သတင်း

ထီလာသွေးတွေ မွေးကြစေ

ဒီနေ့ 29.11.2017 ရက်နေ့ ညနေ ၃နာရီမှာ ချမ်းမြသာစည်တရားရုံမှ ပြန်လာတဲ့ ထီလာသူ ထီလာသားတွေ ကျောင်းရောက်လာပါတယ်။ တရားသူကြီးမက စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်သွားပါတယ်။ အခုထိဆိုရင် လေးလနီးပါး ကြာမြင့်ခဲ့ပါပြီ။
ဒီပုံအတိုင်းဆို အချိန်ဆွဲထားပြီး ချုပ်ရက်နှင့် အပြတ်ဖြတ်မည့်သဘောပါပဲ။

လုပ်ပိုင်ခွင့်ထဲကနေ အစိုးရအကြိုက် လိုက်လုပ်ရတဲ့သဘောပါ။ စွဲချက်မတင်သင့်ဘူး ဆုံးဖြတ်လျှင်လည်း အနီတွေအကြောင်တွေက လာဦးမယ်။ စွဲချက်တင်ပြီး အပြစ်မရှိဘူးဆုံးဖြတ်လိုက်လျှင်လည်း အနီအကြောင်တွေရဲ့ ဘိုးအေတွေက လာဦးမယ်။
ဒါကြောင့် အခုလိုလုပ်လိုက်ရတာပဲဖြစ်မှာပါ။

ထီလာသူ ထီလာသားတွေကိုတော့ အားပေးလိုက်ပါတယ်။ နိုင်ငံရေးလုပ်ရတာလွယ်တယ် အစိုးရကို ထိုင်ဆဲရုံနှင့် ကိစ္စပြီးတယ်။ အစိုးရဘာလုပ်လုပ် ထိုင်သာဆဲနေဖို့ပဲ လိုအပ်တယ်။ ဘုရားတည်လည်းဆဲ၊ ထီးတင်လည်းဆဲ၊ သံဃာလှူလည်းဆဲ ဆဲနေရင်ကို စပွန်စာတွေ ဒိုနာတွေက အလိုလိုဝင်လာတာပါ။ ဒီကြားထဲမှာမှ အဖမ်းခံရတယ်ဆိုရင် ထောင်ထဲမှာ ဟိုတယ်စာ စားလို့ရသေးတယ်။ မိသားစုကို နိုင်ငံခြားပို့လို့ရသေးတယ်။

သားသမီးတွေကို နိုင်ငံခြားမှာ အဆင့်မြင့်ပညာရပ်တွေ သင်ကြားပေးလို့ရသေးတယ်။ ပြည်တွင်းပြည်ပ မီဒီယာများကလည်း နိုင်ငံရေးသမားဆိုရင် ဟီးရိုးပဲ။ ဘေးတီးပေးနေကြတာ။ ခင်ဗျားတို့အမျိုးသားရေးသမားတွေမှာ ဘယ်မှာလဲ စပွန်ဆာ၊ ဘယ်မှာလဲ ဒိုနာ အဆဲရခံရသေး၊ ထောင်ကျတော့ငတ်သေး၊ ပြည်တွင်း ပြည်ပ မီဒီယာများကလည်း အကောင်းမမြင် အစွန်းရောက်တို့ ကျဉ်းမြောင်းတယ်တို့ ဝေဖန်ခံရသေး။

ဒီကြားထဲ ကိုယ့်အိတ်ကပ်ထဲက စိုက်ထုတ်ပြီး အပင်ပန်းခံ အလုပ်လုပ်ရသေး။ ဘာမျှော်လင့်ချက်ရှိသလဲ(မရှိပါဘူးဘုရား) ဒါကိုပဲ ခင်ဗျားတို့က အင်တိုက် အားတိုက် လုပ်ဆောင်နေကြသေးတယ် ခင်ဗျားတို့ထက်မိုက်တဲ့သူ ရှိနိုင်ဦးမလား။(မရှိပါဘူးဘုရား)။
ဒါဆို ဘာလို့ အမျိုးသားရေးဆက်လုပ်နေတာတုန်း (ချစ်လို့ပါဘုရား)။

အေး ကျုပ်လိုချင်တာ အဲဒီအဖြေပဲဟု ပြောပြီး အားပေးနှစ်သိမ့်လိုက်ပါတယ်။ ထီလာသူ ထီလာသားတွေ မဆိုင်းမတွဘဲ သံပြိုင် ဖြေဆိုတာတွေ့ရတာ အားရပါတယ်။ အမျိုးသားရေးသမားတွေလဲ ထီလာသွေးတွေ မွေးကြပါ။ ပြည်သူတွေလည်း ထီလာသွေးတွေ မွေးကြပါ။ ညီတော်မောင်တွေလည်း ထီလာသွေးတွေ မွေးကြပါ။ နှမငယ်တွေလည်း ထီလာသွေးတွေ မွေးကြပါ။


ဝီရသူ(မစိုးရိမ်)
29.11.2017
PM 11:03