သတင်း






ဝီရသူ(မစိုးရိမ်)

 

—— —— —— —– —–




အောင်အောင်(ပုသိမ်)



 

 

အရင်တုန်းကလည်းဝင်တယ် အခုလည်းဝင်တယ် ဒါဆို ဘာကွာလဲ?

အရင်တုန်းက ခိုးချောင်ခိုးဝှက် အခုကျ ပေါ်ပေါ်တင်တင်။

အရင်တုန်းက မလွတ်မလပ် အခုကျ လွတ်လွတ်လပ်လပ်။

အရင်တုန်းက ခက်ခက်ခဲခဲ အခုကျ လျှောလျှောရှူရှူ။

ဝီရသူ(မစိုးရိမ်)

 

ကြံခင်းမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦး ဖမ်းဆီးရမိ
—— —— —— —– —–

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု ရခိုင်ရိုးမတောအစပ်တွင် တောလမ်းမှ ပြည်တွင်းသို့ခိုးဝင်ရန်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မေ ၉ ရက်က ဖမ်းဆီးရမိကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ကြံခင်း ခုံကြီးရွာ ရခိုင်ရိုးမတောစပ်မှာ ဘင်္ဂါလီနှစ်ဦးတွေ့ရှိတယ်ဆိုတဲ့သတင်းရတဲ့အတွက် ကြံခင်းဘက်ရဲနယ်မြေစခန်းက နယ်ထိန်းအဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့တွေ စစ်ဆေးတဲ့အခါမှာ ဘင်္ဂါလီအမျိုးသား၂ ဦးတွေ့ရှိခဲ့တယ်။ စစ်ဆေးတဲ့အခါမှာ တောထဲမှာဘင်္ဂါလီတွေကျန်သေးတယ်လို့ သိရတဲ့အတွက် ပူးပေါင်းအဖွဲ့က တောနင်းရှာတာ နံနက် ၁ နာရီလောက်မှာ ခုံကြီးတောင် ကျောက်စကျင်တဲစုအနီးမှာ ဘင်္ဂါလီကျား ၃ဦးနဲ့ မ ၅ဦးကိုတွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်။ လက်ရှိမှာတော့ လဝက ဥပဒေနဲ့ အမူဖွင့်အရေးယူထားပါတယ်”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဖမ်းဆီးရမိသူများမှာ အသက်(၃၅)နှစ်မှ အသက်(၁၃)နှစ်အရွယ်များပါဝင်ပြီး ရခိုင်ပြည်နယ်ဘက်မှ ရိုးမတောတွင်းလမ်းအတိုင်း လမ်းလျှောက်ဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်အောင်(ပုသိမ်)

ဓါတ်ပုံ-ဇော်မျိုးအောင်

https://www.facebook.com/NewsWatchJournal/posts/1682030358501425