Daily Archives: December 1, 2017

သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား

နတ်တော်လဆန်း(၃)ရက်၊ (21.11.2017)နေ့ကဖြစ်သည်။ မစိုးရိမ်တိုက်သစ် နာယကဆွမ်းစားဆောင်သို့ ရောက်သောအခါ စာရေးသူနေရာမှာ ဆွမ်းဒါယိကာမကြီး ထိုင်နေသည်ကိုတွေ့ရ၏။ ထိုဆွမ်းဒါယိကာမကြီးက စာရေးသူကို မကြည်ညို၊ စာရေးသူဆို ကြည့်မရ။ ခါတိုင်းဆိုလျှင် စာရေးသူတို့စားပွဲရှိရာကို လုံးဝ မလာ။ အခြားနာယကဆရာတော်များ ဆွမ်းဝိုင်းတွေမှာပဲ ပွဲကျတတ်၏။ ရံဖန်ရံခါ စာရေးသူကို အဝေးကနေ ရန်တွေ့တတ်၏။ သူပြောချင်ရာပြောပြီး စာရေးသူကိုလှမ်းအကဲခတ်သည့်အခါ စာရေးသူက လက်မ ထောင်၍ပြတတ်၏။ ထိုအခါ နာယကဆရာတော်များ တဝါးဝါးနှင့် သဘောကျသွားတတ်၏။ “သူက ဘာမို့လဲ။ ဟိုက နိုဘယ်ဆုရှင်။ နိုင်ငံတကာဆုတံဆိပ်တွေလည်း မရေမတွက်နိုင်။ ကမ္ဘာက ...
သတင်း

ထီလာသွေးတွေ မွေးကြစေ

ဒီနေ့ 29.11.2017 ရက်နေ့ ညနေ ၃နာရီမှာ ချမ်းမြသာစည်တရားရုံမှ ပြန်လာတဲ့ ထီလာသူ ထီလာသားတွေ ကျောင်းရောက်လာပါတယ်။ တရားသူကြီးမက စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်သွားပါတယ်။ အခုထိဆိုရင် လေးလနီးပါး ကြာမြင့်ခဲ့ပါပြီ။ ဒီပုံအတိုင်းဆို အချိန်ဆွဲထားပြီး ချုပ်ရက်နှင့် အပြတ်ဖြတ်မည့်သဘောပါပဲ။ လုပ်ပိုင်ခွင့်ထဲကနေ အစိုးရအကြိုက် လိုက်လုပ်ရတဲ့သဘောပါ။ စွဲချက်မတင်သင့်ဘူး ဆုံးဖြတ်လျှင်လည်း အနီတွေအကြောင်တွေက လာဦးမယ်။ စွဲချက်တင်ပြီး အပြစ်မရှိဘူးဆုံးဖြတ်လိုက်လျှင်လည်း အနီအကြောင်တွေရဲ့ ဘိုးအေတွေက လာဦးမယ်။ ဒါကြောင့် အခုလိုလုပ်လိုက်ရတာပဲဖြစ်မှာပါ။ ထီလာသူ ထီလာသားတွေကိုတော့ အားပေးလိုက်ပါတယ်။ နိုင်ငံရေးလုပ်ရတာလွယ်တယ် အစိုးရကို ထိုင်ဆဲရုံနှင့် ကိစ္စပြီးတယ်။ အစိုးရဘာလုပ်လုပ် ထိုင်သာဆဲနေဖို့ပဲ လိုအပ်တယ်။ ဘုရားတည်လည်းဆဲ၊ ထီးတင်လည်းဆဲ၊ သံဃာလှူလည်းဆဲ ...