သတင်း

“မျက်ရည်ယိုခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်ရည်ယိုခြင်းနှင့် ရွှေမျက်စဉ်း”

မျက်ရည်ယိုခြင်းကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
မန္တလေး၊ ချမ်းအေားသာစံမြို့နယ်၊ ဒေဝန်းရပ်ကွက်၊ မင်းကွန်းကျောင်းတိုက်၊ ဆရာတော်အရှင်တိလောက၏ မယ်တော် (မိခင်)သည် မျက်ရည်ယိုခြင်း ဝေဒနာခံစားနေရသည်မှာ ကြာမြင့်ခဲ့ပေပြီ။ မြို့တက်၍ ဆေးကုသော်လည်း သက်သာမှုမရှိပါ။ ဆရာတော်အရှင်တိလောက ရွာပြန်သွားသောအခါ အသက်ရှစ်ဆယ်ကျော်မိခင်အိုကြီးအား ရွှေမျက်စဉ်းပေးလှူလိုက်ပါသည်။ တစ်ခါခတ်ရုံနှင့် သိသာစွာ သက်သက်သွားပါသည်။ ရက်အနည်းငယ်အတွင်း အလျှင်းပျောက်ကင်း သွားပါသည်။ ဝက်လက်မြို့နယ်၊ လှတောကျေးရွာနေ အမယ်အိုကြီးကား ရွှေမျက်စဉ်းယူလာပေးသူ သားတော်မောင် အရှင်တိလောကကို ကျေးဇူးတင်မဆုံး ဖြစ်နေပါတော့၏။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ လူငယ်တစ်ဦးသည် မျက်ရည်ယိုကာ မျက်စိကိုက်လျက်ရှိ၏။ ဆေးခန်းလည်း သွား၏။ မျက်စဉ်းလည်း ခတ်၏။ သို့သော် မသက်သာပေ။ ဒေါ်ကြည်လှိုင်ဆိုသူ အဒေါ်ကြီးတစ်ဦးက ရွှေမျက်စဉ်းပေးခတ်ရာမှ အောင့်ခြင်း ကိုက်ခြင်းများနှင့်အတူ မျက်ရည်ယိုခြင်းပါ ပျောက်ကင်းသွားလေသည်။
အဆိုပါလူငယ်သည် ရွှေမျက်စဉ်းကို အမြဲမှီဝဲလို၍ မန္တလေး ဆေးဆိုင်များသို့ မေးဝယ်ရာ ရှာမရဟုဆို၏။ နောက်ဆုံးတွင် မျက်စဉ်းဒါနပြုသော အဒေါ်ကြီး ဒေါ်ကြည်လှိုင်ထံ ပြန်သွားပြီး “အဒေါ်ကြီးခတ်ခိုင်းတဲ့ မျက်စဉ်း အဒေါ်ကြီးပဲ ထပ်လှူဦး”ဟုဆိုကာ ဆိုင်တွေမှာ ရှာမရကြောင်း၊ ဝယ်ယူ၍ရမည်ထင်သောကြောင့် လိုက်ရှာခြင်းဖြစ်ကြောင်း၊ တောင်းရမည်ကိုအားနာ၍ လိုက်ဝယ်ခြင်းဖြစ်ကြောင်း ပြောပြမှ သိရလေ၏။

အဆိုပါလူငယ်သည် ယခင်က နေရင်းထိုင်ရင်း မျက်ရည်များ တစ်ပေါက်ပေါက်ကျသည်ဆို၏။ ယခုမူ ရွှေမျက်စဉ်းတန်ခိုးကြောင့် အလျှင်းပျောက်ကင်းသွားပေပြီ။

မန္တလေးမြို့၊ နွယ်သာကီပရဟိတအသင်းမှ ဒေါ်နွယ်နီသည် မျက်ရည်ယိုခြင်းနှင့် မျက်စိနီခြင်းရောဂါဝေဒနာများ ခံစားနေရသည်မှာ ကြာပါပြီ။ မျက်စိနီလာလျှင် “မျက်လုံးကြီး ပြူးပြီး ထွက်လာသလို ထင်ရပြီး တအားအောင့်သည်”ဟု ဆိုပါသည်။
နေပူထဲသွားလျှင် မျက်ရည်အမြဲကျပါသည်။ မျက်ရည်ကျမည်စိုး၍ နေကာမျက်မှန်အမဲကြီး အမြဲတပ်၍ ခရီးသွားရပါသည်။

