သတင်း

“တိမ်ရောဂါနှင့် ရွှေမျက်စဉ်း”

“တိမ်ရောဂါနှင့် ရွှေမျက်စဉ်း”
ရွှေမျက်စဉ်းသည် မျက်ကြည်နာနှင့် တိမ်ရောဂါကိုပါ သက်သက်ပျောက်ကင်းစေပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်မှ အကျဉ်းသားတစ်ဦးသည် မျက်စိတိမ်ရောဂါ စွဲကပ်နေပါသည်။ ထောင်မကျခင်ကတည်းက ဖြစ်ပွားခဲ့သည့် ရောဂါဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် ဆေးမကုဘဲ နေခဲ့ပါသည်။ ထောင်ရောက်သည့်အခါ ပိုဆိုးလာသဖြင့် ထောင်ဆေးခန်းကို ပြပါသည်။ ထိုအချိန်၌ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဆေးရုံများ ပိတ်ထားရသဖြင့် ဆေးရုံထုတ်ကုသခွင့် မရခဲ့ပါ။

ရွှေမျက်စဉ်းခတ်ကြည့်ရာ ပထမတစ်ကြိမ်ခတ်ရုံနှင့် အတော်ထူးခြားသည်ဟု ဆိုပါသည်။ ၎င်းသည် တစ်နေ့လျှင် ပုံမှန်လေးကြိမ်တိတိ ခတ်လေ့ရှိပါသည်။ လေးရက်မြောက်နေ့တွင် ပျောက်ကင်းစပြု လာသည်ကို တွေ့ရှိရပါသည်။ ယခင်က ဘယ်ဘက်မျက်စိသည် ရှေ့တည့်တည့်ကို ရေးရေးသာ မြင်ရပါသည်။ ယခုအခါ ရှင်းရှင်းလင်းလင်း မြင်ရပါပြီ။ ယခင်က ဘယ်ဘက်မျက်စိ ဘယ်ဘက်ဘေးသည် လုံးဝ မမြင်ရပါ။ ယခုသော် ရေးတေးတေး မြင်ရနေပါပြီ။ မျက်စဉ်းယူလာပေးသော အကျဉ်းသားလေးကို တွေ့လျှင် အမြဲလက်မထောင်ပြတတ်သလို လက်ဆွဲနှုတ်ဆက်၍ ကျေးဇူးစကား ဆိုလေ့ရှိပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာ၊ ဈေးကုန်းရပ်ကွက်နေ အသက် ၆၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် မျက်စိနှစ်ဖက်လုံး တိမ်ဖုံးနေသဖြင့် အမြင်အာရုံ ချွတ်ယွင်းနေပါသည်။ သီလရှင်ဆရာလေးတစ်ပါးက လက်ဆောင်ပေးသည့် ရွှေမျက်စဉ်းကို စမ်းခတ်ကြည့်ရာ ထူးခြားသည်ထင်၍ ပုံမှန်ခတ်လေ့ရှိပါသည်။ ၂၀စီစီ တစ်ဘူးကုန်သည့်အခါ နှစ်ဖက်လုံး မှုံပြပြလေး မြင်လာရသည်ဟု ဆိုပါသည်။ ဆယ်ဘူးကုန်အောင်ခတ်လျှင် အလျှင်းမြင်ရလိမ့်မည်ဟု ယုံကြည်နေပါသည်။ သီလရှင်ဆရာလေးထံ ထပ်မံအလှူခံရာ ၅ဘူးရသည်ဟု ဆိုပါသည်။ ယခုအခါ ဆက်လက်ခတ်လျက် ရှိပါသည်။

