သတင်း

ပန်းကလေးတစ်ပွင့် မလန်းစွင့်မီ အနွမ်းရင့်ဆီ လှမ်းလင့်ပြီလော

28.11.2017 ရက်နေ့ ည ၁၀နာရီလောက်မှာ မိန်းကလေးတစ်ဦးကို တရုတ်လုပ်ငန်းရှင်က ငွေရေးကြေးရေးကိစ္စနှင့် ရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားတယ်လို့ သိရပါတယ်။ မိန်းကလေးရဲ့ မိခင်ကိုယ်တိုင် ရဲစခန်းမှာ ဖုန်းဆက်တာပါ။ မိန်းကလေးက တရုတ်လုပ်ငန်းမှာ စာရင်းအင်းမှတ်တဲ့ဝန်ထမ်းပါ။

ငွေ ၂၁သိန်း ကွာဟနေတဲ့အတွက် ၇သိန်းစီ သုံးရစ် ခွဲပေးရမှာကို မပေးနိုင်လို့ အတိုင်ခံရတာပါ။ လုပ်ငန်းရှင်က တရုတ်လူမျိုးလည်းဖြစ်တယ်၊ ဝန်ထမ်းဖြစ်သူက ဗမာမိန်းကလေးလည်းဖြစ် တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းတက်နေတဲ့အပြင် မိခင်မုဆိုးမကြီးကို လုပ်ကျွေးနေသူလည်းဖြစ်တယ်။ မိဘကလည်း အိမ်ငှားနေရသူဖြစ်တယ်။

ဒီအကြောင်းတွေကြောင့် စခန်းမှူးနှင့်လည်းဆက်သွယ် စခန်းကိုလည်း ဦးဇင်းတွေလွှတ်ပြီး အကျိုးအကြောင်း မေးခိုင်းခဲ့ပါတယ်။ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး ၁၈နှစ်အရွယ်ကျောင်းသူမိန်းကလေး အတိဒုက္ခမရောက်ရအောင် ကူညီဖို့ပါ။

ဒါပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ မိန်းကလေးကို ရဲစခန်းမှာ ထားရစ်ခဲ့ကာ မိသားစုကို သဟာယကျောင်းသို့ ခေါ်လာကြပါတယ်။
မိသားစုကို နှစ်သိမ့်အားပေးပြီး ပြန်လွှတ်လိုက်ပါပြီ။ ညဥ့်နက်နေလို့ မနက်ဖြန်မှပဲ နည်းလမ်းရှာကြမယ်လို့ ပြောလိုက်ရပါတယ်။

လုပ်ငန်းမကျွမ်းကျင်တာကြောင့် မနစ်နာသင့်ဘဲ နစ်နာရတဲ့မိန်းကလေးကို အချုပ်ခန်းကနေ ကယ်ထုတ်ကြဖို့ နည်းလမ်းရှာကြမှာပါ။ စခန်းမရောက်ခင် ကြိုတင်သိရရင် ကူညီနိုင်ပေမဲ့ လက်လွန်ခြေလွန်ဖြစ်မှ သိရတဲ့အတွက် ဒုက္ခမရောက်သင့်ပဲ ရောက်ခဲ့ရတာပါ။

တရုတ်ဆီမှာပဲဖြစ်ဖြစ် ကုလားဆီမှာပဲဖြစ်ဖြစ် အခြား တိုင်းရင်းသားမဟုတ်သူတွေထံမှာပဲဖြစ်ဖြစ် အလုပ်လုပ်ကြရတဲ့ တိုင်းရင်းသားဝန်ထမ်းမှန်သမျှ သတိဝီရိယ ရှိကြဖို့ပါ။ အမှုမကြီးခင် အစကတည်းက လာရောက်အကူအညီတောင်းလျှင် အခုလိုအဖြစ်ဆိုးမျိုး မကြုံရအောင် နည်းလမ်းရှာကူညီပေးလို့ရပါတယ်။

အဲဒီလိုကူညီလို့ ချမ်းသာရာရသွားတဲ့သူတွေ သက်သာရာရသွားတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မနစ်နာသင့်ဘဲ မနစ်နာရအောင် လူမျိုးခြားတွေထံမှာ အလုပ်လုပ်တဲ့ ရွှေမြန်မာတွေကို နီးစပ်ရာ အသိပေးထားစေလိုပါတယ်။

မဟနက ဒါမျိုးကို လူမှုရေးလို့ သတ်မှတ်ထားပေမဲ့ စာရေးသူတို့ကတော့ အမျိုးသားရေးလို့ပဲ ခံယူထားပါတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကို အပြည့်အဝ အကာအကွယ်ပေးဖို့ ဆန္ဒရှိပါတယ်။

အခုလိုမျိုး ကြုံရတဲ့သူတွေဟာ အမေ့သားသမီးတွေဖြစ်စေဦးတော့ သို့မဟုတ် အမျိုးသားရေးသမားတွေကို ဆန့်ကျင်ဘက် ပြုနေသူတွေ ဖြစ်စေဦးတော့ စေတနာမေတ္တာအပြည့်အဝနှင့် ကူညီဖို့ အသင့်ရှိကြောင်းပါခင်ဗျာ။

ဝီရသူ(မစိုးရိမ်)
29.11.2017
AM 00:28