ဘ္ဆုိဒ္ (ျမန္မာ) = https://www.wirathu.com/

ဝီရသူ ဘေလာ့ = https://wirathu.blogspot.com/

“မင်းကွန်း ပုထိုးတော်ကြီး ဘကကျောင်း”

ကဆုန်လပြည့်ကျော်(၉)ရက်၊ 10.5.2018 ရက်နေ့၊ ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီးဘကကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။

မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ)နှင့်အတူ သွားရောက်ကုသိုလ်ပြုကြတာပါ။ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းက ပုထိုးတော်ကြီးအနောက်ဘက်ကပ်လျက် တည်ရှိသော ဓမ္မစေတီကျောင်းတိုက်ကြီးအတွင်းမှာ ဖွင့်လှစ်ထားတာပါ။

ယခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူ (၁၀၀)နီးပါးရှိပါတယ်။ ဆရာ ဆရာမ (၂၀)ကျော်ရှိပါတယ်။ ကိုရင်လေးများ ကျောင်းသားလေးများ ကျောင်းသူလေးများ ကိုယ့်အဆောင်နှင့်ကိုယ် ဆရာ ဆရာမများက အဆောင်မှူးများအဖြစ် အနီးကပ်ထိန်းကျောင်းကြသလို ဘကကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌနှင့် လက်ထောက်ဆရာတော် ဦးသောဘိတတို့က အုပ်ချုပ်စီမံကြပါတယ်။

ဓမ္မစေတီဆရာတော် ဦးနာဂိန္ဒာလင်္ကာရနှင့် ၎င်း၏ညီ ခန်းနေဆရာတော် ဦးသုမနာလင်္ကာရတို့က ရိက္ခာများ၊ နေစရာများနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့အားပေးကြပါတယ်။ ဘကကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌက စာရေးသူမြစ်ကြီးနားထောင်မှာနေရစဉ် ထောင်တွင်းအမြဲတန်း တရားလာဟောရင်း ဥပုသ်သီလလာပေးရင်း စာရေးသူကို လိုလေသေးမရှိအောင် ထောက်ပံ့ကူညီခဲ့တဲ့နောင်တော်ကြီးပါ။ လက်ထောက်ဆရာတော် ဦးသောဘိတကတော့ ကျောက်ဆည်မြို့၊ သောကြာကြယ်ဘကကျောင်းရဲ့ လက်ထောက်ဆရာတော်ဖြစ်ပါတယ်။

ဒီ ညီတော်နောင်တော်နှစ်ပါး စီမံအုပ်ချုပ်လျက်ရှိသော မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းမှာ စာရေးသူက ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကွန်ပါဘူး၊ ဘောပင်၊ ခဲတံ၊ အထူးထုတ်စာအုပ်များ သွားရောက်လှူဒါန်းတာပါ။ ဆရာတော်ကြီး ဦးကုသလက သြဝါဒပေးပြီး စာရေးသူက မိတ်ဆက်စကားပြောကြားကာ စာအုပ်စာတန်းများ လှူဒါန်းပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းမှာ (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူများ (၁၅၀)မှ (၂၀၀)အထိ လက်ခံသင်ကြားပေးသွားမယ်လို့ သိရပါတယ်။

အခြေအရပ်ရပ်ကြောင့် မိမိကျေးရွာမှာ ကျောင်းဆက်လက်တက်ဖို့ရန် အခက်အခဲရှိနေသော အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားများ အပ်နှံလိုပါက ဆက်သွယ်နိုင်သလို ကျောင်းသူကျောင်းသားများရဲ့ စားဝတ်နေရေး ပညာရေးအတွက် လှူဒါန်းထောက်ပံ့လိုသူများလည်း ဆက်သွယ်နိုင်ပါတယ်။

ဦးသောဘိတ(သောကြာကြယ်) – 09454611969
ဦးသုမနာလင်္ကာရ – 09797107964 / 09422212933
ဦးဥက္ကဋ္ဌ – 09781513980 / 0947234939

ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/