သတင်း

CEDAW(စီဒေါ)နှင့် အနီချော

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေအပေါ် နှိမ်ချဆက်ဆံမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ကြီးကြပ်ကွပ်ကဲရတဲ့ ကျွမ်းကျင်သူကြီးများအဖွဲ့ကို မေးချင်ပါတယ်။ မူဆလင်အမျိုးသမီးများ ဆန္ဒမရှိဘဲ မျက်နှာဖုံးနေရတာမျိုး၊ မျက်လုံးကစ တစ်ကိုယ်လုံးခြုံနေရတာမျိုး၊ ဆန္ဒမရှိဘဲ ကလေးမွေးပေးနေရတာမျိုး၊ အသက်ငယ်ရွယ်တဲ့ ကလေးမလေးတွေကို လင်ယူခိုင်းနေတာမျိုး၊ ကျားမတန်းတူအခွင့်အရေးမပေးဘဲ အမျိုးသမီးတွေကို နွားမသာသာ သားဖောက်ခြင်းလုပ်ငန်းလောက်သာ အသုံးပြုနေခြင်းမျိုး စတာတွေနဲ့ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးကို စပါယ်ရှယ်ချိုးဖောက်နေတဲ့ မူဆလင်နိုင်ငံတွေအပေါ်ကော အစီရင်ခံစာတင်သွင်းဖို့ အခုလိုတိုက်တွန်းတာမျိုး လုပ်ဖို့ စိတ်ကူးရှိကြပါရဲ့လားဗျာ။

မြန်မာပြည်က မူဆလင်အမျိုးသမီးတွေကို မြန်မာအစိုးရက အဲဒီလိုနှိပ်ကွပ်နေတာမျိုးကော ကြားဖူးကြပါသလားဗျာ။ ရခိုင်ပြည်မြောက်ပိုင်း မူဆလင်အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတယ်ဆိုရင် နစ်နာသူအမျိုးသမီးတွေက တိုင်ရမှာလေ။ အစိုးရက သူတို့တိုင်မှ အရေးယူပေးရမှာ မဟုတ်ဘူးလား။ အမျိုးသမီးတွေ အကြမ်းဖက်ခံရပါတယ်ဆိုပြီး ကလိမ်ကကျစ်လုပ် တိုင်ထားတာဆိုရင်ကော ဘာအထောက်အထားနဲ့ အဆုံးအဖြတ်ပေးမှာလဲဗျ။ ရိုဟင်ဂျာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်ဆိုရင် အတော်လှလို့နေမှာနော်။ မျက်နှာတွေကြည့်ရတာနဲ့တင် မြင်ရသူအဖို့ ဆူဆိုက်လုပ်ချင်စိတ်ပေါက်သွားရလောက်အောင်ကို တပ်မက်စရာကောင်းနေကြတာကိုး။

ကြည့်ကြပ်လည်းလုပ်ပါဦး CEDAW(စီဒေါ)ရာ။ CEDAW(စီဒေါ)ကို အားကိုးအားထားပြုပြီး အမျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့တဲ့ မြန်မာအမျိုးသမီးသူရဲကောင်းကြီးများ အစိုးရဘက်မှရပ်တည်ပြီး တစ်စုံတစ်ရာခုခံကာကွယ်ဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ အဆိုတင်သွင်းပေးကြပါဦးဗျာ။

ဝီရသူ (မစိုးရိမ်)
29.11.2017
PM – 7:14
————————————————

“ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အစီရင်ခံဖို့ မြန်မာကို ကုလတောင်းဆို”

ကမ္ဘာလုံးဆိုင်ရာ သဘာတူစာချုပ်ပါ အမျိုးသမီးများအပေါ် နှိမ်ချဆက်ဆံမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲရတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အထူး အစီရင်ခံစာ တင်သွင်းဖို့ မြန်မာအစိုးရကို မေတ္တာ ရပ်ခံလိုက်ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အမျိုးသမီးများအပေါ် နှိမ်ချ ဆက်ဆံမှု ပပျောက်ရေးကော်မီတီ CEDAW က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂျနီဗာမြို့မှာ ကျင်းပတဲ့ ပုံမှန် စည်းဝေးပွဲကနေ အဲဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ၆ လအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။ မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၇ ရက်၊ တနင်္လာနေ့က ပို့လိုက်ပြီ ဖြစ်တာကြောင့် အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့ မတိုင်ခင် တင်သွင်းရမှာ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလမှာ ကော်မီတီက ပထမဆုံး အကြိမ် ကျင်ပခဲ့တဲ့ စည်းဝေးပွဲ နောက်ပိုင်း အခုလို အထူး အစီရင်ခံစာ တင်သွင်းဖို့ တောင်းဆိုတာ ဒါပါနဲ့ဆို ၄ ကြိမ်မြောက်ဘဲ ရှိပါသေးတယ်။

ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တသီးပုဂ္ဂလ ပညာရှင် ၂၃ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မီတီက – ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင် လတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက် ကျူးလွန်မှုတွေ အပါအ၀င် တခြား ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေကို မြန်မာ အစိုးရအနေနဲ့ တင်ပြပေးဖို့ တောင်းဆိုထားပါတယ်။

CEDAW အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်ပါ သဘောတူညီချက်တွေနဲ့ တောင်းဆိုတဲ့ ဒီအစီရင်ခံစာကို မဖြစ်မနေ တင်သွင်းပေးဖို့ တာဝန်ရှိနေပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အဓမ္မ ပြုကျင့်မှုတွေ အပါအ၀င် အမျိုးသမီးနဲ့ မိန်းကလေးတွေ ဘယ်နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်၊ ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သာမှန် သွေးရိုးသားရိုး မဟုတ်တဲ့နည်းနဲ့ ဘယ်နှစ်ဦး သေဆုံးသွားတယ် ဆိုတဲ့ အချက်အလက်တွေကို တင်ပြပေးဖို့ CEDAW ကော်မီတီက တောင်းဆိုထားပါတယ်။

 

Credit to VOA Burmese