Daily Archives: November 29, 2017

သတင်း

CEDAW(စီဒေါ)နှင့် အနီချော

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေအပေါ် နှိမ်ချဆက်ဆံမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ကြီးကြပ်ကွပ်ကဲရတဲ့ ကျွမ်းကျင်သူကြီးများအဖွဲ့ကို မေးချင်ပါတယ်။ မူဆလင်အမျိုးသမီးများ ဆန္ဒမရှိဘဲ မျက်နှာဖုံးနေရတာမျိုး၊ မျက်လုံးကစ တစ်ကိုယ်လုံးခြုံနေရတာမျိုး၊ ဆန္ဒမရှိဘဲ ကလေးမွေးပေးနေရတာမျိုး၊ အသက်ငယ်ရွယ်တဲ့ ကလေးမလေးတွေကို လင်ယူခိုင်းနေတာမျိုး၊ ကျားမတန်းတူအခွင့်အရေးမပေးဘဲ အမျိုးသမီးတွေကို နွားမသာသာ သားဖောက်ခြင်းလုပ်ငန်းလောက်သာ အသုံးပြုနေခြင်းမျိုး စတာတွေနဲ့ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးကို စပါယ်ရှယ်ချိုးဖောက်နေတဲ့ မူဆလင်နိုင်ငံတွေအပေါ်ကော အစီရင်ခံစာတင်သွင်းဖို့ အခုလိုတိုက်တွန်းတာမျိုး လုပ်ဖို့ စိတ်ကူးရှိကြပါရဲ့လားဗျာ။ မြန်မာပြည်က မူဆလင်အမျိုးသမီးတွေကို မြန်မာအစိုးရက အဲဒီလိုနှိပ်ကွပ်နေတာမျိုးကော ကြားဖူးကြပါသလားဗျာ။ ရခိုင်ပြည်မြောက်ပိုင်း မူဆလင်အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတယ်ဆိုရင် နစ်နာသူအမျိုးသမီးတွေက တိုင်ရမှာလေ။ အစိုးရက သူတို့တိုင်မှ ...
သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၂၂)

17.10.2017 ရက်နေ့မှာ ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှ ထွက်ခွါခဲ့ပါတယ်။ ဆင်ပိုက်ရွာလေးမှာ ၁၆ရက်နေ့ညအိပ်ခဲ့တာပါ။ အလိုတော်ပြည့်ကျောင်းတိုက်ပါပဲ။ ဆင်ပိုက်ရွာလေးက အတော်သာယာပါတယ်။ ကားလမ်းအနောက်ဘက်မှာ ပင်လယ်ကြီးရှိတယ်။ ကားလမ်းအရှေ့ဘက်မှာ ရခိုင်ရိုးမကြီးရှိတယ်။ တောင်တန်းနှင့်ကမ်းစပ် နှစ်ခုရဲ့ကြားက ရွာလေးပါ။ ပင်လယ်လေကိုလည်းရှူရှိုက်လို့ရ၊ ပင်လယ်ကြီးကိုလည်း ငေးမောလို့ရ၊ တောင်တန်းကြီးကိုလည်း ရှုစားလို့ရ ပြန်တောင်မပြန်ချင်ပါဘူး။ ဝိုင်းတော်သားတွေက အငူမော်ဆိပ်ကမ်းကနေ စစ်တွေမြို့သို့ ထွက်ခွါသွားကြပြီဖြစ်လို့ နောက်ကနေ အမီလိုက်ရပါတယ်။ အငူမော်ရောက်တာနှင့် ကားတွေကို ဇာတ်ပေါ်တင်ပြီး စစ်တွေရေချမ်းပြင်ဆိပ်ကမ်းသို့ ကူးကြရပါတယ်။ ရခိုင်ခရီးစဉ် ဒီမှာတင်ပြီးဆုံးပါပြီ။ စစ်တွေရောက်တဲ့အခါ နေ့ဆွမ်းစားပြီး ပြန်ရုံသာရှိပါတော့တယ်။ နေရစ်ခဲ့တော့ မောင်တောရေ။ အလှူရှင်တွေပေါ်လာရင် နောက်တစ်ခါလာပြီး ကူပါဦးမယ်။
သတင်း

