သတင္း

ေက်ာက္ေခ်ာရြာ က်ဴရွင္ေက်ာင္းဖြင့္လွစ္ႏိုင္ေရး ဆရာ ဆရာမမ်ား အစည္းအေဝး

ကဆုန္လဆန္း(၁၄)ရက္၊ 28.4.2018 ရက္ေန႔ မြန္းတည့္ (12:00)နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ က်င္းပပါတယ္။

ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာမွာဖြင့္လွစ္မည့္ ပညာဒါနက်ဴရွင္ေက်ာင္းအတြက္ ဆရာ ဆရာမမ်ား ဖိတ္ေခၚေဆြးေႏြးၾကတာပါ။

ပုသိမ္ႀကီးၿမဳိ႕နယ္မွ နယ္ခံဆရာ ဆရာမမ်ား မႏၲေလးၿမဳိ႕မွ ဆရာ ဆရာမမ်ားအားလံုး စိတ္ပါဝင္စားစြာ တက္ေရာက္ေဆြးေႏြးၾကပါတယ္။ ဆုိင္ရာဘာသာရပ္အလိုက္ သင္ၾကားေပးမည့္ ဆရာ ဆရာမမ်ား စာရင္းျပဳစုကာ အခ်ိန္ဇယားမ်ား ေရးဆြဲႏိုင္ခဲ့ၾကပါတယ္။

ေလာကအလင္း ဆရာအခ်ဳိ႕ပါဝင္သလို အထက္တန္းေက်ာင္းအုပ္(ၿငိမ္း)၊ တြဲဖက္ပါေမာကၡ(ၿငိမ္း)၊ အထက္တန္းျပ ဆရာ ဆရာမ(ၿငိမ္း)မ်ား ပါဝင္ၾကပါတယ္။

ပထမႏွစ္ စတင္ဖြင့္လွစ္တာျဖစ္လုိ႔ ကိုးတန္း ဆယ္တန္း ႏွစ္ခုတည္းသာ သင္ၾကားေပးႏိုင္မွာပါ။ ရွစ္တန္းေက်ာင္းသူေက်ာင္းသားမ်ားအတြက္ကေတာ့ ပထမေျခလွမ္းအေပၚ မူတည္ေနပါတယ္။

ည ဂိုက္တန္းအျဖစ္ M.A ဘြဲ႕ရ ဆရာေတာ္ေလးမ်ား၊ လူငယ္ဆရာ ဆရာမမ်ားလည္း အားျဖည့္ကူညီၾကမွာ ျဖစ္ပါတယ္။ ေက်ာက္ေခ်ာေက်းရြာ ေက်ာင္းသားေက်ာင္းသူမ်ား၊ မိဘျပည္သူမ်ားကေတာ့ ကံေကာင္းၿပီးရင္း ေကာင္းေနေတာ့တာပါပဲ။

ေက်ာက္ေခ်ာေက်းရြာ ပညာဒါနက်ဴရွင္ေက်ာင္းကို ေမလအကုန္ေလာက္မွာ စတင္ဖြင့္လွစ္ႏို္င္ေတာ့မွာပါ။ ေက်ာက္ေခ်ာေက်းရြာ ေက်ာင္းသားေက်ာင္းသူအားလံုး သူေဌးသားသမီးမ်ားႏွင့္တန္းတူ ပညာသင္ၾကားခြင့္ ရရွိေတာ့မွာျဖစ္လို႔ မိဘျပည္သူမ်ား ဝမ္းသာအားရ ျဖစ္ေနၾကပါတယ္။

ေက်ာက္ေခ်ာေက်းရြာ ေက်ာင္းသားေက်ာင္းသူမ်ား ေအာင္ပြဲလီလီဆြတ္ခူးႏိုင္ၾကပါေစ…။

“ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး ဆရာ ဆရာမများ အစည်းအဝေး”

ကဆုန်လဆန်း(၁၄)ရက်၊ 28.4.2018 ရက်နေ့ မွန်းတည့် (12:00)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာဖွင့်လှစ်မည့် ပညာဒါနကျူရှင်ကျောင်းအတွက် ဆရာ ဆရာမများ ဖိတ်ခေါ်ဆွေးနွေးကြတာပါ။

ပုသိမ်ကြီးမြို့နယ်မှ နယ်ခံဆရာ ဆရာမများ မန္တလေးမြို့မှ ဆရာ ဆရာမများအားလုံး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြပါတယ်။ ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးမည့် ဆရာ ဆရာမများ စာရင်းပြုစုကာ အချိန်ဇယားများ ရေးဆွဲနိုင်ခဲ့ကြပါတယ်။

လောကအလင်း ဆရာအချို့ပါဝင်သလို အထက်တန်းကျောင်းအုပ်(ငြိမ်း)၊ တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အထက်တန်းပြ ဆရာ ဆရာမ(ငြိမ်း)များ ပါဝင်ကြပါတယ်။

ပထမနှစ် စတင်ဖွင့်လှစ်တာဖြစ်လို့ ကိုးတန်း ဆယ်တန်း နှစ်ခုတည်းသာ သင်ကြားပေးနိုင်မှာပါ။ ရှစ်တန်းကျောင်းသူကျောင်းသားများအတွက်ကတော့ ပထမခြေလှမ်းအပေါ် မူတည်နေပါတယ်။

ည ဂိုက်တန်းအဖြစ် M.A ဘွဲ့ရ ဆရာတော်လေးများ၊ လူငယ်ဆရာ ဆရာမများလည်း အားဖြည့်ကူညီကြမှာ ဖြစ်ပါတယ်။
ကျောက်ချောကျေးရွာ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများကတော့ ကံကောင်းပြီးရင်း ကောင်းနေတော့တာပါပဲ။
ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းကို မေလအကုန်လောက်မှာ စတင်ဖွင့်လှစ်နိုင်တော့မှာပါ။

ကျောက်ချောကျေးရွာ ကျောင်းသားကျောင်းသူအားလုံး သူဌေးသားသမီးများနှင့်တန်းတူ ပညာသင်ကြားခွင့် ရရှိတော့မှာဖြစ်လို့ မိဘပြည်သူများ ဝမ်းသာအားရ ဖြစ်နေကြပါတယ်။

ကျောက်ချောကျေးရွာ ကျောင်းသားကျောင်းသူများ အောင်ပွဲလီလီဆွတ်ခူးနိုင်ကြပါစေ…။