မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
“မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မြစ်ကြီးနားမြို့နေ ဦးကျော်သူ+ဒေါ်ဆိုင်းခေါန် မိသားစုက နဝကမ္မအလှူငွေ ၁၀၀၀၀၀ဝိ (တစ်ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (8.4.2018)
ဦးကျော်သူမိသားစုသည် 2016 သြဂုတ်လတွင် ဦးဝီရသူအား နဝကမ္မအလှူငွေ (၁၀)သိန်းကျပ်နှင့် မန်း မဘသ အဖွဲ့ သဘာဝဘေးသင့်ပြည်သူများကယ်ဆယ်ရေးကော်မတီအား အလှူငွေ (၁၀)သိန်းကျပ်၊ 2016 အောက်တိုဘာလတွင် ဦးဝီရသူအား နဝကမ္မအလှူတော်ငွေ (၅) သိန်းကျပ်၊ 6.12.2016 နေ့တွင် ဦးဝီရသူအား အလှူငွေ(၅)သိန်းကျပ်၊ 27.1.2017 နေ့တွင် ဦးဝီရသူအား အလှူငွေ(၅)သိန်းကျပ်၊ 7.6.2017 နေ့တွင် ဦးဝီရသူအား အလှူငွေ(၅)သိန်းကျပ်၊ 28.7.2017 ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ(၁၀)သိန်းကျပ်၊ ဦးဝီရသူအား နဝကမ္မအလှူငွေ (၅)သိန်းကျပ်၊ စုစုပေါင်း အလှူငွေ (၁၅)သိန်းကျပ်၊
30.8.2017 နေ့တွင် ရခိုင်ပြည်သူများအတွက် အလှူငွေ သိန်း(၂၀)ကျပ်၊ 8.4.2018 နေ့တွင် မန်း မဟော်သဓာအတွက် အလှူငွေ သိန်း(၃၀)ကျပ် 8.4.2018 နေ့တွင် ဦးဝီရသူအား အလှူငွေ (၁၀)သိန်းကျပ် 8.4.2018 နေ့တွင် ဦးတေဇောဘာသ အား နဝကမ္မ (၁)သိန်းကျပ် လှူဒါန်းပါသည်။
အလှူရှင် ဦးကျော်သူ+ဒေါ်ဆိုင်းခေါန်မိသားစု နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသား များအတွက် နဂါးနီစုဘူးအသင်း တည်ထောင်၍လည်းကောင်း၊ လူမျိုးခြား ဘာသာခြားတို့ထံ၌ ဆန္ဒမရှိဘဲအလုပ်လုပ်နေရသော မိန်းကလေးများ၊ ကလေးသူငယ်များအတွက် မြန်မာလုပ်သားကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း၍လည်းကောင်း၊ အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် ဖြန့်ချိလျက်လည်းကောင်း၊ မဟာဝီရ ရသစုံ မဂ္ဂဇင်းထုတ် ဝေလျက်လည်းကောင်း၊ အခြားသော ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်သယ်ပိုးလျက်ရှိပါသည်။