သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၂)

မေး – ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ်ဘုရား။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေ ရေးအဖွဲ့ကို ဝင်ခွင့်မပေးဘူးဆိုပေမယ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီကို တာဝန် ရှိသူတွေက လက်ခံတွေ့ဆုံခဲ့တယ်၊ နောက် ယန်ဟီးလီကလည်းပဲ ဇူလိုင် လ ၁ဝ ရက်ကနေ ၂၁ ရက်နေ့ထိ မြန်မာပြည်ကို လာဦးမယ်လို့လည်း သိရပါတယ်ဘုရား။ သိချင်တာက ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂရဲ့ သဘောထားရပ်တည်ချက်ကို အရှင်ဘုရားဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – ကုလသမဂ္ဂက အိုအိုင်စီရဲ့ ခါးပိုက်ထဲ ရောက်နေတာ ကြာပြီ။ ၉၇ ခုနှစ် သမ္မတ ကလင်တန်လက်ထက် မှာ ယူဂိုဆလပ်၊ ကိုဆိုဗို၊ ဆားဗီးယား ကိစ္စတွေဖြစ်နေကတည်းက အမေရိကန်၊ နေတိုးနဲ့ ကုလသမဂ္ဂဟာ အိုအိုင်စီရဲ့သဘောကို မလွန်ဆန်နိုင်ဘူးဆိုတာ အတော်လေး သတိထားမိခဲ့တယ်။
အဲဒီနောက်ပိုင်းကျတော့ ဘောင်ထဲကနေ ကိုဆိုဗိုလို သူတို့လိုချင်တဲ့ပုံစံမျိုးဖြစ်အောင် အင်အားနည်းတဲ့နိုင်ငံတွေကို အတင်းတွန်းပို့နေတာပေါ့။ အဲဒါကို နားမလည်တဲ့အခါကျတော့ ကာကွယ်နေတဲ့သူတွေကိုပဲ ရန်သူပြန်ထင်နေတယ်။ ယူအန်လည်း ခါးပိုက်ထဲမှာပဲ၊ အမေရိကန်လည်း ခါးပိုက်ထဲမှာပဲ၊ ဥရောပသမဂ္ဂဆိုတာလည်း ခါးပိုက်ထဲမှာပဲ။ နောက် အာစီယံတောင် ခါးပိုက်ထဲ ရောက်နေသလားတောင် ထင်ရတယ်။ အိုင်အိုင်စီက အဲဒီလို လှုပ်ရှားနေတာလေ။
အဲဒါကို တောင့်ခံနိုင်ဖို့လိုတယ်။ တောင့်မခံဘဲ နိုင်ငံတကာမှာ ကိုယ့်မျက်နှာလေး လှဖို့အတွက်၊ နိုင်ငံတကာမှာ ကိုယ့်မျက်နှာလေး ပြနိုင်ဖို့အတွက် နိုင်ငံတကာဖိအားတွေကိုကြောက်ပြီး ဖြေလျော့မှုတွေချည်း လုပ်နေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးကို သစ္စာဖောက်တာပဲ။

မေး – အရှင်ဘုရားပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်ဘုရား။ အာစီယံပေါ့လေ။ အာစီယံအဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားကလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး သံတမန်နည်းအရ ဖိအားပေးမယ်ဆိုတာမျိုးတွေ လုပ်မယ်လို့ ပြောနေတာတွေ့ရပါတယ်ဘုရား။ မလေးရှားရဲ့ ရိုဟင်ဂျာအရေး သုံးသပ်မှုတွေကို ဘယ်လိုမြင် ပါသလဲဘုရား။