ရွှေမျက်စဉ်းလက်ဆောင်ရသည့်အခါ စမ်းသပ်ခတ်ကြည့်ပါသည်။ မျက်စိများ ပြန်ရဲလာသလို ယားယံပူစပ်မှုလည်း တိုးလာသဖြင့် မျက်စဉ်းဆရာကို မေးကြည့်ရာ အနီမပျောက်မချင်း ဆက်ခတ်ဟု ဆိုသဖြင့် ဆက်ခတ်သည့်အခါ နှစ်ဘူးအကုန်တွင် မျက်စိနီခြင်း၊ မျက်ရည်ယိုခြင်း၊ နေရောင်ကြောက်ခြင်း လုံးဝ မဖြစ်တော့ပေ။

အစ ပထမပိုင်းတွင် ဆေးနှင့်ရောဂါ ထိတွေ့မှုဖြစ်နေသဖြင့် ဝေဒနာများ ခံစားရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆေးကအနိုင်ရသွားသဖြင့် ရောဂါပျောက်ကင်းသွားခြင်း ဖြစ်ပါသည်။
ရွှေမျက်စဉ်းသည် မျက်စိ၌ ရောဂါရှိလျှင် ကိုယ်တိုင်ဖော်ထုတ်ပြီး ကုသပေးတတ်ပါသည်။
“ခတ်ခါစတုန်းက မသိသာဘူး၊ နှစ်ဘူးကုန်မှ သိသာတာ”ဟု ဆိုပါသည်။

ယခုအခါ ဒေါ်နွယ်နီသည် ရွှေမျက်စဉ်းအမြဲမှီဝဲသလို ရွှေမျက်စဉ်းဘူးကို ပိုက်ဆံအိတ်ထဲထည့်ကာ သွားလေရာ အမြဲယူသွားလေ့ရှိပါသည်။

ခင်ဦးမြို့နယ်၊ သရက်ကုန်းစံပြကျေးရွာနေ အဖွားဒေါ်တင်လှိုင် (၈၄)နှစ်သည် မျက်စိနှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူထားသော်လည်း မျက်ရည်အမြဲယိုနေပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပသော သက်ကြီးပူဇော်ပွဲမှ ရွှေမျက်စဉ်း ရရှိခဲ့ပါသည်။ ရက်ပိုင်းအတွင်းမှာပင် မျက်ရည်ယိုခြင်း ပျောက်ကင်းသွားပါသည်။

“မျက်စိခွဲထားလို့ မျက်ရည်ယိုလို့ အဲဒီမျက်စဉ်းခတ်တာ မျက်ရည်မယိုတော့ဘူး။ မျက်စိလည်း ကြည်တယ်။ အကုန်ကောင်းတယ်။”ဟု ဆိုပါသည်။

ယခုနှစ် ဒီဇင်ဘာလတွင် သက်ကြီးပူဇော်ပွဲကျင်းပတော့မည်ဖြစ်သဖြင့် ဆရာတော်ဦးဝါသဝအား အဖွားတော်တင်လှိုင်မှ ဖုန်းဆက်၍ မျက်စဉ်းမှာလေတော့၏။

“တပည့်တော်တို့ ရချင်ပါတယ်ဘုရား။ ကောင်တယ်။ အဲဒီမျက်စဉ်းကို”ဟု လျှောက်ထားခြင်း ဖြစ်ပါသည်။

၎င်း၏ အမျိုးသားဖြစ်သူ ဦးညွန့်အောင်လည်း မျက်စဉ်းခတ်သည်ဟု ဆိုပါသည်။
“တပည့်တော်တို့ နှစ်ယောက်လုံး ခတ်တာဘုရား ဘိုးညွန့်အောင်ရော။”ဟု လျှောက်ထားခြင်း ဖြစ်ပါသည်။

