သတင်း

လေးမိုင် အထကသို့ အလည်တစ်ခေါက်

14.7.2017 မနက် ၁၀း၀၀ နာရီ ရခိုင်ပြည်နယ် မောင်တောမြို့ လေးမိုင်ရပ်ကွက် အထက်တန်းကျောင်းသို့ ရောက်ရှိပါတယ်။
ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံပြီး အကျိုးအကြောင်းပြောပြပါတယ်။

ကျောင်းအုပ်ဆရာမကြီးက အားလုံးစီစဉ်ပေးပါတယ်။ ဆရာ ဆရာမများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။
မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၉၀၀ ကျော်ရှိပါတယ်။

တစ်တန်းချင်း တစ်ခန်းချင်း တန်းစီပေးပါတယ်။ လေးမိုင် အထကကျောင်းမှာတော့ တိုင်းရင်းသားလည်းစုံပါတယ်။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားလည်း စုံပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ ဘာသာပေါင်းစုံမှ ကျောင်းသူကျောင်းသားများကို တွေ့ရပါတယ်။

မုန့်ဖိုးတစ်ယောက် နှစ်ရာကျပ်စီနှင့် ယောက်ျားလေးများအား ကော်ဖီမစ်နှစ်ထုပ်စီ မိန်းကလေးများအား လိပ်ပြာရုပ် နေကြာရုပ် ဆံကုပ် ဆံညှပ် ကလစ်လေးတွေ လက်ဆောင်ပေးပါတယ်။

ကျောင်းသူကျောင်းသားများနှင့်အတူ ဆရာ ဆရာမတွေလည်း ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဆရာ ဆရာမတွေအတွက်လည်း FM လေဒီယိုတစ်လုံးစီအပြင် အခြားလက်ဆောင်များလည်း ပေးခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေနှင့် ဆရာ ဆရာမတွေကို ပေးကမ်းလှူဒါန်းရတာလည်း ပျော်စရာတစ်မျိုးပါပဲ။