ပန်းကလေးတစ်ပွင့် မလန်းစွင့်မီ အနွမ်းရင့်ဆီ လှမ်းလင့်ပြီလော

28.11.2017 ရက်နေ့ ည ၁၀နာရီလောက်မှာ မိန်းကလေးတစ်ဦးကို တရုတ်လုပ်ငန်းရှင်က ငွေရေးကြေးရေးကိစ္စနှင့် ရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားတယ်လို့ သိရပါတယ်။ မိန်းကလေးရဲ့ မိခင်ကိုယ်တိုင် ရဲစခန်းမှာ ဖုန်းဆက်တာပါ။ မိန်းကလေးက တရုတ်လုပ်ငန်းမှာ စာရင်းအင်းမှတ်တဲ့ဝန်ထမ်းပါ။ ငွေ ၂၁သိန်း ကွာဟနေတဲ့အတွက် ၇သိန်းစီ သုံးရစ် ခွဲပေးရမှာကို မပေးနိုင်လို့ အတိုင်ခံရတာပါ။ လုပ်ငန်းရှင်က တရုတ်လူမျိုးလည်းဖြစ်တယ်၊ ဝန်ထမ်းဖြစ်သူက ဗမာမိန်းကလေးလည်းဖြစ် တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းတက်နေတဲ့အပြင် မိခင်မုဆိုးမကြီးကို လုပ်ကျွေးနေသူလည်းဖြစ်တယ်။ မိဘကလည်း အိမ်ငှားနေရသူဖြစ်တယ်။ ဒီအကြောင်းတွေကြောင့် စခန်းမှူးနှင့်လည်းဆက်သွယ် စခန်းကိုလည်း ဦးဇင်းတွေလွှတ်ပြီး အကျိုးအကြောင်း မေးခိုင်းခဲ့ပါတယ်။ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး ၁၈နှစ်အရွယ်ကျောင်းသူမိန်းကလေး ...
သတင်း

ပြောင်းပြန်ကြီးပါလားဟ

နိုင်ငံကြီးသားတွေဆိုပြီး အထင်ကြီးမားခဲ့တာတွေတော့ မစင်ကြီးအလား ထင်မှားရအောင် ကလေးကုလားဆန်လွန်းပါတယ်ဗျာ။ ဘင်္ဂလီမူဆလင်များအရေးမှာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်လို့ ရုပ်သိမ်းတာပါတဲ့။ လူနည်းစုတွေအပေါ် ဖိနှိပ်မှုကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပါလား။ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားတဲ့သူမို့ ဂုဏ်မပြုနိုင်ဘူးဆိုပဲ။ မှားနေပြီ အောက်စဖို့ရေ။ တကယ်အကြမ်းဖက်ခံရတာက တိုင်းရင်းသားတွေဗျ။ တကယ့်လူနည်းစုကလည်း တိုင်းရင်းသားတွေဗျ။ ခင်ဗျားတို့က ခင်ဗျားတို့အမျိုးတွေပဲ လူနည်းစုလို့ ထင်နေတာ။ ခင်ဗျားတို့အမျိုးတွေက မျက်ရည်မကျဘဲ ငိုသံပေးတတ်တဲ့လူမျိုး။ သူတို့မျက်ရည်ခြောက်ကြီးတွေနဲ့ ငိုပြတာတွေကို အဟုတ်မှတ်ပြီး ကျုပ်တို့မယ်မယ်ကြီးကိုပေးထားတဲ့ ဘွဲ့တံဆိပ်တွေ ပြန်ရုပ်သိမ်းရတယ်လို့ဗျာ။ နေစမ်းပါဦး အဲ့ဒီဘွဲ့တွေပေးဖို့ ခင်ဗျားတို့ဆီ ကျုပ်တို့မယ်မယ်ကြီးက လျှောက်လွှာတင်ခဲ့လို့လားဗျ။ ခင်ဗျားတို့ပေးချင်တဲ့အခါပေး ခင်ဗျားတို့ရုပ်ချင်တဲ့အခါရုပ်သွားတာ လွမ်းစရာမရှိပါဘူးဗျာ။ ဝီရသူ(မစိုးရိမ်) 28.11.2017 PM 9:21 ======================================================== “ဒေါ်အောင်ဆန်းစုကြည်ထံမှ ...