သတင်း





 

“မစိုးရိမ်တိုက်သစ် စာဝါများ ပြန်လည်စတင်ပါပြီ”

၁၃၈၀-ခု(၂၀၁၈-၂၀၁၉) စာသင်နှစ်အတွက် ကဆုန်လဆုတ်(၈)ရက်နေ့ (7.8.2018)နေ့မှာ ကျောင်းပြန်ဖွင့်ပါတယ်။
ကဆုန်လဆုတ်(၉)ရက်၊ (8.5.2018)နေ့မှာ စာဝါများ ပြန်လည်ဖွင့်လှစ်ပါတယ်။

စာရေးသူက စာချတန်း အဋ္ဌသာလိနီစာဝါပို့ချဖို့ တာဝန်ကျပါတယ်။ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ပို့ချရတာပါ။ စာချတန်း တစ်ကျမ်းလျှင် နာယကဆရာတော်နှစ်ပါး ပို့ချရပါတယ်။

မနက်ပိုင်းမှာ စာရေးသူက ပို့ချပြီး ညနေပိုင်းမှာ ဓမ္မသီတဂူကျောင်းနာယကဆရာတော် အရှင်ကောဏ္ဍညာလင်္ကာရာဘိဝံသ(ကိုကြီးကွန်း)က ပို့ချပါတယ်။

စာဝါပထမဦးဆုံးနေ့ဖြစ်လို့ စာဝါမချဘဲ စာချတန်းသာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်ကြဖို့ စာချတန်းကျမ်းပြီးအောင် ကျိုးစားသင်ယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။