ဖြေ – သူတို့က လွှတ်တော်ထဲမှာတောင် ဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေး နွေးနေပြီးတော့ သူတို့ ရိုဟင်ဂျာကို အတည်မပြု၊ အသိအမှတ်မပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပဲ။
သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ကိုင်လှုပ်နိုင်ရင် ရခိုင်ပြည်ကြီးကို ရပြီဆိုတဲ့ အမြင်မျိုးနဲ့ အတင်းကြီး ကိုင်လှုပ်နေကြတာပေါ့လေ။
အဲဒါကိုထောက်သောအားဖြင့် မြန်မာပြည်ရဲ့ ကံကြမ္မာ သို့မဟုတ် ရခိုင်ပြည်ရဲ့ ကံကြမ္မာဟာ သံမဏိနှင်းဆီအပေါ်မှာ မူတည်နေတာပေါ့။ သူယိုင်သွားတာနဲ့တစ်ပြိုင်တည်း ရခိုင်ပြည်က သူ့ကျွန်ဘဝ ကျရောက်သွားမှာပဲလေ။

မေး – မလေးရှားကိစ္စနဲ့ ပတ်သက်ပြီးပြောတိုင်း သတိထားစရာတွေက ရှိနေပါတယ်ဘုရား။ မလေးရှားကို ရောက်နေတဲ့ မြန်မာတွေ အသတ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေနဲ့ ပတ်သက်ပြီး အရှင်ဘုရားအပေါ် စွပ် စွဲချက်တွေလည်း ရှိတယ်ပေါ့ဘုရား။
RFA ရဲ့ မေးပါရစေဦး အစီအစဉ်မှာလည်းပဲ မလေးရှားရောက်တဲ့ မြန်မာပြည်သူပြည်သားတွေကို အရှင်ဘုရားက အမျိုးသားရေးလုပ်ငန်းတွေကို လုပ်နေရတာ နားလည်ပေးကြဖို့ တောင်းပန်ပြောဆိုခဲ့တာလည်း နားထောင်ခဲ့ရပါတယ်ဘုရား။
အခုလို အခြေအနေမျိုးမှာရော မလေးရှားရောက်နေတဲ့ မြန်မာတွေ အတွက် ဘာပြောချင်ပါသလဲဘုရား။

ဖြေ – ပြောရမယ်ဆိုရင် ကိုယ့်တိုင်းပြည်မဖွံ့ဖြိုးလို့ သူတစ်ပါးနိုင်ငံကို သွားအလုပ်လုပ်ရတာကို ဦးဇင်းတို့က အများကြီး စာနာပါတယ်။
ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးလည်းမဟုတ်၊ ကိုယ့်ဘာသာဝင်လည်းမဟုတ်၊ ကိုယ့်တိုင်းရင်း သားလည်းမဟုတ်တဲ့ အခြားလူမျိုးတွေ ကြီးပွားနေကြတယ်။ သူတို့ကျတော့ ဘာကြောင့် ကြီးပွားပြီး ကိုယ်ကျတော့ ကိုယ့်မြေကိုယ့်ရေကို စွန့်ခွာပြီးတော့ ဘာကြောင့် တခြားနေရာကို သွားနေရသလဲ။ ကိုယ့်မြေကိုယ့်ရေမှာ သူစိမ်းတွေက ကြီးပွားအောင်လုပ်နိုင်ရင် ကိုယ်ကရော ကြီးပွားအောင် လုပ်နိုင်ဖို့ မလိုဘူးလား။
ဘယ်ကိုမှ မသွားဘဲ ကိုယ့်မြေ ကိုယ့်ရေမှာ အခြားသူတွေလို ကြီးပွားအောင်လုပ်နိုင်တဲ့ဘဝမျိုးကို ဦးဇင်းတို့ ကပိုပြီးလိုလားတယ်လို့ ပြောချင်ပါတယ်။

မေး – ရခိုင်က ဒုက္ခသည်စခန်းတွေ ဖျက်တဲ့အချိန်မှာ အိမ်ထောင်စု ၅၅ စု ရန်ကုန်ကို ရွှေ့ပေးခဲ့တယ်လို့ သိ ရပါတယ်။ မှတ်ပုံတင်ရရှိပြီးသား ကမန်တိုင်းရင်းသားတွေလို့လည်း နောက် ဆက်တွဲ သိရပါတယ်။ ဒုက္ခသည် စခန်းကလူတွေကို ပြည်တွင်းတစ်နေ ရာရာကို ရွှေ့ပြောင်းပေးတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲဘုရား။