တောရဆောက်တည်နေသော ဆရာတော်တစ်ပါးထံ ကြောင်နက်မကြီးတစ်ကောင် အမြဲရောက် လာလေ့ရှိပါသည်။ အစာကျွေးထားသဖြင့် ယဉ်ပါးနေသည့် ကြောင်မကြီးကို ပွေ့ချီကြည့်ရာ မျက်စိနှစ်ဘက်လုံး တိမ်စွဲနေသည်ကို တွေ့ရပါသည်။ တစ်ဖက်က ထိခိုက်မိထားသဖြင့် ကားမှန်ကြေသလို တွန့်လိပ်ကြေအက်နေပါသည်။ တစ်ဖက်က မီးခြစ်ဆံခေါင်းလောက် အစက်အပျောက်လေး ဖြစ်နေပါသည်။ မျက်စဉ်းခတ်ပေးရာ မျက်ကြည်နာလိုလို တိမ်လိုလို အစက်အပျောက်လေး အလျှင်းပျောက်ကင်းသွား ပါသည်။ ထိခိုက်မိထားသော မျက်လုံးတစ်ဖက်သည်လည်း တစ်ဖြည်းဖြည်း အရောင်ပြန်ထွက်လာကာ ဇီးဖြူသီးအရောင်မှ ဖန်ပေသီးအရောင်အဆင့်သို့ ရောက်ရှိလာပါသည်။ မျက်စိပျက်စီးသွားသဖြင့် လုံးဝ မမြင်ရတော့သော်လည်း မျက်စိဘေးပတ်ပတ်လည် နှုတ်ခမ်းသားများ အရောင်တောက်ပလာသည်ကို တွေ့ရပါသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရနန္ဒာရပ်ကွက်နေ ဒေါ်မြင့်မြင့်ကြည်သည် မျက်စိတိမ်စွဲနေ ပါသည်။ တစ်ဖက်ကို ဆေးရုံသို့သွား၍ ခွဲစိတ်ကုသနိုင်ခဲ့သော်လည်း အခြားတစ်ဖက်ကိုမူ ကုသခွင့် မရတော့ပါ။ အကြောင်းမှာ ကိုဗစ်ကာလ ဆေးရုံများ ပိတ်ထာသောကြောင့် ဖြစ်ပါသည်။

ရွှေမျက်စဉ်းစမ်းခတ်ကြည့်ရာ မျက်ဝတ်များ ထူထဲစွာ ထွက်လာသည်ကို တွေ့ရပါသည်။ ခွဲစိတ်ထားသော တစ်ဖက်ကိုမခတ်ဘဲ မခွဲစိတ်ရသေးသည့် တစ်ဖက်ကိုသာ ခတ်သော်လည်း မျက်ဝတ်များသည် မျက်စိနှစ်ဖက်စလုံးမှ တင်းကြမ်းထွက်လာသည်ကို တွေ့ရှိရပါသည်။ ဆက်လက် ခတ်ကြည့်ရာ မြင်ရလိုက် မမြင်ရလိုက် မှုံလိုက် ဝါးလိုက်၊ ကြည်လိုက် မကြည်လိုက်၊ ရှင်းလိုက် မရှင်းလိုက် မကြာခဏဖြစ်သည်ဟု ဆိုပါသည်။ ယခုအချိန်ထိ မျက်စဉ်းခတ်နေပြီး အလျှင်းမပျောက်ကင်းသေး သော်လည်း ခွဲစိတ်လောက်အောင်ကား ရောဂါမရှိတော့ပါ။ ကြည့်ရှု၍ ရရှိနေပြီ ဖြစ်ပါသည်။

ပဲခူးတိုင်း၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်နေ မရှမ်း (၄၇)နှစ်သည် ညာဘက်မျက်လုံး၌ တိမ်စွဲသည့်ရောဂါ ခံစားနေရသူ ဖြစ်ပါသည်။

တစ်နေ့သော် ၎င်း၏အမျိုးသားဖြစ်သူမှ ရွှေမျက်စဉ်းလက်ဆောင်ရခဲ့၍ စမ်းခတ်ကြည့်ရာ ထူးထူးခြားခြားသက်သာသည်ကို တွေ့ရှိရသဖြင့် သုံးကြိမ်ဆက်တိုက်ခတ်ကြည့်ရာ ခွဲစိတ်ရန်အထိ စီစဉ်ထားသည့်တိမ်ရောဂါများ အကောင်းပကတိအတိုင်း အရှင်းပျောက်ကင်းသွားသည်ဟု ဆိုပါသည်။

သို့ဖြစ်၍ မျက်စိတိမ်ရောဂါဝေဒနာများကိုလည်း ရွှေမျက်စဉ်းက သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဆက်သွယ်ရန်
ဒေါ်သီတာအေး 09-2004013
ဒေါ်နီလာမြင့် 09-259504851