သတင္း

ငပလီၿမဳိ႕ ေက်ာင္းေရစက္ခ်ပြဲ(၁)”

4.5.2018 ရက္ေန႔၊ မြန္းလြဲပိုင္းမွာ ရခုိင္ျပည္နယ္ေတာင္ပုိင္း၊ သံတြဲခရိုင္၊ ငပလီၿမဳိ႕၊ ဂ်ိတ္ေတာရပ္ကြက္၊ ပုလဲရတနာစာသင္တုိက္သို႔ ေရာက္ရွိပါတယ္။ ငပလီၿမဳိ႕၊ ဂ်ိတ္ေတာရပ္ကြက္၊ ပုလဲရတနာစာသင္တုိက္၊ ပင္မသာသနာ့ဗ်ဴဟာေက်ာင္းေဆာင္ ေရစက္ခ်ပြဲအခမ္းအနား တက္ေရာက္ၾကတာပါ။
 
စာေရးသူတုိ႔ႏွင့္အတူ ရန္ကုန္ၿမဳိ႕မွ ေထရ္ႀကီးဝါႀကီး ရခုိင္ဆရာေတာ္ႀကီးမ်ားလည္း ေလယာဥ္တစ္စီးတည္းမွာ လုိက္ပါလာၾကပါတယ္။ ငပလီၿမဳိ႕သူၿမဳိ႕သား ဂ်ိတ္ေတာရြာသူရြာသား ေက်ာင္းသူေက်ာင္းသား ဆရာ ဆရာမမ်ား လႈိက္လဲပ်ဴငွာ ႀကဳိဆုိုၾကတာေတြ႔ရပါတယ္။ ပုလဲဆရာေတာ္ႀကီးကလည္း ၎၏ငယ္ဆရာမ်ားျဖစ္ၾကေသာ ရန္ကုန္ၿမဳိ႕မွၾကြေရာက္လာသည့္ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားအား လႈိက္လႈိက္လဲလဲ ဝမ္းပန္းတသာ အားရပါးရ ႀကဳိဆုိတာေတြ႔ရပါတယ္။
 
၎ေနာက္ စာေရးသူတုိ႔က ငပလီကမ္းေျခ ဦးေမာင္ေမာင္ဧည့္ရိပ္သာမွာ သြားေရာက္တည္းခိုပါတယ္။ ပင္လယ္ကမ္းစပ္မွာ ဖိနပ္ခၽြတ္လမ္းေလွ်ာက္ရင္း ပ႒ာန္းရြတ္ဖတ္ပူေဇာ္ခဲ့ပါတယ္။ စာေရးသူႏွင့္အတူ မစိုးရိမ္တုိက္ႀကီး နိရုတၱိဆရာေတာ္ အရွင္ဣႏၵာစကၠာဘိဝံသလည္း အတူလမ္းေလွ်ာက္ အတူရြတ္ဖတ္ပူေဇာ္ပါတယ္။
 
ဝီရသူ ဝက္ဘ္ဆိုဒ္ (အဂၤလိပ္) https://eng.wirathu.com/
၀ီရသူ ဝက္ဘ္ဆုိဒ္ (ျမန္မာ) = https://www.wirathu.com/
ဝီရသူ ဘေလာ့ = https://wirathu.blogspot.com/

“ငပလီမြို့ ကျောင်းရေစက်ချပွဲ(၁)”

4.5.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်၊ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနား တက်ရောက်ကြတာပါ။

စာရေးသူတို့နှင့်အတူ ရန်ကုန်မြို့မှ ထေရ်ကြီးဝါကြီး ရခိုင်ဆရာတော်ကြီးများလည်း လေယာဉ်တစ်စီးတည်းမှာ လိုက်ပါလာကြပါတယ်။ ငပလီမြို့သူမြို့သား ဂျိတ်တောရွာသူရွာသား ကျောင်းသူကျောင်းသား ဆရာ ဆရာမများ လှိုက်လဲပျူငှာ ကြိုဆိုကြတာတွေ့ရပါတယ်။ ပုလဲဆရာတော်ကြီးကလည်း ၎င်း၏ငယ်ဆရာများဖြစ်ကြသော ရန်ကုန်မြို့မှကြွရောက်လာသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ အားရပါးရ ကြိုဆိုတာတွေ့ရပါတယ်။

၎င်းနောက် စာရေးသူတို့က ငပလီကမ်းခြေ ဦးမောင်မောင်ဧည့်ရိပ်သာမှာ သွားရောက်တည်းခိုပါတယ်။ ပင်လယ်ကမ်းစပ်မှာ ဖိနပ်ချွတ်လမ်းလျှောက်ရင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ စာရေးသူနှင့်အတူ မစိုးရိမ်တိုက်ကြီး နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသလည်း အတူလမ်းလျှောက် အတူရွတ်ဖတ်ပူဇော်ပါတယ်။

ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/