ထုုတ္ျပန္ေၾကညာခ်က္သတင္း

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာင္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း သေဘာထားထုတ္ျပန္ခ်က္

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာင္ေရး

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း သေဘာထားထုတ္ျပန္ခ်က္

ယခုေလာေလာဆယ္ ျမန္မာျပည္ေအာက္ပိုင္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတုိင္းေဒသႀကီး ေဒသမ်ား၌ ေရေဘးဒုကၡမ်ားႏွင့္ ႀကဳံေတြ႔ေနၾကရသည္။ ထုိကဲ့သုိ႔ ေရေဘးဒုကၡေရာက္ေနသူမ်ားကို သက္ဆုိင္ရာ ေဒသအသီးသီးရွိ မဘသ/ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ဝင္ ရဟန္းရွင္လူမ်ားသည္ ကိုယ္ပိုင္ တႏိုင္တပိုင္ျဖစ္ေစ၊ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ျဖစ္ေစ စြမ္းႏိုင္သေလာက္ ကူညီေထာက္ပံ့ၾကပါဟု ႏႈိးေဆာ္တုိက္တြန္းပါသည္။ ေရေဘးဒုကၡေရာက္ေနသူမ်ားအား တပ္မေတာ္အပါအဝင္ လက္ရွိကူညီကယ္တင္ေနသူမ်ားကိုလည္း အထူးေက်းဇူးတင္ ဂုဏ္ယူဝမ္းေျမာက္ပါသည္။

အျခားေသာ ျမန္မာျပည္ေဒသမ်ား၌လည္း ေရႀကီးေရလွ်ံစေသာ အႏၲရာယ္မ်ား ႀကဳံလာႏိုင္သျဖင့္ လုပ္သင့္လုပ္ထုိက္သည့္ ႀကဳိတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားသင့္ပါသည္။ သို႔မွသာ ႀကဳံေတြ႔ရမည့္အေျခအေနအရပ္ရပ္ကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္လႊားႏိုင္မည္ျဖစ္ပါေၾကာင္း ပုေဗၺစ ကတပုညတာ မဂၤလာပင္ ျဖစ္သည္။

ယခင္ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုႏွစ္ ေရေဘးဒုကၡတုန္းကလည္း မဘသ/ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ဝင္မ်ား၊ တာဝန္သိသူ ေစတနာရွင္မ်ား၏ ဝိုင္းဝန္းကူညီမႈေၾကာင့္ ဒုကၡသည္မ်ား၏ လိုအပ္ခ်က္မ်ားကို ထုိက္သင့္သေလာက္ ျဖည့္ဆည္းေပးႏုိင္ခဲ့သည္မွာ သိန္းေပါင္း ေသာင္းေက်ာ္ အထိပင္ရွိခဲ့ပါၿပီ။

ထုိ႔အတူ ယခုႏွစ္မွာလည္း

(က) သက္ဆိုင္ရာေဒသအသီးသီးရွိ  မဘသ/ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ဝင္မ်ား၊  မဘသ/ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ဝင္မ်ားႏွင့္ သက္ဆုိင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ အႏၲရာယ္မႀကဳံမီ ႀကဳိတင္ျပင္ဆင္ျခင္း၊ အႏၲရာယ္ႀကဳံေနသူမ်ားကိုလည္း ဝိုင္းဝန္းကူညီေထာက္ပံ့ျခင္းတုိ႔ကို ျပဳလုပ္ထားသင့္ပါေၾကာင္း၊

(ခ) ေစတနာရွင္မ်ားလည္း ဒုကၡေရာက္ေနသူမ်ားထံ ကိုယ္တုိင္သြား၍ျဖစ္ေစ၊ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို)ႏွင့္တကြ သက္ဆုိင္ရာေဒသရွိ  မဘသ/ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းမ်ားႏွင့္ ဆက္သြယ္၍ျဖစ္ေစ၊ တာဝန္ယူေဆာင္ရြက္ေနၾကေသာသူမ်ားႏွင့္ ဆက္သြယ္၍ျဖစ္ေစ လွဴဒါန္းႏိုင္ပါေၾကာင္း

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို)မွ သေဘာထားထုတ္ျပန္ေၾကညာလိုက္သည္။

ဗဟိုသို႔ ဆက္သြယ္လိုလွ်င္ 09799937857 (ေဒါက္တာေသာပါက)၊ 09255719969 (ျမနန္းဆရာေတာ္)

စာအမွတ္ ။  ၀၀၁၆/စီမံ-ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း/ ၂၀၁၈

ေန႔စြဲ ။ ၁၃၈၀ ျပည့္ႏွစ္၊ ဒုတိယဝါဆိုလျပည့္ေက်ာ္ ၂ ရက္၊ (ဇူလိုင္လ ၂၉၊ ၂၀၁၈) တနဂၤေႏြေန႔။

ဦးေဆာင္တာဝန္ခံနာယကမ်ား

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းႀကီး

 

အမျိုးဘာသာ သာသနာစောင့်ရှောင်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ချက်

ယခုလောလောဆယ် မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ဒေသများ၌ ရေဘေးဒုက္ခများနှင့် ကြုံတွေ့နေကြရသည်။ ထိုကဲ့သို့ ရေဘေးဒုက္ခရောက်နေသူများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မဘသ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ကြပါဟု နှိုးဆော်တိုက်တွန်းပါသည်။ ရေဘေးဒုက္ခရောက်နေသူများအား တပ်မတော်အပါအဝင် လက်ရှိကူညီကယ်တင်နေသူများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။

အခြားသော မြန်မာပြည်ဒေသများ၌လည်း ရေကြီးရေလျှံစသော အန္တရာယ်များ ကြုံလာနိုင်သဖြင့် လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။ သို့မှသာ ကြုံတွေ့ရမည့်အခြေအနေအရပ်ရပ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပင် ဖြစ်သည်။

ယခင် ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် ရေဘေးဒုက္ခတုန်းကလည်း မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ တာဝန်သိသူ စေတနာရှင်များ၏ ဝိုင်းဝန်းကူညီမှုကြောင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင်ခဲ့သည်မှာ သိန်းပေါင်း သောင်းကျော် အထိပင်ရှိခဲ့ပါပြီ။

ထို့အတူ ယခုနှစ်မှာလည်း
(က) သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အန္တရာယ်မကြုံမီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကြုံနေသူများကိုလည်း ဝိုင်းဝန်းကူညီထောက်ပံ့ခြင်းတို့ကို ပြုလုပ်ထားသင့်ပါကြောင်း၊
(ခ) စေတနာရှင်များလည်း ဒုက္ခရောက်နေသူများထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှင့်တကွ သက်ဆိုင်ရာဒေသရှိ မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းများနှင့် ဆက်သွယ်၍ဖြစ်စေ၊ တာဝန်ယူဆောင်ရွက်နေကြသောသူများနှင့် ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ဗဟိုသို့ ဆက်သွယ်လိုလျှင် 09799937857 (ဒေါက်တာသောပါက)၊ 09255719969 (မြနန်းဆရာတော်)

စာအမှတ် ။ ၀၀၁၆/စီမံ-ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/ ၂၀၁၈
နေ့စွဲ ။ ၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက်၊ (ဇူလိုင်လ ၂၉၊ ၂၀၁၈) တနင်္ဂနွေနေ့။

ဦးဆောင်တာဝန်ခံနာယကများ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး