သတင္း

၂၀၁၈ ဝီသတိမဓမၼသဘင္/ အုတ္တြင္း-ေညာင္ပင္ႀကီး

ကဆုန္လျပည့္ေက်ာ္(၈)၊ 7.5.2018 ရက္ေန႔၊ ည(8:00)နာရီ၊ ပဲခူးတုိင္း၊ အုတ္တြင္းၿမဳိ႕နယ္၊ ေညာင္ပင္ႀကီးေက်းရြာ၊ ေဗာဓိရတနာစာသင္တိုက္ ဝံသာႏုရကၡိတအသင္းႀကီး ပထမအႀကိမ္ ဝံသာႏုဓမၼသဘင္။

ေညာင္ပင္ႀကီးရြာ ေဗာဓိရတနာစာသင္တုိက္ဆရာေတာ္ႀကီး ဘဒၵႏၲေကသရက တစ္ကိုယ္ေရအမ်ဳိးသားေရးသမားပါ။ အဖြဲ႔အစည္းမ်ားႏွင့္ ခ်ိတ္ဆက္လုပ္ခ်င္လို႔ ဧၿပီလဆန္းပိုင္းမွာ ဝံသာႏုရကၡိတအဖြဲ႔ ဖြဲ႔စည္းခဲ့ပါတယ္။

အဲဒီတုန္းက လားရႈိးခရီးစဥ္မွာ ခရီးသြားခဲ့လို႔ စာေရးသူမတက္ေရာက္ႏိုင္ခဲ့ပါ။ အခုဓမၼသဘင္ကေတာ့ မေက်ပြဲအျဖစ္ အားခဲက်င္းပျခင္းပါပဲ။

ေညာင္ပင္ႀကီးဆရာေတာ္ႀကီးကိုယ္တုိင္ ၾကြေရာက္ပင့္ဖိတ္ေတာ္မူပါတယ္။ ဖုန္းလည္း ခဏခဏဆက္ၿပီး မျဖစ္မေနၾကြေရာက္ဖုိ႔ တိုက္တြန္းေတာ္မူပါတယ္။

ရပ္ေက်းသံဃနာယက၊ ၿမဳိ႕နယ္သံဃနာယက၊ ရဲ၊ မီးသတ္၊ က်န္းမာေရး၊ ေက်းရြာအုပ္္ခ်ဳပ္ေရးမွဴး စသည္တုိ႔က ေထာက္ခံခ်က္ေပးၿပီးခါမွ လႊတ္ေတာ္ကိုယ္စားလွယ္ဆုိသူ ေဒၚဂ်ဳိမက တရားပြဲမပ်က္ ပ်က္ေအာင္ဖ်က္မယ္လုိ႔ ႀကိမ္းဝါးၿပီး ဌာနဆုိင္ရာေတြကို ဖိအားေပးၿခိမ္းေျခာက္လာတာေၾကာင့္ ဆရာေတာ္ႀကီးခမ်ာ ညအခ်ိန္မေတာ္ႀကီး မႏၲေလးၾကြၿပီး အေျခအေနမ်ား ေျပာျပလာပါတယ္။

စာေရးသူကေတာ့ တရားပြဲခြင့္ျပဳတယ္ မျပဳဘူးဆုိတဲ့အဆံုးအျဖတ္ကို လူ႔အဖြဲ႔အစည္းေတြက ခ်မွတ္ပိုင္ခြင့္မရွိဘူး။ ကိုယ့္ေက်ာင္းတုိက္ထဲမွာက်င္းပတဲ့တရားပြဲအတြက္ အာဏာပိုင္ေတြဆီ ခြင့္ျပဳမိန္႔ ေတာင္းခံစရာမလိုဘူး။ လႊတ္ေတာ္အမတ္ဆိုတာ လႊတ္ေတာ္ထဲမွာပဲ လုပ္ပုိင္ခြင့္ရွိတယ္။ အုပ္ခ်ဳပ္ေရးမွာ ဝင္ေရာက္စြက္ဖက္ခြင့္မရွိဘူး။

