သတင်း

ဇွဲကပင် မဘသ အောင်ပွဲ(၃)

နယုန်လပြည့်ကျော် ၂ ရက် 11.6.2017 ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ဆရာတော်ကြီးသီတင်းသုံးရာ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ဇွဲကပင် မဘသ အောင်ပွဲအခမ်းအနားမှာ WE LOVE WIRATHU လက်မှတ်ကမ်ပိန်း စတင်လှုပ်ရှားပါတယ်။

ဦးဆောင်သူကတော့ အညတြကပ္ပိယကြီးကိုသူရိန်(မြဝတီ)နှင့် ဝံသာနုရက္ခိတမောင်မယ်များဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနေကြတဲ့ တိုင်းရင်းသူ တိုင်းရင်းသား ရဟန်းရှင်လူပြည်သူများကို တွေ့ရတာ အင်မတန်မှ အားရှိပါတယ်။ ဒကာမြင့်ဇော်က တိုက်ရိုက်လွှင့်ပေးနေပါတယ်။

Fb ပရိသတ်ကြီး တိုက်ရိုက်ကြည့်ရှု့ခွင့်ရပြီး မိမိတို့မြို့နယ်အသီးသီးမှလည်း ဒီလိုလက်မှတ်ထိုးပွဲလေးတွေ ကျင်းပချင်စိတ်ပေါ်လာကြောင်း သိရပါတယ်။

လက်မှတ်ပေါင်း လေးထောင်ကျော် ငါးထောင်နီးပါး ရရှိပါတယ်။ ငွေပေးထိုးခိုင်းခြင်း သြဇာပေး၍ထိုးခိုင်းခြင်း၊ လက်ခုပ်တီးခေါ်ထိုးခိုင်းခြင်း၊ လက်ကိုင်ဟွန်းနှင့်ဟစ်အော် ထိုးခိုင်းခြင်း၊ လှည့်စားထိုးခိုင်းခြင်း၊ မတရားထိုးခိုင်းခြင်း စတဲ့ မသမာမှုတွေလုံးဝမပါဘဲ အမျိုးသားရေးစိတ်ဓာတ် တစ်ခုတည်းနှင့် ယုံကြည်မှုအပြည့်အဝနဲ့ အားရပါးရ စိတ်တိုင်းကျ ထောက်ခံကြတဲ့ပွဲကြီးပါ။ ပျော်စရာကောင်းပါတယ်။

ကရင်ပြည်နယ် မဘသ ဦးဆောင်ဆရာတော်များ သံဃာတော်များ ညီတော်နောင်တော်များ တိုင်းရင်းသူ တိုင်းရင်းသားများ မျိုးချစ်ဇာနည်များ အားလုံး အားလုံးကို အထူးကျေးဇူးတင်လျက်ရှိပါကြောင်း။


ဝီရသူ(မစိုးရိမ်)
16.6.2017
PM 9:57