သတင်း






 

“အကြီးတန်း ပဋ္ဌာန်းစာဝါ”

ကဆုန်လပြည့်ကျော်(၁၀)ရက်၊ 9.5.2018 ည (7:00) နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းမှာ ပို့ချပါတယ်။

ပထမကြီးတန်း စာသင်သားသံဃာတော်များ တက်ရောက်သင်ယူကြပါတယ်။

ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဓဇ တီထွင်ခဲ့သော နှစ်ချက်စု ပဋ္ဌာန်းနည်းဖြင့် ပို့ချတာပါ။
ပြီးခဲ့တဲ့ ၁၃၇၉ ခု၊ စာသင်နှစ်မှာ စတင်ပို့ချခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ကြိမ်မြောက်ရှိပါပြီ။

နှစ်ချက်စုနှင့် ပဋ္ဌာန်းပါဠိတော်တိုက်ဆိုင်ပြီး ရှင်းပြပို့ချတာပါ။ လောကအဖြစ်အပျက်များကိုလည်း ပဋ္ဌာန်းအမြင် အဘိဓမ္မာအမြင်ဖြင့် ချိန်ထိုးပြီး လက်တွေ့ပြသပေးပါတယ်။

လူတွေရဲ့စိတ်ကို ပဋ္ဌာန်းအမြင်နဲ့ကြည့်ဖို့၊ လူတွေရဲ့မျက်နှာကို အဘိဓမ္မာမျက်စိနဲ့ ဖတ်တတ်ဖို့ ပဋ္ဌာန်းစာဝါက သင်ကြားပေးပါတယ်။