Daily Archives: May 10, 2018
သတင်း
ငပလီမြို့ ကျောင်းရေစက်ချပွဲ(၁)”
4.5.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်၊ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနား တက်ရောက်ကြတာပါ။   စာရေးသူတို့နှင့်အတူ ရန်ကုန်မြို့မှ ထေရ်ကြီးဝါကြီး ရခိုင်ဆရာတော်ကြီးများလည်း လေယာဉ်တစ်စီးတည်းမှာ လိုက်ပါလာကြပါတယ်။ ငပလီမြို့သူမြို့သား ဂျိတ်တောရွာသူရွာသား ကျောင်းသူကျောင်းသား ဆရာ ဆရာမများ လှိုက်လဲပျူငှာ ကြိုဆိုကြတာတွေ့ရပါတယ်။ ပုလဲဆရာတော်ကြီးကလည်း ၎င်း၏ငယ်ဆရာများဖြစ်ကြသော ရန်ကုန်မြို့မှကြွရောက်လာသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ အားရပါးရ ကြိုဆိုတာတွေ့ရပါတယ်။   ၎င်းနောက် စာရေးသူတို့က ငပလီကမ်းခြေ ...
သတင်း
အရင်တုန်းကလည်းဝင်တယ် အခုလည်းဝင်တယ် ဒါဆို ဘာကွာလဲ
အရင်တုန်းကလည်းဝင်တယ် အခုလည်းဝင်တယ် ဒါဆို ဘာကွာလဲ? အရင်တုန်းက ခိုးချောင်ခိုးဝှက် အခုကျ ပေါ်ပေါ်တင်တင်။ အရင်တုန်းက မလွတ်မလပ် အခုကျ လွတ်လွတ်လပ်လပ်။ အရင်တုန်းက ခက်ခက်ခဲခဲ အခုကျ လျှောလျှောရှူရှူ။ ဝီရသူ(မစိုးရိမ်)   ကြံခင်းမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦး ဖမ်းဆီးရမိ —— —— —— —– —– ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု ရခိုင်ရိုးမတောအစပ်တွင် တောလမ်းမှ ပြည်တွင်းသို့ခိုးဝင်ရန်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မေ ၉ ရက်က ...
သတင်း
အကြီးတန်း ပဋ္ဌာန်းစာဝါ
ကဆုန်လပြည့်ကျော်(၁၀)ရက်၊ 9.5.2018 ည (7:00) နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းမှာ ပို့ချပါတယ်။ ပထမကြီးတန်း စာသင်သားသံဃာတော်များ တက်ရောက်သင်ယူကြပါတယ်။ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဓဇ တီထွင်ခဲ့သော နှစ်ချက်စု ပဋ္ဌာန်းနည်းဖြင့် ပို့ချတာပါ။ ပြီးခဲ့တဲ့ ၁၃၇၉ ခု၊ စာသင်နှစ်မှာ စတင်ပို့ချခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ကြိမ်မြောက်ရှိပါပြီ။ နှစ်ချက်စုနှင့် ပဋ္ဌာန်းပါဠိတော်တိုက်ဆိုင်ပြီး ရှင်းပြပို့ချတာပါ။ လောကအဖြစ်အပျက်များကိုလည်း ပဋ္ဌာန်းအမြင် အဘိဓမ္မာအမြင်ဖြင့် ချိန်ထိုးပြီး လက်တွေ့ပြသပေးပါတယ်။ လူတွေရဲ့စိတ်ကို ပဋ္ဌာန်းအမြင်နဲ့ကြည့်ဖို့၊ လူတွေရဲ့မျက်နှာကို အဘိဓမ္မာမျက်စိနဲ့ ဖတ်တတ်ဖို့ ပဋ္ဌာန်းစာဝါက သင်ကြားပေးပါတယ်။   “အကြီးတန်း ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (30.4.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း
သတင်း
သတင်း
၂၀၁၈ ဝီသတိမဓမ္မသဘင်/ အုတ်တွင်း-ညောင်ပင်ကြီး
ကဆုန်လပြည့်ကျော်(၈)၊ 7.5.2018 ရက်နေ့၊ ည(8:00)နာရီ၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဗောဓိရတနာစာသင်တိုက် ဝံသာနုရက္ခိတအသင်းကြီး ပထမအကြိမ် ဝံသာနုဓမ္မသဘင်။ ညောင်ပင်ကြီးရွာ ဗောဓိရတနာစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တကေသရက တစ်ကိုယ်ရေအမျိုးသားရေးသမားပါ။ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ချင်လို့ ဧပြီလဆန်းပိုင်းမှာ ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက လားရှိုးခရီးစဉ်မှာ ခရီးသွားခဲ့လို့ စာရေးသူမတက်ရောက်နိုင်ခဲ့ပါ။ အခုဓမ္မသဘင်ကတော့ မကျေပွဲအဖြစ် အားခဲကျင်းပခြင်းပါပဲ။ ညောင်ပင်ကြီးဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပင့်ဖိတ်တော်မူပါတယ်။ ဖုန်းလည်း ခဏခဏဆက်ပြီး မဖြစ်မနေကြွရောက်ဖို့ တိုက်တွန်းတော်မူပါတယ်။ ရပ်ကျေးသံဃနာယက၊ မြို့နယ်သံဃနာယက၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ထောက်ခံချက်ပေးပြီးခါမှ လွှတ်တော်ကိုယ်စားလှယ်ဆိုသူ ဒေါ်ဂျိုမက ...
သတင်း
ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး ဆရာ ဆရာမများ အစည်းအဝေး
ကဆုန်လဆန်း(၁၄)ရက်၊ 28.4.2018 ရက်နေ့ မွန်းတည့် (12:00)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာဖွင့်လှစ်မည့် ပညာဒါနကျူရှင်ကျောင်းအတွက် ဆရာ ဆရာမများ ဖိတ်ခေါ်ဆွေးနွေးကြတာပါ။ ပုသိမ်ကြီးမြို့နယ်မှ နယ်ခံဆရာ ဆရာမများ မန္တလေးမြို့မှ ဆရာ ဆရာမများအားလုံး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြပါတယ်။ ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးမည့် ဆရာ ဆရာမများ စာရင်းပြုစုကာ အချိန်ဇယားများ ရေးဆွဲနိုင်ခဲ့ကြပါတယ်။ လောကအလင်း ဆရာအချို့ပါဝင်သလို အထက်တန်းကျောင်းအုပ်(ငြိမ်း)၊ တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အထက်တန်းပြ ဆရာ ဆရာမ(ငြိမ်း)များ ပါဝင်ကြပါတယ်။ ပထမနှစ် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းးတိုင်း၊ မုံရွာမြို့၊ အိုးဘိုတောင်ရွာ၊ မဟာဗောဓိအာရာမကျောင်းတိုက် ဆရာတော်ဦးစန္ဒောဘာသမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...