သတင်း

ဝိပဿနာသမားနဲ့ နိုင်ငံရေး

 

စာရေးသူ မော်စကိုမှပြန်လာကာစ မင်းဘူးမြို့မှာ တရားဟောဖူးတယ်။ မိုးကုတ်ဝိပဿနာရိပ်သာမှာ တည်းခိုတယ်။ အားလုံးက ပျူပျူငှာငှာပါပဲ။ နောက်တစ်ခေါက်ရောက်တော့ ရွေးကောက်ပွဲနီးနေပြီ။ ခါတိုင်းလိုပဲအောက်မေ့ပြီး မိုးကုတ်ဝိပဿနာရိပ်သာမှာ ခဏနားလိုက်တယ်။

ဓမ္မကထိကနားနေဆောင်မှာ မဟုတ်ဘဲ သီလရှင်ဆရာလေးများ အဆောင်မှာ နေ့ဆွမ်းစားရတယ်။ အခြေအနေအကဲခတ်ကြည့်တော့ မဟန်မှန်းသိလိုက်တယ်။ ဒါပေမဲ့ သီလရှင်ဆရာလေးကိုအားနာလို့ ဘာမှမပြောဖြစ်ခဲ့ဘူး။ လာတာကလည်း ရေဘေးကယ်ဆယ်ရေးလာတာပါ။

ရေဘေးကယ်ဆယ်ရေးစခန်းရောက်တော့မှသိရတယ်။ ဝီရသူဆို လက်မခံဘူးဆိုပဲ။ ဒါကြောင့် ပွင့်ဖြူမှာပဲအိပ်ပါတော့လို့ ဆရာလေးက ဖုန်းဆက်တာပါ။ စာရေးသူကလည်း ပြန်လာမအိပ်ချင်ဘူး။ ဒါပေမဲ့ ဆရာလေးကိုအားနာလို့ ဖွင့်မပြောခဲ့တာပါ။
မိုးကုတ်ဝိပဿနာရိပ်သာ အကြောင်းပြချက်က ဝီရသူက ထောင်ထွက်ဘုန်းကြီးဖြစ်လို့ပါတဲ့။

ဒါဆိုရင် ၂၀၁၂ တုန်းက ဘာလို့ လိုလိုလားလားပင့်ဖိတ်ကြတာလဲ? နောက်တော့ အကြောင်းပြချက်ပြောင်းသွားတယ်။ ဝီရသူက နိုင်ငံရေးဘုန်းကြီးဖြစ်နေလို့တဲ့။ စာရေးသူ အမျိုးသားရေးတရားစတင်ဟောကြားတော့ ဝိပဿနာသမားတစ်ချို့က ကုလားလည်း ရုပ်နဲ့နာမ် ဗမာလည်းရုပ်နဲ့နာမ်လို့ ဆိုကြပါတယ်။

ဒါကြောင့် အမျိုးသားရေးတရားကို လက်မခံကြပါ။ အခုကျတော့ နိုင်ငံရေးသွေးဝင်သွားကြပါပြီ။ နိုင်ငံရေးသွေး ဝင်သွားတော့ ဘုန်းကြီးလည်းရုပ်နဲ့နာမ် လူလည်းရုပ်နဲ့နာမ်လို့ မမြင်ကြတော့ပါဘူး။ ဒါကြောင့် ဘုန်းကြီးကိုတောင် တည်းခိုခွင့်မပေးတာ ဘုန်းကြီးကို ရန်သူလိုသဘောထားပြီး တိုင်ကြ တောကြ တာတွေ တွေ့နေရတာပေါ့။

အတိုင်အတောထူကြတဲ့အထဲမှာ အနက်ပြီးရင် အနီပဲ။ ဝိပဿနာသမားတွေဖြစ်နေပြီး တစ်ဖက်သက်ရပ်တည်တာဟာ ဘယ်လိုမှမလိုက်ဖက်ပါ။ မိုးကုတ်ဝိပဿနာ ခေါင်းစဉ်အောက်ကနေပဲ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးတွေကို ပစ်မှားနေကြတဲ့ ဓမ္မကထိကတွေ စစ်သားမကောင်းကြောင်း စစ်သားမုန်းတီးရေးဟောကြားနေကြတဲ့ ဓမ္မကထိကတွေ ပုံလို့ ပုံလို့ပါပဲ။

အဲဒါတွေကျ တစ်ခွန်းတစ်ပါဒမျှ မဟပဲ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအရ လိုအပ်တဲ့ဥပဒေတွေကို မပြင်ဆင်မိကြဖို့ မဖျက်ဆီးပစ်ကြဖို့ ဟောတဲ့သူကိုတော့ ကန့်သတ်တာတွေ ပိတ်ပင်တာတွေ လုပ်ကြတယ်ဆိုလို့ ဝိပဿနာသမားတွေကိုမေးချင်တယ် တရားသမားက မတရားလုပ်တဲ့သဘောလား?

တကယ်တော့ မြန်မာပြည်ရဲ့သာသနာဟာ မျက်နှာကြီးရာ ဟင်းဖတ်ပါ ပါ။ ဒကာဒကာမ မလှူမတန်းမှာကြောက်ပြီး အလိုလိုက်နေရတဲ့ ဝိပဿနာသမားတွေများပါတယ်။ နောင်တော်ကြီးဦးသုနန္ဒရေ ဘာမှမပူပါနဲ့ မုဆိုးမတိုင်းပြည်မှာ နေမှတော့ မဟနရဲ့ အမိန့်ကိုသာ ဆက်လက် စောင့်မျှော်ဖို့သာ ကြိုးစားပေတော့။


ဝီရသူ(မစိုးရိမ်)
15.6.2017
PM 11:57