၎င်းရွာမှ အသက် ၇၇ နှစ်အရွယ် အဖိုးဦးမန်းသည်လည်း သက်ကြီးပူဇော်ပွဲမှ ရရှိလာသော ရွှေမျက်စဉ်းခတ်ဖြင့် မျက်စိယားခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်မျှင်တန်းခြင်းများ ပျောက်ကင်းသွားပါသည်။

“မျက်မျှင်တန်းတာလည်း ပျောက်တယ်။ မျက်ရည်ယိုတာလည်း ပျောက်တယ်။ ယားတာလည်း မပေါ်တော့ဘူး။”ဟု ဆိုပါသည်။

ရွှေမျက်စဉ်းသည် မျက်စိနီခြင်းနှင့် မျက်ရည်ယိုခြင်းများကို အလျှင်းပျောက်ကင်းစေသည့် မြန်မာ့သဘာဝဆေးစွမ်ကောင်းတစ်လက်ဖြစ်ကြောင်း အာမခံနိုင်ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်၊ မိုင်းရယ်မြို့နယ်၊ နားဟုတ်ရွာနေ ဦးလုံးထွန်းသည် တောင်သူတစ်ဦးဖြစ်ပါသည်။ ၎င်းသည် မျက်စိအမြင်အားနည်၍ အဝေးကြည့်မျက်မှန် ပါဝါ ၁၅၀ တပ်ထားရပြီး မကြာမကြာ မျက်ရည်ယိုတတ်သည့် ရောဂါရှိပါသည်။

တစ်နေ့မှာ ရွှေမျက်စဉ်း လက်ဆောင်ရရှိ၍ အိပ်ရာဝင် စမ်းခတ်ကြည့်ရာ မနက်လင်း အိပ်ရာထသည့်အခါ အမြင်ကြည်လင်ပြီး ယခင်က ဝါးတားတားလောက် မြင်ရသည့်အရာများနှင့် မျက်မှန်တပ်မှ ဖတ်လို့ရသည့် အဝေးစာလုံးများကို မျက်မှန်မပါဘဲ ရှင်းရှင်းလင်းလင်း မြင်ရသည်ဟု ဆိုပါသည်။

မနက်တစ်ကြိမ်ထပ်ခတ်ကာ တနေ့လုံး မျက်ရည်ယိုခြင်းလည်း မရှိတော့ဘူးဟု ဆိုပါသည်။
“မျက်စဉ်းက တော်တော်ကောင်းတယ်။ နှစ်ဘူးလောက်ခတ်လိုက်ရင် မျက်မှန်လွတ်မယ့်သဘောရှိတယ်။ အမြင်ပိုကြည်ပြီး မျက်ရည်လည်းမယိုတော့ နေရထိုင်ရတာ တော်တော်အဆင်ပြေတယ်။ လိုသလောက် ဝယ်လို့ရရင် သိပ်ကောင်းမှာ”ဟု ပြောပါသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး၌ လေဖြတ်ခံစားရသည့် ဒုက္ခိတအဘိုးအိုတစ်ဦး တောင်ဝှေးနှင့် လမ်းလျှောက်နေသည်ကို တွေ့ရသဖြင့် ဆရာတော်က ကျန်းမာရေးအကြောင်း မေးမြန်းစုံစမ်းသည့်အခါ ညာဘက်မျက်လုံးတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှံနေပြီး မျက်ရည်များက မျက်လုံးကို ဝိုင်းကြီးပတ်လည် စီးမျောနေသလို အောက်သို့ယိုစီးကျနေသည်ကလည်း စမ်းချောင်းလေးအသွင် ဆောင်နေပေ၏။

ထိုအခါ ဆရာတော်က “လာ မျက်စဉ်းရှိတယ်။ ခတ်ပေးမယ်”ဟုဆိုကာ ချက်ချင်းမျက်စဉ်းခတ်ပေးလိုက်ပါသည်။ အဖိုးကြီးခမျာ စပ်လွန်းသဖြင့် ကလေးငယ်တစ်ဦးလို အော်ဟစ်နေပေသည်။ “အမေ့ .. အမလေး .. အား.. စပ်တယ် စပ်တယ်”စသည်ဖြင့် အသက်ခြောက်ဆယ်ကျော်အရွယ် အဖိုးအိုကြီးက ကလေးတစ်ယောက်လို အော်ဟစ်နေသည်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်းပင် ဖြစ်ပါသ