အဲဒီလို ဝင္ေရာက္စြက္ဖက္လာရင္ လႊတ္ေတာ္နာယကကို ျပန္တိုင္လုိ႔ရတယ္။ ဒါေၾကာင့္ လုံးဝ မေၾကာက္ဖုိ႔၊ လံုးဝ ေနာက္မဆုတ္ဖုိ႔ ျပန္လည္ေလွ်ာက္ထားခဲ့ပါတယ္။

အမတ္မယ္ႀကီး ေဒၚဂ်ဳိမကေတာ့ ဂ်ဳိထ ဂ်ဳိၾကြလို႔ မဆံုးေတာ့ပါဘူး။ ျဖဴးၿမဳိ႕ ေရႊက်င္ေတာင္စာသင္တုိ္က္ႀကီး၏ ပဓာနနာယကဆရာေတာ္ႀကီးႏွင့္ တပည့္ စာခ်ဆရာေတာ္ ဦးမဏိသာရာဘိဝံသအမွဴးျပဳေသာ သံဃာေတာ္မ်ား၊ ေတာင္ငူ မဘသ ညီေနာင္မ်ား၊ ျဖဴးၿမဳိ႕ ပရဟိတအဖြဲ႔အစည္းမ်ားႏွင့္ အနီးဝန္းက်င္မွ ရြာသူရြာသားမ်ား လာေရာက္တရားနာၾကပါတယ္။

ဂ်ဳိမရဲ႕ လက္ရံုးရြာသူမႀကီးကေတာ့ တရားနာဖို႔လာတာမဟုတ္ဘူး၊ သူဘာေျပာမလဲ လာၾကည့္တာဟုဆုိကာ မတ္တတ္ရပ္ၿပီး ဗီဒီယိုရိုက္ေနေလရဲ႕။

ဗ်ဴဟာ(၅)ပါးတရား ေဟာၾကားခဲ့ပါတယ္။ မ႑ဳိင္သံုးရပ္ကို ပဏာမအေနနဲ႔ ရွင္းျပကာ ျပည္သူမ်ားအေနနဲ႔ လံုးဝ မေၾကာက္ၾကဖုိ႔ အားေပးေဟာၾကားခဲ့ပါတယ္။

ဒီမိုကေရစီေခတ္မွာ ျပည္သူက အစုိးရကို ေၾကာက္စရာမလိုဘူး။ အစုိးရကသာ ျပည္သူကို ေၾကာက္ရမွာ။ ဒီမိုကေရစီေခတ္မွာ ျပည္သူက ဝန္ထမ္းကို ေၾကာက္စရာမလိုဘူး။ ဝန္ထမ္းကသာ ျပည္သူကိုေၾကာက္ရမွာ။

ဝီရသူ(မစိုးရိမ္)

 

“၂၀၁၈ ဝီသတိမဓမ္မသဘင်/ အုတ်တွင်း-ညောင်ပင်ကြီး”

ကဆုန်လပြည့်ကျော်(၈)၊ 7.5.2018 ရက်နေ့၊ ည(8:00)နာရီ၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဗောဓိရတနာစာသင်တိုက် ဝံသာနုရက္ခိတအသင်းကြီး ပထမအကြိမ် ဝံသာနုဓမ္မသဘင်။

ညောင်ပင်ကြီးရွာ ဗောဓိရတနာစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တကေသရက တစ်ကိုယ်ရေအမျိုးသားရေးသမားပါ။
အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ချင်လို့ ဧပြီလဆန်းပိုင်းမှာ ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီတုန်းက လားရှိုးခရီးစဉ်မှာ ခရီးသွားခဲ့လို့ စာရေးသူမတက်ရောက်နိုင်ခဲ့ပါ။ အခုဓမ္မသဘင်ကတော့ မကျေပွဲအဖြစ် အားခဲကျင်းပခြင်းပါပဲ။ ညောင်ပင်ကြီးဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပင့်ဖိတ်တော်မူပါတယ်။

ဖုန်းလည်း ခဏခဏဆက်ပြီး မဖြစ်မနေကြွရောက်ဖို့ တိုက်တွန်းတော်မူပါတယ်။ ရပ်ကျေးသံဃနာယက၊ မြို့နယ်သံဃနာယက၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ထောက်ခံချက်ပေးပြီးခါမှ လွှတ်တော်ကိုယ်စားလှယ်ဆိုသူ ဒေါ်ဂျိုမက တရားပွဲမပျက် ပျက်အောင်ဖျက်မယ်လို့ ကြိမ်းဝါးပြီး ဌာနဆိုင်ရာတွေကို ဖိအားပေးခြိမ်းခြောက်လာတာကြောင့် ဆရာတော်ကြီးခမျာ ညအချိန်မတော်ကြီး မန္တလေးကြွပြီး အခြေအနေများ ပြောပြလာပါတယ်။

စာရေးသူကတော့ တရားပွဲခွင့်ပြုတယ် မပြုဘူးဆိုတဲ့အဆုံးအဖြတ်ကို လူ့အဖွဲ့အစည်းတွေက ချမှတ်ပိုင်ခွင့်မရှိဘူး။ ကိုယ့်ကျောင်းတိုက်ထဲမှာကျင်းပတဲ့တရားပွဲအတွက် အာဏာပိုင်တွေဆီ ခွင့်ပြုမိန့် တောင်းခံစရာမလိုဘူး။ လွှတ်တော်အမတ်ဆိုတာ လွှတ်တော်ထဲမှာပဲ လုပ်ပိုင်ခွင့်ရှိတယ်။ အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။

အဲဒီလို ဝင်ရောက်စွက်ဖက်လာရင် လွှတ်တော်နာယကကို ပြန်တိုင်လို့ရတယ်။ ဒါကြောင့် လုံးဝ မကြောက်ဖို့၊ လုံးဝ နောက်မဆုတ်ဖို့ ပြန်လည်လျှောက်ထားခဲ့ပါတယ်။

အမတ်မယ်ကြီး ဒေါ်ဂျိုမကတော့ ဂျိုထ ဂျိုကြွလို့ မဆုံးတော့ပါဘူး။ ဖြူးမြို့ ရွှေကျင်တောင်စာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီးနှင့် တပည့် စာချဆရာတော် ဦးမဏိသာရာဘိဝံသအမှူးပြုသော သံဃာတော်များ၊ တောင်ငူ မဘသ ညီနောင်များ၊ ဖြူးမြို့ ပရဟိတအဖွဲ့အစည်းများနှင့် အနီးဝန်းကျင်မှ ရွာသူရွာသားများ လာရောက်တရားနာကြပါတယ်။

ဂျိုမရဲ့ လက်ရုံးရွာသူမကြီးကတော့ တရားနာဖို့လာတာမဟုတ်ဘူး၊ သူဘာပြောမလဲ လာကြည့်တာဟုဆိုကာ မတ်တတ်ရပ်ပြီး ဗီဒီယိုရိုက်နေလေရဲ့။

ဗျူဟာ(၅)ပါးတရား ဟောကြားခဲ့ပါတယ်။
မဏ္ဍိုင်သုံးရပ်ကို ပဏာမအနေနဲ့ ရှင်းပြကာ ပြည်သူများအနေနဲ့ လုံးဝ မကြောက်ကြဖို့ အားပေးဟောကြားခဲ့ပါတယ်။
ဒီမိုကရေစီခေတ်မှာ ပြည်သူက အစိုးရကို ကြောက်စရာမလိုဘူး။
အစိုးရကသာ ပြည်သူကို ကြောက်ရမှာ။
ဒီမိုကရေစီခေတ်မှာ ပြည်သူက ဝန်ထမ်းကို ကြောက်စရာမလိုဘူး။
ဝန်ထမ်းကသာ ပြည်သူကိုကြောက်ရမှာ။

ဝီရသူ(မစိုးရိမ်)