Daily Archives: July 29, 2018

ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးဘာသာ သာသနာစောင့်ရှောင်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ချက်

အမျိုးဘာသာ သာသနာစောင့်ရှောင်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ချက် ယခုလောလောဆယ် မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ဒေသများ၌ ရေဘေးဒုက္ခများနှင့် ကြုံတွေ့နေကြရသည်။ ထိုကဲ့သို့ ရေဘေးဒုက္ခရောက်နေသူများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မဘသ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ကြပါဟု နှိုးဆော်တိုက်တွန်းပါသည်။ ရေဘေးဒုက္ခရောက်နေသူများအား တပ်မတော်အပါအဝင် လက်ရှိကူညီကယ်တင်နေသူများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အခြားသော မြန်မာပြည်ဒေသများ၌လည်း ရေကြီးရေလျှံစသော အန္တရာယ်များ ကြုံလာနိုင်သဖြင့် လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါသည်။ ...
သတင်း

ဝါဆိုလပြည့် သီလပွဲ

ဒုတိယဝါဆိုလပြည့်နေ့ 27.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံစင်တာ မြေညီထပ်မှာ ကျင်းပပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်း သီလပွဲတရား ဟောကြားလာတာ လေးနှစ်မြောက်ရှိပါပြီ။ သစ်သီးတန်းမှ ဦးတိုးတိုး+ဒေါ်သီသီဆွေ မိသားစုတို့က သီလပွဲကုသိုလ်ရှင်အဖြစ် တာဝန်ယူထားတာပါ။ ဦးတိုးတိုး+ဒေါ်သီသီဆွေမိသားစုက သတ္တိကောင်းပါတယ်။ တရားပွဲအပိတ်ခံထားရတဲ့အချိန်မှာတောင် သီလပွဲအပျက်မခံပါဘူး။ ဒီနှစ်မှာတော့ တရားဟောခွင့်ပြန်လည်ရရှိလို့လား မသိ။ ဥပုသ်ယူ တရားနာတဲ့သူတွေ များပြားလာပါတယ်။ အရိယာဥပုသ်အကြောင်း ဟောကြားခဲ့ပါတယ်။ ၁။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။ သူ့အသက်ကိုသတ်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။ ၂။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။ သူ့ဥစ္စာကိုခိုးခြင်းမှ လုံးဝရှောင်ကြဉ်ရ။ ၃။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၃၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမေရိကန်နိုင်ငံ၊ လောစ်အင်္ဂျလီမြို့၊ ပါရမီဘုန်းတော်ကြီးကျောင်း ဦးပညာဒီပ(ဆိပ်ဖြူ)နှင့် တပည့်ဒကာ ဒကာမများလှူဒါန်းသော အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ (ဒေါ်လာတစ်ထောင်)ကို ဒေါ်သောင်းသောင်းမြင့်မှ လှူဒါန်းစဉ်။ (28.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ ...