သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၅)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။
==========================================================
“ညွှန်ကြားလွှာအမှတ် (၉၁) ဖြည့်စွက် လျှောက်ထားချက်ပါဘုရား”
(၁) ညွှန်ကြားလွှာ အမှတ်(၉၁)
စာအမှတ်၊ ၃ဝဝ။၁၅။(သာ-ဝိ) သာ-မဟန
၁၅.၁ဝ.၁၁
စာပိုဒ် (၄)
သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးများနှင့် ကျောင်းတိုက်ပဓာနနာယကဆရာတော်များသည် မိမိတို့၏ တပည့်ရဟန်း၊ သာမဏေများအား ဝိနည်းသိက္ခာပုဒ်တော်ကို ညှိုးမှိန်ထိခိုက်စေနိုင်သော လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားဥပဒေနှင့်ဆန့်ကျင်သော အကြမ်းဖက်မှုများ၊ ကျူးလွန်ခြင်းများ မပြုလုပ်ကြရန်အတွက် ကြပ်ကြပ်မတ်မတ် ဆုံးမ တားမြစ်ကြစေရန် ပြည်နယ်။တိုင်း။မြို့နယ်။ရပ်ကွက် ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ အဆင့်ဆင့်တို့က ကျောင်းတိုက် ပဓာနနာယကဆရာတော်များနှင့် ကျောင်းထိုင်ဆရာတော်များသို့ ထပ်ဆင့် ညွှန်ကြားကြပါရန် လျှောက်ထား ညွှန်ကြားအပ်ပါသည်။

ဤ အပိုဒ်လာ
ဝိနည်းသိက္ခာပုဒ်တော်ကို ညှိုးမှိန်ထိခိုက်စေနိုင်သော လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ခြင်း ဟူရာ၌ “လူမှုရေးကိစ္စများ”ဟူသည်ကို တိကျစွာထုတ်ပြန်ပေးရန် လိုအပ်ပါသည်။

ကုလဒူသက- အနေသန လုပ်ငန်းများကို ဆိုလိုသလော အဘယ်ကို ဆိုလိုသနည်း၊

တိကျစွာထုတ်ပြန်မှု မရှိလျှင် အရေးယူရန် ခက်ခဲသလို ခုခံကာကွယ် ဖြေရှင်းရန်လည်း ခက်ခဲနိုင်ပါသည်။

ထို့ကြောင့် “လူမှုရေးကိစ္စများ”သရုပ်ကို တိကျစွာ ထုတ်ပြန်ပေးစေလိုကြောင်း ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါသည်။

(၂) ညွှန်ကြားလွှာ အမှတ်(၉၁)၌ စာပိုဒ်တစ်ခု ထပ်မံတိုးချဲ့ ဖြည့်စွက်သင့်ပါသည်။
အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး စသည်အကျိုးငှာ ရဟန်းသာမဏေများ ပါဝင်ဆောင်ရွက်ကြရာ၌ သမဏသာရုပ္ပဖြစ်လျှင် သာသနာတော်ကို ထိခိုက်ညှိုးမှိန်အောင် ဆောင်ရွက်ခြင်း မဟုတ်လျှင်၊ ရည်ရွယ်ချက်ကောင်းလျှင် ဘာသာခြားနှင့် အခြားမလိုသူတို့ ထောက်ပြလောက်အောင် အပြစ်အနာအဆာ မရှိလျှင် အထက်ပါ အရေးကိစ္စတို့၌ ပါဝင်ဆောင်ရွက်သော ရဟန်းသာမဏေများအား ခြွင်းချက်အဖြစ် ခွင့်ပြုရမည် ဖြစ်ပါသည်။
ဥပမာ – စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း၊ တစ်နေရာတည်း၌ စုဝေးရပ်တည်၍ ဆန္ဒထုတ်ဖော်ခြင်း များသည် ရခိုင်အရေးကဲ့သို့သော အမျိုးသားရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားခရိုင်၊ ပန်းဝါရာမူး ကဲ့သို့သော ဘာသာ သာသနာရေးကိစ္စ၊ ရွှေဝါရောင်ကဲ့သို့သော နိုင်ငံရေးကိစ္စမျိုးကို ရည်ရွယ်ဆောင်ရွက်ခြင်း၊ အမျိုး ဘာသာ သာသနာနှင့် နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးကို ရည်ရွယ်ဆောင်ရွက်ခြင်းမျိုးသည် ဉာတတ္ထစရိယ၊ လောကတ္ထစရိယ – ပါရမီ လမ်းခရီးများ ဖြစ်သောကြောင့် ၎င်းကိစ္စများကို ဆောင်ရွက်ကြသော ရဟန်းသာမဏေများအား တစ်စုံတစ်ရာ ဝိနည်းကြောင်းအရ ဓမ္မစက်အရ အရေးယူခြင်း မရှိစေရဟု ဖြည့်စွက် ပြဋ္ဌာန်းသင့်ပါသည်။

ဝီရသူ(မစိုးရိမ်)
24.2.2014