သတင်း
ဝီရသူ (မစိုးရိမ်)
30.6.2018
“မတ္တရာ သူဌေးကျောင်းဆရာတော်ကြီး ဈာပနပွဲ”
29.6.2018 ရက်နေ့၊ မွန်းလွဲပိုင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သူဌေးတန်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တမာနိတသိရီဘိဝံသ၏ အန္တိမ အဂ္ဂိဈာပနအခမ်းအနားသို့ ရောက်ရှိခဲ့ပါတယ်။
သူဌေးတန်းဆရတော်ကြီးက တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးပါ။
သက်တော် (၈၄)၊ သိက္ခာတော် (၆၄)မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်ကြီး၏ နောက်ဆုံးခရီးမှာ တပည့်ဆိုးလေးလည်း လိုက်ပါပို့ဆောင်ရင်း နောက်ဆုံးရှိခိုးခြင်း ပစ္ဆိမဝန္ဒနာဖြင့် ရှိခိုးပူဇော်လျက် ကုသိုလ်ယူခဲ့ပါတယ်။
ဖားအောက်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ စည်ရှင်ဆရာတော်ကြီး ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ သံဃာတော်များ၊ တပည့်ဒကာ ဒကာမများ စံလင်လှပါတယ်။
အနီနှင့် အစိမ်းတွေလည်း တွေ့ပါတယ်။
ထုံးစံအတိုင်းပေါ့နော်
ဝီရသူကိုတွေ့တာနဲ့ အနီတွေက လက်တိုအတင်းပြောလိုပြော၊ မျက်စောင်းထိုး ဂျိုကြည့်ကြည့်သူက ကြည့်နဲ့ ပြည်သူ့ပါတီပီသပါပေတယ်။
အစိမ်းတွေကတော့ စာရေးသူကို လာနှုတ်မဆက်ပေမယ့် လက်အုပ်ချီ အရိုအသေပြုတာ၊ သီတဂူဆရာတော်ကြီးအား ဖူးမြော်စဉ် စာရေးသူနား လာထိုင်တာ တွေ့ရပါတယ်။
သီတဂူဆရာတော်ကြီးမိန့်တဲ့စကားကတော့
“ဘယ်သူတွေ ဘာပြောပြော ငါ အပြည့်အဝ ထောက်ခံတယ်၊ မင်းကို မေတ္တာပို့ပေးနေတယ်။ ကျန်းမာရေးဂရုစိုက်။”ဆိုတာပါပဲ။
ကျေးဇူးကြီးမားလှပါတယ် သီတဂူဆရာတော်ကြီးဘုရား…။
ဝီရသူ (မစိုးရိမ်)
30.6.2018