ဖြေ – တကယ်တော့ နားလှည့်ပါးရိုက်တာပေါ့လေ။ ကမန်ကို ဦးဇင်းတို့က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ ကမန်ယောင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေ အများကြီးရှိတယ်။ အဲဒီတော့ ကမန်ယောင် ဆောင်ထားတဲ့ ဘင်္ဂါလီတွေကို ကမန်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုနေမယ်ဆိုရင် ဘူးသီးတောင် မောင်တောက ဘင်္ဂါလီတွေအကုန်လုံးက ရန်ကုန်ရောက်လာလိမ့်မယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့တွေက အဲဒီလိုလုပ်တဲ့ နေရာမှာ အတော်ကျွမ်းကျင်ကြတာကိုး။
အဲဒီတော့ ဦးဇင်းပြောလိုတာက ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို လေးစားပါ။ ကိုယ့် တိုင်းရင်းသူ တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေး အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ကိုယ့်သာသနာတော်တစ်ရပ်လုံးရဲ့ လုံခြုံရေးကို အဓိကထားပါ။
ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းခဲ့ကတည်းကိုက မှားခဲ့တာပေါ့နော်။ ဒီမှားခဲ့တဲ့ဟာကြီးကို ကိုယ်က ဆက်လက် ကျင့်သုံးပြီး သူအကြံဥာဏ်ပေးသမျှတွေ အကုန်လုပ်နေရင် ကိုယ်က ပြည်ပသြ ဇာခံအစိုးရဖြစ်မသွားဘူးလား။
ကိုဖီအာနန်ကော်မရှင်ကိုလည်း ရိုဟင်ဂျာအဆုံးအဖြတ်အတွက် သမိုင်းအချက်အလက်တွေ ရှာဖွေဖို့ ခန့်တယ်လို့အောက်မေ့ခဲ့တာ အခုတော့ အဲဒီလို မဟုတ်ဘဲ ဥပဒေဘောင်ထဲကနေ ရိုဟင်ဂျာတွေဘက်က တစ်ဖက်သတ် ရပ်တည်ဖို့ အခွင့်အရေးပေးလိုက်သလိုကြီး ဖြစ်နေတာပေါ့။
ဒီအတွက် နိုင်ငံတော်အစိုးရမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်။ အခုလိုအချိန်မှာ ကိစ္စမရှိ ပေမယ့် နောင်တစ်ချိန်မှာ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။

မေး – မဘသ လေးနှစ်ပြည့်ညီလာခံကြီး ကျင်းပမည့်အကြောင်းနဲ့ ဓမ္မဝံသာနုရက္ခိအဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ကြောင်း သတင်းစာမှာ ကြော်ငြာထည့်သွင်းခဲ့တုန်းက လက်ခံဖော်ပြပေးခဲ့ခြင်းမရှိပေမယ့် ဇူလိုင်လ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ဝ မှာတော့ သမထဝိပဿနာ၊ ဥပဇ္ဈာယ်၊ သာသနာ့အလံ ..စတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာစကားလုံးတွေပါတဲ့ အစ္စလာမ်ကျောင်းတစ်ခုရဲ့ ကြော်ငြာကိုတော့ တွေ့ရပါတယ်။ တပည့်တော်သိ ချင်တာက အဲဒီကြော်ငြာနဲ့ ပတ်သက်ပြီးဘာပြောချင်ပါသလဲဘုရား။ သတင်း စာရဲ့မူဝါဒပိုင်းကိုရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – ဒီအစိုးရ ရန်သူမိတ်ဆွေသဘောထားတာက သူ့လူကိုယ့်လူ အကြောင်းပြုပြီး ထားသလိုဖြစ်နေတယ်။ ဘယ်လိုပုံစံလဲဆိုတော့ သူတို့ကို ထောက် ခံရင် ဘာသာ၊ သာသနာအတွက် ဘယ်လောက်အန္တရာယ်ကြီးကြီး အကုန်ခွင့်ပြုမယ်၊ အကုန်လွှတ်ပေးထားမယ်ဆိုတဲ့ သဘောထားမျိုး သွားတွေ့ရတယ်။ တဖက်မှာကျပြန်တော့ မထောက်ခံရင် သွေးရင်းသားရင်းလည်း ရန်သူလိုသဘောထားမယ်၊ ဘာလုပ်လုပ် ပိတ်ပင်မယ်၊ တားဆီးမယ်၊ နှောင့်ယှက်မယ်၊ ဟန့်တားမယ်ဆိုတဲ့ ပုံစံမျိုးကြီးဖြစ်နေပြန်တယ်။ ဒါကတော့ အစိုးရရဲ့ ပေါ်လစီအပေါ်မှာမူတည်သွားတာပေါ့လေ။
မွတ်ဆလင်တွေကတော့ မြန်မာတွေဆီက ငွေအသပြာကိုယူမယ်၊ မေကညာကိုယူမယ်၊ မြေပထဗျာကိုယူမယ်၊ ဒေသနာကိုယူမယ်၊ ပြည်အာဏာကိုယူမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ဦးဇင်း ထောင်မကျခင်က ဖတ်ခဲ့တဲ့ သူတို့ရဲ့ ကျမ်းစာအုပ်ထဲမှာဆိုရင် သူတို့ဘုရားကို ဂေါတမမြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ် တွေ တပ်ထားတာ ဖတ်ခဲ့ရဖူးတယ်။ တချို့ဂုဏ်ပုဒ်တွေဆိုရင် ရဟန်းသံဃာတွေတောင်မှ သတိမထားမိတဲ့ လူသိနည်းတဲ့ ဂုဏ်ပုဒ်တွေဖြစ်နေတယ်။
အဲတော့ သမထဝိပဿနာတို့၊ မဂ္ဂင်တို့၊ ဓမ္မရိပ်သာတို့၊ နိဗ္ဗာန်တို့ အကုန်လုံးကို သူတို့တတွေယူနေကြ တယ်။ ဒါတွေနဲ့ပတ်သက်လို့ ဦးဇင်းတို့ မဘသအဖွဲ့အကြီးမှာ ရေရှည်အစီအစဉ်ရှိပေမယ်လို့ အကောင်အထည် မဖော်နိုင်သေးတာပေါ့။
မွတ်ဆလင်အဖွဲ့ချုပ်ကြီးကို ပြောချင်တာက လောဘ၊ ဒေါသလို ပါဠိကနေတိုက်ရိုက်ဆင်းသက်လာတဲ့ လူသားအားလုံးနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို သုံးစွဲတာကို ဦးဇင်းတို့က မပြောလိုဘူး။ ဒါပေမဲ့ ဗုဒ္ဓ ဒေသနာနဲ့ပတ်သက်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ပိုင်စကားလုံးဝေါဟာရတွေကို ပြောင်ပြောင်တင်းတင်း ခိုးယူသုံးစွဲတာတွေကို ရှောင်ကြဉ်ပါ။ တကယ်လို့ အဲဒီလို ပြောင်ပြောင်တင်းတင်းကြီး ခိုးယူသုံးစွဲနေတာတွေကို ဆက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေနဲ့ သဟဇာတဖြစ်ဖို့ ခက်လိမ့်မယ်။ ငြိမ်းချမ်းရေးကိုတကယ်လိုလား တယ်ဆိုရင် မွတ်ဆလင်အဖွဲ့ချုပ်ကြီးက အဲဒါတွေကို တာဝန်ယူဖြေရှင်းပေးပါလို့ ပြောချင်ပါတယ်။

မေး – နိဂုံးချုပ်အနေနဲ့ အမျိုး သားရေးသမားတွေအတွက် သြဝါဒစကားလေး မိန့်ပေးပါဦးဘုရား။

ဖြေ – စံငါးချက်ထဲက ဒုတိယအချက် ကိုပြောချင်ပါတယ်။
အမျိုးသားရေး ညီအစ်ကို မောင် နှမတွေအားလုံး ဇနကမင်းသားလို ယုံကြည်ချက်မြင့်မားအောင် ကျင့်ကြပါ။ ဇနကမင်းသားလို ယုံကြည်ချက်မြင့်မားမှ ဇနကမင်းသားလို အပင်ပန်းခံနိုင်မှာ ပန်းတိုင်ကိုရောက် ရှိမှာ။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်