သတင်း

စည်းလုံးညီညာအောင်ကြောင်းဖြာ (၂)

ဒီနေ့ 20.7.2017 ညနေ ၅း၁၅ မန်း မဘသရုံးမှာ ဝိုင်းတော်သားအားလုံး စုစည်းမိကြပါတယ်။ မန်း မဘသ ဆိုင်းဘုတ်ကြီးရှေ့မှာ စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။

မန်း မဘသ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက် အကျော်ကျောင်း အောက်ထပ်မှာ စည်းဝေးကြပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော် ဆရာတော်ကြီးဦးကုသလနှင့် ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဦးပညာသာမိအမှူးပြုသော ဆရာတော်သံဃာတော်များနှင့် မျိုးချစ်သွေးချင်းများ စုံလင်စွာတက်ရောက်ကြပါတယ်။

မြင်းခြံမဘသမှဆရာတော်ဦးဇာဂရ၊ မိတ္ထီလာ မဘသမှ တောင်သာလေးဆရာတော်ဦးအဂ္ဂဓဇ၊ ပုဂံမဘသမှ ဆရာတော်ဦးပဏ္ဍိတ၊ ခင်ဦးမြို့နယ် သရက်ပင်ဝန်းရွာ မဘသမှ ဆရာတော်ဦးပညာဇောတ တို့လည်း လာရောက်အားပေးကြပါတယ်။
စာရေးသူနှင့် နိရုတ္တိဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသတို့က သြဝါဒပေးကြပါတယ်။ စာရေးသူက ဇွဲကပင်ဆရာတော်ကြီး မှာထားတဲ့အတိုင်း အားလုံးတောင့်ထားဖို့ အားပေးစကားပြောပါတယ်။